ကနေဒါသည် ကမ္ဘာပေါ်တွင် နိုင်ငံတကာမှာ ပညာလာရောက်သင်ယူဖို့ အတွက် အကောင်းဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး လူနေမှုဘဝ အရည်အသွေးမှာ နံပါတ် ၁ အကောင်းဆုံးနိုင်ငံဖြစ်ပါတယ်။ ကနေဒါပညာရေးစနစ်ကို ကမ္ဘာ တစ်ဝှမ်းမှ အသိအမှတ်ပြုပြီး ကနေဒါနိုင်ငံသည် နှစ်စဉ် နိုင်ငံတကာ ကျောင်းသား ၃၅၀,၀၀၀ ကျော်ကို လာရောက်သင်ကြားလျက် ရှိပါသည်။ ယခုလက်ရှိအခြေအနေများအရ၊ ကနေဒါမှာကျောင်းတက်ဖို့ရည်ရွယ်တဲ့ကျောင်းသူကျောင်းသားများအနေဖြင့်၊ ကျောင်းမလျှောက်ခင် မိမိတို့ပညာရေးနောက်ခံနှင့်ကိုက်ညီမည့် ဝင်ခွင့်လက်ခံနိုင်တဲ့ကျောင်းရွေးချယ်ခြင်း၊ ဘွဲ့ရရှိရန်သို့မဟုတ် မိမိတက်ရောက်မည့်နှစ်အတွက်ကုန်ကျစရိတ် တွက်ချက်ခြင်းများကို ပထမဆုံးစဉ်းစားရန်လိုအပ်ပါသည်။

IGCSE / မြန်မာဆယ်တန်းဖြေဆိုအောင်မြင်ပြီး ကျောင်းသူ ကျောင်းသားများ

ကနေဒါနိုင်ငံမှာ သွားရောက်သင်ယူမယ့်ကျောင်းသူ ကျောင်းသားများအတွက် ဘွဲ့ဒီဂရီရရှိဖို့အတွက် ၃ နှစ်မှ ၄ နှစ်အထိကြာမြင့်နိုင်ပါသည်။ IGCSE / မြန်မာဆယ်တန်းအောင်မြင်ပြီး‌ ကျောင်းသူ ကျောင်းသားများအနေနဲ့ ကနေဒါ ကောလိပ်တွေကို လျှောက်ထားတဲ့အခါ Grade 12 or Year 12 equivalent ကို တောင်းခံလေ့ရှိကြပါသည်။
Candian Grade 12 ပြင်ဆင်ပြီး ဆက်လက်ကျောင်းလျှောက်ထားပါက Foundation Year (၁) နှစ် ကင်းလွှတ်ခွင့်ရရှိပြီး ပထမနှစ်ကို တိုက်ရိုက်တက်ရောက်နိုင်ပြီး ထူးချွန်ပါက ပညာသင်ဆုပါ ရရှိနိုင်ပါသည်။
တဖက်မှာလည်း တက္ကသိုလ်ကျောင်းတက်ရောက်ရင်း အလုပ်လုပ်ခွင့်ရရှိမယ့် Co-op Program ပါရှိတဲ့ တက္ကသိုလ်ကျောင်းများကိုလည်းရွေးချယ်စဉ်းစားနိုင်ပါသည်။ Co-op Program ဆိုတာကတော့ ‌‌‌ကျောင်းတက်ရင်း လုပ်ခလစာရရှိမယ့် ပရိုဂရမ်တစ်ခုဖြစ်သောကြောင့် အလုပ်အတွေ့ကြုံနဲ့ Networking အပိုင်းမှာ အားသာချက်ရှိနိုင်ပေမယ့် ဘွဲ့ရရှိဖို့ ၄ နှစ်မှ ၄ နှစ်ခွဲအထိ ကြာမြင့်နိုင်ပါသည်။

HND, NCC Diploma များနှင့် ကျောင်းလျှောက်ထားခြင်း

ကျောင်းရှာသည့်အခါ (သို့) ကျောင်းလျှောက်သည့်အခါ HND, NCC ဒီပလိုမာများနဲ့နောက်ဆုံးနှစ်ကိုပေးသည့် ကနေဒါကျောင်းတွေမရှိသလောက်ခက်ပါသည်။ ကနေဒါမှာ Top Up ဆိုတာမျိုးပေးလေ့မရှိပါဘူး။(၂)နှစ်ဒီပလိုမာတက်ရောက်ပြီး၊ အလုပ်လုပ်ပိုက်ဆံစုပြီးမှ အဆိုပါပိုက်ဆံဖြင့် တက္ကသိုလ်ဆက်တက်မယ်ဆိုတာမျိုး၊ (၂) နှစ်ဒီပလိုမာတက်ရောက် အလုပ်လုပ်ပြီး PR လျောက်မယ်ဆိုတာမျိုး မြန်မာကျောင်းသားထဲမှာ (အခြားနိုင်ငံကကျောင်းသားတွေရှိနိုင်သည်။ )သို့သော် ယခုအချိန်ထိ မတွေ့ရသေးပါ။ ထို့ကြောင့် အထက်ပါအခြေအနေများကို မျှော်လင့်ပြီး ကနေဒါကိုကျောင်းလျောက်ထားမယ်ဆိုပါက လက်ရှိ ကနေဒါနိုင်ငံမှာ လက်တွေ့ရောက်နေတဲ့သူတွေနှင့်  သေသေချာချာ မေးမြန်းစုံစမ်းဖို့ တိုက်တွန်းအပ်ပါသည်။ (ကျွန်တော်တို့အနေနဲ့စာရွက်စာတမ်းစုံရင်ကျောင်းလျောက်ပေးတာ၊ ဗီဇာလျောက်ပေးတာကူညီဖို့ အသင့်ရှိပါသည်။)

Vocational 2 years program တွေအပြင် (၁) နှစ်သာတက်ရောက်ရတဲ့ program (သို့)  (၁) နှစ်အောက် (ဥပမာ – ၃လ / ၆ လ) သာ တက်ရောက်ရတဲ့ program တွေ လျှောက်မယ်ဆိုပါက  Study Plan ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေစနစ်တစ်ကျပြင်ဆင်ရန် တိုက်တွန်းလိုပါသည်။

ဘွဲ့လွန်အတွက် ကျောင်းလျှောက်ထားခြင်း

ကနေဒါနိုင်ငံမှာဘွဲ့လွန် Master တက်ရောက်ချင်သည့် ‌ကျောင်းသား ကျောင်းသူများအတွက် Master’s degree (၂) မျိုးနှစ်စားရှိပါသည်။ Research-based Master’s program နဲ့ Professional Master’s program တို့ဖြစ်ပါသည်။ တခြားသော မာစတာ ပရိုဂရမ်တက်ရောက်ရသည့် အချိန်ကာလပိုကြာမြင့်နိုင်ပြီး အနည်းဆုံး (၁) နှစ်မှ (၃) နှစ်အထိ ကြာမြင့်နိုင်ပါသည်။

ကုန်ကျစရိတ်နဲ့ ပညာသင်ဆုများ

ကနေဒါတွင် မြန်မာကျောင်းသူ၊ကျောင်းသားတွေအတွက် (၁)နှစ်စာ ကျောင်းလခအပါအဝင် နေထိုင်စရိတ်အပြီးအစီး အနည်းဆုံး CAD 37,000 ခန့်မှ CAD 73,000 ခန့် အထိ ခန့်မှန်းခြေ ကုန်ကျနိုင်ပါသည်။

ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ခွင့်နှင့် ဘွဲ့ရရှိပြီး အလုပ်လုပ်ကိုင်ခွင့်။

ကနေဒါတွင် ကျောင်းတက်ရောက်နေစဉ်အတွင်း တစ်ပတ်ကို နာရီ (၂၀) အလုပ်လုပ်ခွင့်ရှိပါသည်။ ကျောင်းရက်ရှည်ပိတ်ရက်တွေမှာဆိုရင်တော့ ခွင့်ပြုချက်ရှိထားပါက အချိန်ပြည့်လုပ်ကိုင်နိုင်ပါသည်။
ဘွဲ့ရရှိပြီး ကျောင်းသူ ကျောင်းသားများအနေနဲ့ Post-Graduation Work Permit (PGWP) ယာယီ အလုပ်လုပ်ကိုင်ခွင့်အဖြစ် အနည်းဆုံး (၂) နှစ်မှ (၃) နှစ်အထိ ရရှိနိုင်ပါသည်။ Post-Graduation Work Permit (PGWP) ရရှိနိုင်ဖို့အတွက် Designated Learning Instituion (DLI) က အသိအမှတ်ပြုသည့်တက္ကသိုလ်‌ကျောင်းတွေမှာ အနည်းဆုံး (၈)လ နဲ့အထက် တက်ရောက်ထားသော Certificate၊ Diploma Degree ပရိုဂရမ်များဖြစ်ပါက PGWP ကိုရရှိနိုင်ပါသည်။

ကနေဒါ ဗီဇာလိုအပ်ချက်များ

  • အနည်းဆုံး သက်တမ်း (၆) လကျန်သော Passport
  •  အနည်းဆုံး (၆) လကြိုတင်ဖွင့်ထားသော Personal Bank Account မှ တစ်နှစ်စာစုစုပေါင်း စရိတ်ကာမိသော ပမာဏရှိသည့် Bank Statement နှင့်
  •  လခန့်ငွေအဝင်အထွက်ပြစာရင်း (ဗီဇာရရှိမှုခိုင်မာစေရန် လျှောက်ထားမည့်ကျောင်းပေါ်မူတည်ပြီး သိန်း ၆၀၀ မှ ၈၀၀ ခန့် အထိပြသရန်လိုအပ်ပါသည်သည်။ ဖြစ်နိုင်လျှင် ဗီဇာတင်သည့်အချိန်တွင် (၃) လခန့် မထုတ်ပဲအကောင့်ထဲတွင်ရှိရပါမယ်။)
  •  ဝင်ငွေရလမ်းဖော်ပြရန် စီးပွားရေးလုပ်ငန်းအထောက်အထားများ (ဥပမာ – ကုမ္ပဏီလိုင်စင်/လုပ်ငန်းလိုင်စင်များ စသည့်စာရွက်စာတမ်းများ)
  •  ၎င်းလုပ်ငန်း၏ (၂) နှစ်စာ အသားတင်အမြတ်ငွေစာရင်း
  •  ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ
  • ဆေးစစ်ချက်များ
  • မိမိတို့နေထိုင်ရာ မြို့နယ်ရဲစခန်းမှ အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာတို့ပါ တင်ပြရန်လိုပါသည်။
  • လက်ရှိကနေဒါဘက်မှတက္ကသိုလ်များအနေဖြင့်ကျောင်းဝင်ခွင့်မ​လျှောက်ထားမှီ၊ ဗီဇာရရှိနိုင်မှု့အခွင့်အရေးများစေရန်  နံပါတ် (A) မှ (E) အထိစာရွက်စာတမ်းများတင်ပြနိုင်မှုကိုအရင်စစ်ဆေးရန် မေတ္တာရပ်ခံထားပါတယ်။ မိမိရည်ရွယ်ထားတဲ့  မတိုင်ထင် အနည်းဆုံး(၆)လခန့် Intake ကျောင်းကြိုလျှောက်ဖို့ အကြံပြုပါသည်။

ကနေဒါ Visa Process

1.      Canada Visa အတွက် Deposit ငွေသွင်းပြီးနောက် College/ University မှ လက်ခံစာ (LOA) ကိုလက်ခံရရှိပါမည်။

2.      ထို့နောက် သင်၏ Onlineလျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်စတင်ရန်အတွက် အောက်ပါlinkတွင် Account တစ်ခုဖန်တီးရန် လိုအပ်ပါသည်။

https://www.canada.ca/en/immigration-refugees-citizenship/services/application/account.html

3.      သင်၏Profileအား ဖြည့်လိုက်သည်နှင့် သင့်Applicationကို ဖြည့်ရန် ရက်၆၀အချိန်ရရှိပါမည်။

4.      ထို့နောက် လိုအပ်သောပညာရေးဆိုင်ရာ စာရွက်စာတမ်းများ၊ Form များနှင့် အထောက်အပံ့ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများကို ထို Portal တွင် တင်ရန်လိုအပ်ပါသည်။ သင် Application Form တင်သောအခါ Study Permit Application fees အဖြစ် Canadian Dollar 235 ကို Visa/ Master Card များဖြင့် ပေးချေနိုင်ပါသည်။

5.      ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန်အတွက် အောက်ပါLinkတွင် ကြိုတင်ရက်ချိန်းယူရပါမည်။ https://secure.cic.gc.ca/pp-md/pp-list.aspx

ကျန်းမာရေးစစ်ဆေးမှုကို Online Study Permit Application process မတိုင်မီ (သို့မဟုတ်) အပြီးတွင် ပြုလုပ်နိုင်ပါသည်။ ရလဒ်များကို ကနေဒါလူဝင်မှုကြီးကြပ်ရေးသို့ တိုက်ရိုက်ပို့မည်ဖြစ်ပါသည်။

6.      သင်၏ Online Study Permit Application ကို တင်ပြီးတာနှင့် ရက်သို့မဟုတ် ရက်အကြာတွင် Portal ထဲတွင် Biometrics Instruction Letter ကို သင်ရရှိမည်ဖြစ်ပါသည်။ Letter ကို ယူ၍ Visa Application Center သို့သွားပါ။

7.      အောက်ပါ link မှ Application စင်တာတွင် biometrics ပေးရန်အတွက် ရက်ချိန်းယူရပါမည်။ https://visa.vfsglobal.com/mmr/en/can/book-an-appointment

8.      Biometric ပေးပြီးနောက် သင်၏ Application အခြေအနေ နှင့် ပတ်သက်၍ ကနေဒါလူဝင်မှုကြီးကြပ်ရေးမှ Message တစ်စုံတစ်ရာ အကြောင်းကြားထားခြင်းရှိ မရှိကို သင်၏ Email ကို ပုံမှန် စစ်ဆေးပေးပါ။ ၎င်းတို့၏ Website တွင် 23.09.2021 ရက်စွဲပါ ဖော်ပြထားခြင်းအရ 11 Weeks နှင့် အထက် ကြာနိုင်ပါသည်။

9.      Visa Application Center သင်၏ Passport ပေးရန် Email ရောက်လာတာနဲ့ တပြိုင်နက် (ဆိုလိုတာက Study Permit Approval ကို သင်ရရှိပြီ ဖြစ်ကြောင်း) ၊ ဗီဇာတံဆိပ်တုံးကိုရယူရန် သင်၏ Passport နှင့် biometrics လက်ခံဖြတ်ပိုင်းများကို ယူ၍ Center ကိုသွားပါ။

10.   1 or 2 Weeks ကြာပြီးနောက် သင်၏ Passport ကို Canada Study Permit Approval တံဆိပ်ထုထားပြီး ပြန်လည်ရရှိပါမည်ဖြစ်ပါသည်။

CROWN EDUCATION မှလျှောက်ထားပေးမည့်တက္ကသိုလ်များ

CROWN Education အနေဖြင့် Green Color Box နှင့် ဖော်ပြထားသောတက္ကသိုလ်များအတွက် ကျောင်းဝင်ခွင့်နှင့်၊ ကျောင်းသားဗီဇာ ရရှိသည်အထိ အစအဆုံး အခမဲ့ကူညီလျှောက်ထားပေးလျက်ရှိပါသည်။ 

မှတ်ချက်။ ။ ROYAL ACADEMIC INSTITUTE တွင် Grade 12 Program တက်ရောက်သင်ကြားထားသည့်ကျောင်းသား/သူများအနေဖြင့် အောက်တွင်ဖော်ပြထားသောတက္ကသိုလ်များ၏ ဝင်ခွင့်များကို ပြင်ဆင်လျှောက်ထားပေးပါသည်။

Book Appointment >