ACT - GAC Program

ထိုင်းနိုင်ငံရှိ Webster University မှ ချီးမြှင့်သည့် ၄၀%ပညာသင်ဆု (၂)နှစ်စာ ရရှိခဲ့ပြီး စာသင်နှစ်(၁)နှစ်တာ ကင်းလွတ်ခွင့် နှင့်အတူဆက်လက်ပညာသင်ကြားခွင့်ရရှိခဲ့သော ကျောင်းသား မောင်ပြည့်စုံထင် အတွက်  CROWN Education and Royal Academic Institute မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

အမေရိကန်ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် Webster Universityသည် အာရှနိုင်ငံများရှိ ကျောင်းသား၊ကျောင်းသူများ အတွက် အမေရိကန်ပြည်ထောင်စုတွင် သင်ကြားလျက်ရှိသည့် သင်ရိုးညွှန်းတမ်းများအတိုင်း ထိုင်းနိုင်ငံတွင် Computer Science, Management with an emphasis in International Business, Business Management, MBA, Human Resources Management or Information Technology Management, International Relations, Finance, Marketing, Media Communications စတဲ့ ဘာသာရပ်တွေကို ဘွဲ့ကြို၊ ဘွဲ့လွန် သင်ကြားပေးလျက်ရှိပါသည်။

Webster University ရဲ့ Business Management ဘာသာရပ်ကို ရွေးချယ်သင်ယူဖြစ်ခဲ့တဲ့ အကြောင်းအရင်းက…
ကျနော် iGCSE ပြီးတော့ ပြည်ပတန်းမသွားဘဲ နိုင်ငံတကာ စာသင်ကြားမှုစနစ်နဲ့ ပိုရင်းနှီးအောင် ACT-GAC Program ကို ပြည်တွင်းမှာ (၁)နှစ် ပြင်ဆင်ခဲ့ပါတယ်။ ပြည်ပ တက္ကသိုလ်တွေမှာ တက်တဲ့အခါ Business ဘာသာရပ်ကိုပဲ အဓိက သင်ယူလိုတာကြောင့်ACT- GAC Program Level 2နဲ့ Level 3 မှာ Business ဘာသာကို ရွေးချယ်သင်ယူခဲ့ပါတယ်။ ACT-GAC Program မှာ GPA 2.6 အပြင် ရရှိခဲ့တဲ့Creditတွေကြောင့် တက္ကသိုလ်တွေ လျှောက်ထားတဲ့အခါ Webster Universityရဲ့ ပထမနှစ်ကို ကင်းလွတ်ခွင့်နဲ့ (၄၀)ရာခိုင်နှုန်း ပညာသင်ဆုရခဲ့တာကြောင့် ရွေးချယ်ခဲ့တာပါ။

သင်ယူရတဲ့အပိုင်းမှာ အခက်အခဲတွေရှိလား?
သင်ကြားမှုပိုင်းမှာ များသောအားဖြင့် အင်္ဂလိပ်စာနဲ့သင်ကြားပေးပြီး နိုင်ငံတကာကျောင်းသားတွေအတွက် Global Citizenship Program (ACT-GCP)မှာ ထိုင်းဘာသာစကားနဲ့ Social Skills တွေလည်း သင်ကြားပေးပါတယ်။ ကျောင်းတွင်းမှာလည်း Student Activity Clubsတွေ ရှိပါတယ်။ Business Club, Psychology Cubနဲ့ Basketball Clubစတာတွေကို Joinလို့ရတယ်။ Campusမှာပဲ Theory, Strategyတွေ သင်ကြားရတာမဟုတ်ဘဲ ကိုယ်တိုင်လည်း Business ဘာသာရပ်အတွက် မကြာခဏ Research Projectတွေ သွားလေ့လာပြီးလုပ်ရပါတယ်။ အခု မြန်မာပြည်ရဲ့ SMEလုပ်ငန်း တွေကို Research Project, Reports, Assignment, Assessmentတွေအနေနဲ့ လေ့လာဆောင်ရွက်နေ ပါတယ်။ ACT-GAC Programမှာ လည်း Research Project, Reports, Assignment, Assessment, Presentationတွေကို အများကြီးလုပ်ခဲ့ရတယ်ဆိုတော့ အခုတက်တဲ့အချိန်မှာ အခက်အခဲရယ်လို့ ထွေထွေထူးထူး မရှိပါဘူးခင်ဗျ။

စာသင်နှစ်ကင်းလွတ်ခွင့်နဲ့ ပညာသင်ဆုတွေရရှိခဲ့ပုံလေးကိုလည်း အများသိအောင် ဝေမျှပေးပါဦး…
ဟုတ်ကဲ့…နိုင်ငံတကာကျောင်းသားတွေအနေနဲ့ Webster Universityမှာ ပုံမှန်အားဖြင့် Bachelor Program တက်မယ်ဆိုရင် (၄)နှစ်တက်ရပါတယ်။ကျနော်ကတော့ ဒီကိုလာမတက်ခင် ACT-GAC Program တက်ခဲ့တာကြောင့် ပထမနှစ်အတွက် ကင်းလွတ်ခွင့်ရခဲ့ပြီး (၃)နှစ်ပဲ တက်ဖို့လိုပါတယ်။ Business Management ဘာသာရပ်အတွက် ပညာသင်ဆု (၄၀)ရာခိုင်နှုန်းထိ ရခဲ့ပြီး အခု ဒုတိယနှစ်အတွက်ကိုလည်း (၄၀)ရာခိုင်နှုန်း ပညာသင်ဆုထပ်ရခဲ့ပါတယ်။

အခြား အကြံပြုဖြည့်စွက်ချင်တာလေးတွေရှိရင် မျှဝေပေးပါဦး…
ACT-GAC Program ကိုသာ မတက်ဖြစ်ခဲ့ရင် အခုလို စာသင်နှစ်ကင်းလွတ်ခွင့်ရော၊ ပညာသင်ဆုတွေကိုပါ ဆက်တိုက်ရရှိခဲ့တာမျိုး မဖြစ်နိုင်ပါဘူး။ ဒါကြောင့် CROWN Educationက ဆရာ၊ဆရာမတွေနဲ့ ဆောင်ရွက်ပေးတဲ့ အစ်ကို၊အစ်မတွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

Global Assessment Certificate (GAC, American Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့  ကျောင်းသား/သူများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊ 

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (GAC, American Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့်  နိုင်ငံတကာရှိ  Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့်ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက်သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့်ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး  နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ  စိတ်ကြိုက်လျှောက်ထား နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို  ရရှိနိုင်မှာဖြစ်ပါတယ်။

GAC Program၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တက္ကသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်ခ်မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Book Appointment >