Study in Thailand

မြန်မာကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူဖို့ ရွေးချယ်ကြသည့်အသည့်အခါ ကျောင်း၊ ဘာသာရပ် စုံလင်စွာရွေးချယ်နိုင်ခြင်း၊ USA, UK, Canada, Australiaနိုင်ငံများတွင် သွားရောက်သင်ကြားခြင်းထက် ကုန်ကျစရိတ် သက်သာခြင်း၊ မြန်မာနိုင်ငံနှင့် နီးခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ဒီဂရီများကို ဗီဇာအခက်အခဲမရှိ အချိန်မီ လျှောက်ထားသင်ယူနိုင်ခြင်း စသည့် အချက်တွေကြောင့် 2022ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ပညာသင်ကြားဖို့ ပိုမိုစိတ်ဝင်စား ရွေးချယ်လာကြပါသည်။
ကျောင်းစာသင်ကြားရေးအပိုင်းမှာ English ဘာသာစကားနဲ့ သင်ယူရမှာဖြစ်တာကြောင့် 4 Skills English (Intermediateနဲ့အထက်) အဓိကထား ပြင်ဆင်သွားဖို့လိုအပ်ပါတယ်။ ထိုင်းဘာသာစကားကိုတော့ Optional အဖြစ် သင်ယူထားနိုင်ပါတယ်။
IGCSE/ မြန်မာဆယ်တန်း မဖြေဆိုရသေးသော ကျောင်းသူ ကျောင်းသားများ
မြန်မာဆယ်တန်းမဖြေဆိုရသေးဘူးများ၊ နိုင်ငံတကာပညာရေးလမ်းကြောင်းတက်ရောက်နေသူများအနေဖြင့် GED ကို (၄)လသို့မဟုတ်(၆)လခန့် အချိန်ယူပြင်ဆင်ဖြေဆိုပြီး လျှောက်ထားနိုင်သည်။
ပညာသင်ဆုဖြင့် ထိုင်းနိုင်ငံတွင်ကျောင်းတက်ရောက်လိုပါက Royal Academic Institute တွင် ဖွင့်လှစ်ထားသည့် RAI Grade 12 Program – Triple Award Program (Grade 12+ ACT + GED) ပရိုဂရမ်မှတဆင့် တက်ရောက်လျှောက်ထားနိုင်သည်။ထိုင်းနိုင်ငံတွင် ဘွဲ့ကြိုဒီဂရီ ရရှိဖို့ အချိန် (၄) နှစ်တက်ရောက်ရမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ကျောင်းသားတော်တော်များများအနေနဲ့ ထိုင်းနိုင်ငံကျောင်းတွေရှိ Exchange Program ကို သိရှိကြတာများပါသည်။ အချို့သော Private University တွေများတွင် Exchange Program အပြင် Transfer Program (2+2 Program) များဖြင့် တက်ရောက်နိုင်တဲ့ ကျောင်းများရှိလာပါသည်။ ထိုင်းတွင် (၂) နှစ်နှင့် လည်းကောင်းတက္ကသိုလ်များနှင့် MOU လက်မှတ်ရေးထိုးထားတဲ့ အနောက်နိုင်ငံများတွင် ကျန် (၂) နှစ်ကို ဆက်လက်တက်ရောက်လာနိုင်ပြီ ဖြစ်ပါသည်။ ( ဘာသာရပ်၊ တက္ကသိုလ် အပေါ် မူတည်ပြီး ကန့်သန့်ချက်ရှိပါသည်။)
IGCSE/ မြန်မာဆယ်တန်းဖြေဆိုအောင်မြင်ထားသော ကျောင်းသူ ကျောင်းသားများ
သတိပြုရန်မှာ ထိုင်းအစိုးရတက္ကသိုလ်၊ အခြားတက္ကသိုလ်များဝင်ခွင့်အတွက် IGCSE ကိုလက်မခံပါ။ ထိုင်းတက္ကသိုလ်အားလုံး GED Test ကိုလက်ခံသည်။
ဘွဲ့လွန်ဒီဂရီအတွက် ကျောင်းလျှောက်ထားခြင်း။
ဘွဲ့လွန်ဒီဂရီများအတွက် စာတွေ့နှင့် စာတန်းပြုစုရမည့်အချိန်ကို အကြမ်းမျဉ်းအားဖြင့် အချိန် (၁) နှစ် မှ (၂) နှစ်အထိ ကြာမြင့်နိုင်ပြီး လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂) နှစ်ထိ ရှိထားရန်လိုအပ်ပါသည်။ အချို့သောကျောင်းများတွင် အချိန်(၁) နှစ်သာ တက်ရောက်ရပါသည်။ ( ရွေးချယ်သည့် တက္ကသိုလ် အပေါ် မူတည် ကွာခြားနိုင်ပါသည်။)
ထိုင်းနိုင်ငံတွင်းရှိ Public University နဲ့ Private University ကွာခြားချက်များ။
နိုင်ငံအသီးသီးက Public University တွေအနေနဲ့ Private University ထက် Ranking ပိုမြင့်မားကြသလို ဝင်ခွင့်လက်ခံစဉ်းစားမှု တင်းကြပ်လေ့ရှိပါသည်သည်။ အစိုးရကျောင်းဖြစ်တာနှင့်နှင့်အညီ Academic System, Curriculum တွေမှာ ပိုမိုကောင်းမွန်ကြပြီး ရွေးချယ်သင်ယူစရာ ဘာသာရပ်/ Faculty ပိုမို စုံလင်ပါသည်။
(Royal Academic Institute တွင် GED ပြင်ဆင်ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသူ ကျောင်းသားများကို CROWN နှင့်ချိတ်ဆက်ထားသော ကျောင်းများအပြင် မချိတ်ဆက်ထားသော Privae နှင့် Public Universities များကိုပါ ဗီဇာ+ကျောင်းဝင်ခွင့် “အခမဲ့” လျှောက်ထားပေးပါသည်။ ထိုင်းနိုင်ငံက နာမည်ကြီး Public University တွေဖြစ်တဲ့ Chulalongkorn University, Thammasat University, Mahidol University နဲ့ Engineeringဘာသာရပ်သင်ကြားပို့ချမှုမှာ နာမည်ကြီးသည့် King Mongkut’s University of Technology Thonburi(KMUTT) ကျောင်းတွေမှာ တက်ရောက်ခွင့်ရဖို့ အတွက် လျှောက်ထားမည့် ဘာသာရပ်အလိုက် SAT/ACT တို့ကိုပါ ဖြည့်စွက်ပြင်ဆင်ပေးပါသည်။)
ကုန်ကျစရိတ်နှင့် ပညာသင်ဆုများ
ထိုင်းနိုင်ငံမှာ ပညာသင်ကြားတဲ့အခါ နေထိုင်စားသောက်စရိတ် ကျောင်းလခအပါအဝင် (၁)နှစ်စာ Baht 5,00,000 မှ 1,217,280 ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ Intake အလိုက် လျှောက်ထားသော နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားတွေထဲကမှ Academic Qualifications ထူးချွန်ကောင်းမွန်သည့် ကျောင်းသူ၊ကျောင်းသားများကို Child Dream Scholarship, Asean Maybank Scholarship စတဲ့ ပညာသင်ဆုအခွင့်အရေးပေးထားပါသည်သည်။
ထိုင်းနိုင်ငံတွင်းက Private Universityတွေဖြစ်သည့် Bangkok University (BUI), Rangsit University (RSU), Assumption University, Dusit Thani College, UTCC စသည့်ကျောင်းတွေမှာလည်း ကျောင်းသူ၊ကျောင်းသားတွေရဲ့ ထူးချွန်မှုအလိုက် ကျောင်းလခအတွက် partial scholarship လျှောက်ထားခွင့် ပေးတတ်လေ့ရှိကြပါသည်။
ကျောင်းသားအနေနဲ့ ဘာကြောင့် ပညာသင်ဆု လျှောက်ထားခြင်းဖြစ်တယ်ဆိုတာကို တိကျပြည့်စုံစွာ ဖော်ပြနိုင်ဖို့လိုသလို Interview (Skype/WhatsApp), IELTS/TOEFL/PTE Score ကောင်းမွန်ခြင်း၊ Academic records တွေမှာ သတ်မှတ်ထားသော လိုအပ်ချက်တွေပြည့်မီထားခြင်းအပြင် ကျောင်းစာပြင်ပ extra-curriculum activitiesတွေမှာ ဘယ်လောက်ထိပါဝင်ဆောင်ရွက်ဖူးတယ်ဆိုတဲ့အချက်ကလည်း ပညာသင်ဆုရရှိနိုင်ဖို့ အခွင့်အရေးများတတ်ပါတယ်။
အလုပ်လုပ်ပိုင်ခွင့်
ထိုင်းနိုင်ငံအစိုးရရဲ့ ဉပဒေအရ ထိုင်းနိုင်ငံပြင်ပမှ လာရောက်ပညာသင်ယူကြသည့် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများကို ကျောင်းတက်နေတဲ့ ကာလအတွင်း Student Visa ကိုင်ဆောင်ပြီး Part Time/Full Time တရားဝင် အလုပ်လုပ်ကိုင်ခွင့် မပေးထားသေးပါ။ ခြွင်းချက်အနေနဲ့ တချို့သော သက်ဆိုင်ရာကျောင်းတွေမှာ “Unpaid Internship” နှင့်အတူ အလုပ်သင်အတွေ့အကြုံရယူနိုင်ပါသည်သည်။ ပညာသင်ယူမှုကာလ ပြီးဆုံးမှသာ တရားဝင် အလုပ်ရရှိဖို့ လျှောက်ထားနိုင်ပြီး Work Visa ဖြင့် ဆက်လက်နေထိုင်နိုင်ပါသည်။
CROWN Education တွင်လျှောက်ထားပေးမည့် တက္ကသိုလ်များ၊
CROWN Education အနေဖြင့် Green Color Box နှင့် ဖော်ပြထားသောတက္ကသိုလ်များအတွက် ကျောင်းဝင်ခွင့်နှင့်၊ ကျောင်းသားဗီဇာ ရရှိသည်အထိ အစအဆုံး အခမဲ့ကူညီလျှောက်ထားပေးလျက်ရှိပါသည်။
မှတ်ချက်။ ။ ROYAL ACADEMIC INSTITUTE တွင် Grade 12 Program တက်ရောက်သင်ကြားထားသည့်ကျောင်းသား/သူများအနေဖြင့် အောက်တွင်ဖော်ပြထားသောတက္ကသိုလ်များ၏ ဝင်ခွင့်များကို ပြင်ဆင်လျှောက်ထားပေးပါသည်။