ဩစတြေးလျမှ  Group of Eight တက္ကသိုလ်တို့သည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀ဝ) စာရင်းဝင်သည်။ နိုင်ငံတကာ ကျောင်းသားကျောင်းသူများအတွက် အေးချမ်းလုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ဖြစ်ခြင်း၊ အင်္ဂလိပ်စာ အရည်အသွေးကို အမြန်ဆုံးတိုးတက်ရန် လေ့ကျင့်နိုင်သော အကောင်းဆုံးနေရာတစ်ခု ဖြစ်ခြင်းတို့ကလည်း ဩစတြေးလျနိုင်ငံတွင် ပညာသင်ကြားသင့်သော အကြောင်းအရင်းများဖြစ်ပါသည်။

ဩစတြေးလျတက္ကသိုလ်များမှ ရရှိသော ဘွဲ့ဒီဂရီများသည် ဩစတြေးလျတွင်သာမက ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုသော ဘွဲ့ဒီဂရီများဖြစ်သောကြောင့်လည်း ဩစတြေးလျသည် နိုင်ငံတကာကျောင်းသားများ တတိယမြောက် အများဆုံး သွားရောက်ပညာ ဆည်းပူးရာ Study Destination အဖြစ် အသိအမှတ်ပြု ခံရခြင်းပင် ဖြစ်ပါသည်။

သြစတြေးလျ အသက်မွေးဝမ်းကျောင်း ပညာရေး (VET)

ဩစတြေးလျ၏ ပညာရေးစနစ်တွင် အဆင့်မြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးဟူ၍ ကွဲပြားပါသည်။ ဩစတြေးလျ၏ အသက်မွေးဝမ်းကျောင်းပညာရေးကို သင်ကြားလိုသူများအတွက်မူ အစိုးရနှင့် စက်မှုလက်မှုလုပ်ငန်းများက ပူးပေါင်းဆောင်ရွက်သော Australian Vocational Education and Training (VET) qualification များကို လေ့လာရမည်ဖြစ်ပါသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းပညာရေးကို အစိုးရကျောင်းများ ဖြစ်သော Technical and Further Education (TAFE) ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများက သင်ကြားပေးပါသည်။

ဘွဲ့လွန်အတွက် ကျောင်းလျှောက်ထားခြင်း

အဆင့်မြင့်ပညာရေးစနစ်တွင် ဘွဲ့ဒီဂရီ၊ ဘွဲ့လွန်ဒီဂရီနှင့် ပါရဂူဘွဲ့ များ ပါဝင်ပါ သည်။ အဆိုပါဘွဲ့များကို ဩစတြေးလျရှိ တက္ကသိုလ် (၄၃) ခုအပါအဝင် အဆင့်မြင့်ပညာရေးကို သင်ကြားပေးနိုင်သော ကျောင်းများ တွင် သင်ယူနိုင်ပါသည်။ ဩစတြေးလျ၏ အဆင့်မြင့်ပညာရေးကို ဩစတြေးလျအစိုးရမှ Tertiary Education Quality and Standards Agency (TEQSA) မှ ထိန်းချုပ်ပြီး အဆင့်မြင့် ပညာသင်ကြားပေးနေသော တက္ကသိုလ်နှင့် အဖွဲ့အစည်းများ၏ အရည်အသွေးနှင့် စံနှုန်းတို့ကို စောင့်ကြပ်စစ်ဆေးပေးသော အဖွဲ့အစည်းလည်း ဖြစ်ပါသည်။ သြစတေးလျ Master Program များအတွက် Pre Master (သို့) Master ရွေးချယ်တက်ရောက်နိုင်ပါသည်။
ဩစတြေးလျတွင် ပညာသင်ကြားခြင်း၏ အခြားအားသာချက်တစ်ခုမှာ အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ Bachelor (သို့) Master (သို့) PhD ဘွဲ့ ရရှိပြီးပါက (ဩစတြေးလျတွင် အနည်း ဆုံး (၂) နှစ် သင်ကြားထားခြင်းဖြစ်ရမည်) ဩစတြေးလျတွင် ဆက်လက်နေထိုင်ခွင့် အနည်းဆုံး (၂) နှစ်ကို လျှောက်ထားနိုင်ခြင်း ဖြစ်ပါသည်။)

ကုန်ကျစရိတ်နဲ့ ပညာသင်ဆုများ

သြစတြေးလျနိုင်ငံတွင် (၁) နှစ်စာ ကုန်ကျစရိတ် AUD 37,000 မှ AUD 75,000 ထိကုန်ကျနိုင်ပြီး သတ်မှတ်ထားသော ကျောင်းများ၏ စာသင်နှစ်အလိုက် စုစုပေါင်းကုန်ကျစရိတ်ကို ခန့်မှန်းနိုင်ပါသည်။ CROWN & RAI မှသင်ကြားပို့ချ ပြင်ဆင်ပေးသည့် Grade 12 Program များကို ကောင်းမွန်စွာအောင်မြင်ပြီးဆုံးထားပါက အထူးသဖြင့် OSSD Program များတွင် ပညာသင်ဆုများ ရရှိနိုင်ဖို့ ရာခိုင်နှုန်းများပါသည်။
ဘွဲ့လွန်လျှောက်ထားလိုသောကျောင်းသူ ကျောင်းသားများအနေနှင့် လျှောက်ထားမယ့် ပရိုဂရမ်နှင့် ထူးချွန်မှုအလိုက် ပညာသင်ဆု ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရရှိနိုင်ပါသည်။

သြစတြေးလျ ဗီဇာလျှောက်လိုအပ်ချက်များ

ဩစတြေးလျတွင် ပညာသင်ကြားမည့် ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာတက္ကသိုလ်၏ အဆောင်များတွင်နေခြင်း၊ ဩစတြေးလျ မိသားစုနေအိမ်တွင်နေခြင်း၊ မိမိကိုယ်တိုင်အခန်းငှား၍ နေခြင်း စသည်ဖြင့် ရွေးချယ်နေထိုင်နိုင်သည်။သို့ရာတွင် အသက် (၁၈) နှစ်အောက် ကျောင်းသားများအနေဖြင့်မူ သက်ဆိုင်ရာ တက္ကသိုလ်မှ အသိအမှတ်ပြုသော Guardianship Arrangement ရှိပြီးမှသာလျှင် ဩစတြေးလျနိုင်ငံတွင် ပညာသင်ကြားနိုင်မည် ဖြစ်သည်။
ဩစတြေးလျတွင် ပညာသင်ကြားနေစဉ်ကာလအတွင်း ဩစတြေးလျ လူဝင်မှုကြီးကြပ်ရေးဌာနမှ ချမှတ်ထားသော ကျောင်းသား ဗီဇာစည်းမျဉ်းများကို လိုက်နာရန်လည်း အထူးအရေးကြီးပါသည်။ နိုင်ငံတကာကျောင်းသားများအတွက် သတ်မှတ်ထားသော ကျောင်းခေါ်ချိန် ပြည့်မီရန်၊ သတ်မှတ်ထားသော အမှတ်ပြည့်မီရန်၊ ကျောင်းတက်နေသော ကာလတစ်ခုလုံးအတွက် သင့်လျော်လုံလောက်သော ငွေကြေးပမာဏကို ပြင်ဆင်စီစဉ်ထားရန်၊ ကျောင်းသားများ အချိန်ပိုင်း အလုပ်လုပ်ခြင်းနှင့် သက်ဆိုင်သော စည်းမျဉ်းများကို သိရှိလိုက်နာရန်တို့ ဖြစ်ပါသည်။ Australia Student Visa လျှောက်ထားရန် ယေဘုယျအားဖြင့် အများဆုံး (၅) လအထိ ကြာမြင့်နိုင်ပြီး

 အနည်းဆုံး သက်တမ်း (၆)လ ကျန်သော Passport။

 အနည်းဆုံး(၆)လ ကြိုတင်ဖွင့်ထားသော Personal Bank Account မှ တစ်နှစ်စာစုစုပေါင်း စရိတ်ကာမိသော ပမာဏရှိသည့် Bank Statement နှင့် (၃) လခန့်ငွေအဝင်အထွက်ပြစာရင်း (ဗီဇာရရှိမှုခိုင်မာစေရန် လျှောက်ထားမည့်ကျောင်းပေါ်မူတည်ပြီး သိန်း ၉၀၀ မှ ၁၅၀၀ ခန့် အထိပြသရန်လိုအပ်ပါသည်။ ဖြစ်နိုင်လျှင် ဗီဇာတင်သည့်အချိန်တွင် (၃) လခန့် မထုတ်ပဲအကောင့်ထဲတွင်ရှိရပါမည်။)

• ဝင်ငွေ ရလမ်းဖော်ပြရန် စီးပွားရေးလုပ်ငန်းအထောက်အထားများ (ဥပမာ – ကုမ္ပဏီလိုင်စင်/လုပ်ငန်းလိုင်စင်များ စသည့်စာရွက်စာတမ်း တင်ပြနိုင်မှုများသည်လည်း အရေးကြီးပါသည်)

• ၎င်းလုပ်ငန်း၏ (၂) နှစ်စာ အသားတင်အမြတ်ငွေစာရင်း။

• ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ နှင့်

 • ဆေးစစ်ချက်များ တင်ပြရန်လိုပါသည်။

(Update 2022: လောလောဆယ် ဗီဇာရရှိမှုအခြေအနေများအရ TAFE များ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့်ဆက်နွယ်မှုမရှိသော Diploma များကို မြန်မာနိုင်ငံကျောင်းသူကျောင်းသားများဗီဇာရရှိနိုင်ရန်ခက်ခဲလာသည်။)

မြန်မာဆယ်တန်း / အောင်မြင်ထားသော ကျောင်းသူ ကျောင်းသားများ

မြန်မာနိုင်ငံမှအခြေခံပညာ အထက်တန်းအောင်မြင်ထားသော ကျောင်းသားများအနေနှင့် University Foundation Pathway များမှတဆင့် ဩစတြေးလျတက္ကသိုလ်များသို့ ဝင်ရောက်ရမည်ဖြစ်သည်။ ၎င်း University Foundation Program များသည် သက်ဆိုင်ရာဘာသာရပ်၏ လိုအပ်သောအခြေခံများသာမက အင်္ဂလိပ်စာအရည်အချင်းကိုပါ ထပ်မံဖြည့်စွက်သင်ကြားပေးသည်။ ဩစတြေးလျရှိတက္ကသိုလ်များနှင့် TAFE ကျောင်းများတွင် Foundation Program များကိုပါသင်ကြားပေးကြပြီး ၎င်းသင်တန်းများ၏အားသာချက်တစ်ခုမှာ သတ်မှတ်ထားသောအမှတ်ပြည့်မီပါက သက်ဆိုင်ရာတက္ကသိုလ်များနှင့် TAFE ကျောင်းများသို့တိုက်ရိုက်ဆက်လက်တက်ရောက်နိုင်ခြင်းဖြစ်ပါသည်။

မြန်မာဆယ်တန်း/ IGCSE မဖြေဆိုရသေးသူများ

မြန်မာနိုင်ငံတွင် ဆယ်တန်း/ IGCSE မဖြေဆိုရသေးသောကျောင်းသူ ကျောင်းသားများ CROWN & RAI မှ ဖွင့်လှစ်သင်ကြားပေးသည့် Triple Award Program (TAP) ကို ပြင်ဆင်နိုင်ပြီး ဩစတြေးလျတက္ကသိုလ်များ၏ ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်သလို Grade 11 မှတဆင့် CROWN & RAI ၏ Grade 12 Program ဆက်လက်တက်ရောက်ပြီး သြစတေးလျ တက္ကသိုလ်များ၏ ပထမနှစ်သို့တိုက်ရိုက်တက်ရောက်နိုင်ပါသည်။ (သို့မဟုတ်) ကျောင်းသားများအနေနှင့် CROWN & RAI တွင် GED ပြင်ဆင်ပြီးပါက သြစတြေးလျတက္ကသိုလ်များ၏ Foundation Program ကိုတက်ရောက်နိုင်ပြီး အဆိုပါ Foundation Program မှတဆင့် အောက်ပါတက္ကသိုလ်များ၏ပထမနှစ်သို့တိုက်ရိုက်တက်ရောက်နိုင်ပါသည်။

  • UNSW
  • Monash University
  • University Technology Sydney
  • Western University Sydney
  • Griffith University
  • Curtin University
  • University of Newcastle
  • La Trobe University
  • Deakin University
  • Curtin University Un
  • University of Western Australia and (+ 20)

CROWN EDUCATION မှလျှောက်ထားပေးမည့်တက္ကသိုလ်များ

CROWN Education အနေဖြင့် Green Color Box နှင့် ဖော်ပြထားသောတက္ကသိုလ်များအတွက် ကျောင်းဝင်ခွင့်နှင့်၊ ကျောင်းသားဗီဇာ ရရှိသည်အထိ အစအဆုံး အခမဲ့ကူညီလျှောက်ထားပေးလျက်ရှိပါသည်။ 

မှတ်ချက်။ ။ ROYAL ACADEMIC INSTITUTE တွင် Grade 12 Program တက်ရောက်သင်ကြားထားသည့်ကျောင်းသား/သူများအနေဖြင့် အောက်တွင်ဖော်ပြထားသောတက္ကသိုလ်များ၏ ဝင်ခွင့်များကို ပြင်ဆင်လျှောက်ထားပေးပါသည်။

Book Appointment >