နိုင်ငံခြားမှာ Bachelor ယူဖို့ဆို 12 တန်းပညာရေးမှရတာလား၊ GED or iGCSE or GCE A level ကမဖြစ်မနေလိုတာလား

Category: iGCSE Preparation

ကိုယ့်ပညာရေးဘက်ဂရောင်းကဘာလဲ၊ ဘယ်နိုင်ငံကိုသွားမှာလဲ၊ ဘယ်တက္ကသိုလ်လဲ၊ ဘယ်လို Subject လဲဆိုတာအရင်စဉ်းစားစဆုံးဖြတ်နိုင်ရင်၊ ဘာပြင်သင့်လဲ ဘယ်မှာပြင်ရမလဲဆိုတာ တိတိကျကျပေါ်လာပါတယ်။

(၁) ကိုယ်ကဒီမှာ ဆယ်တန်းမပြီးသေးဘူး၊ iGCSE မပြီးသေးဘူး၊ ပိုက်ဆံအကုန်အကျခံနိုင်ရင် UK/USA/Australia/Singapore/Canada လိုနိုင်ငံမျိုးတွေဆို သူ့တို့ High School ကသွားတက်လဲရတာပဲပြောရမယ်ဆိုရင်ပေါ့။ အဲဒီလိုသွားရင်မလိုအပ်ပဲ အပိုတွေကုန်ပြီးရှုပ်တာပေါ့ High School Location ရွေးတာ ဘတ်ဂျက်သက်သာတာရွေးတာစသဖြင့်။ အပိုကုန်တာပေါ့။

(၂) ဒါပေမဲ့ သက်သက်သာသာနဲ့ ဒီမှာ iGCSE(Grade 11) /GED (Grade 12)/ A Level/ USA Grade 12/ Canada Grade 12 ပြင်လို့ရနေတော့ပြင်ပြီးမှသွားတော့ အကုန်အကျသက်သာနိုင်ပါတယ်။ ဒီမှာ (၁၂)တန်းပြင်တဲ့အခါ အဲဒီ (၁၂)တန်းအမှတ်နဲ့ ကိုယ်ကြိုက်တဲ့နိုင်ငံ၊ တက္ကသိုလ်ကိုပြန်စဉ်းစားရွေးချယ်လျောက်ထားနိုင်ပါတယ်။

(၃) ထိုင်းအစိုးရကျောင်းလိုဟာမျိုးတွေ၊ Japan အစိုးရတက္ကသိုလ်တွေလျောက်မယ်ဆိုရင်တော့ ဟိုသွားပြီး High School ကနေပြင်ဖို့လမ်းကြောင်း မဖြောင့်တော့ပါဘူး။

(၅) ကိုယ်ဆီမှာ ဆယ်တန်း/GED ပြီးထားတယ်ဆို အဲဒါကိုလက်ခံတဲ့နိုင်ငံတက္ကသိုလ်တွေလျောက်လို့ရပြီပေါ့။ GCE A Level လုပ်စရာမလိုဘူးပေါ့။ GCE A Level ကိုပဲလက်ခံတဲ့ pathway/ နိုင်ငံတက္ကသိုလ်ကိုသွားချင်တာဆိုရင်တော့ သူတို့တောင်းတာပြင်ရတော့မဲ့သဘောပေါ့။

Book Appointment >