အမေရိကန်၊သြစတြေးလျ၊ ကနေဒါ – MBA/MS

Category: MBA-MSc သိကောင်းစရာများ

အမေရိကန်၊ သြစတြေလျနှင့် ကနေဒါနိုင်ငံတို့တွင်   MBA/MS တက်ဖို့ ကိုယ့်ရဲ့ဘွဲ့ဟာ (4) နှစ်ဒီဂရီဖြစ်ရပါမယ်။ Grade Point of Average GPA ကိုလည်း ပျမ်းမျှ ၃.၅ လောက်တောင်းလေ့ရှိကြပါတယ်။ နည်းပြီးလက်ခံတာလည်းရှိတယ်။ အထူးသဖြင့် Rank အလယ်အလတ်နဲ့ နိမ့်တဲ့ တက္ကသိုလ်တွေဆိုရင်။

လမ်းကြောင်းတွေအနေနဲ့ဆိုရင်တော့ 

နာမည်ကြီးတက္ကသိုလ်တွေ ကို MBA လျောက်မယ်ဆိုရင်တော့ ကျောင်းပြီး အလုပ်အတွေ့အကြုံ (၂) နှစ်၊ (၅)နှစ်စသဖြင့် တက္ကသိုလ်ပေါ်မူတည်ပြီး အလုပ်အတွေ့အကြုံရှိဖို့လိုပါတယ်။ နောက်တစ်ခါ GRE (Graduate Record Exam)/ GMAT (Graduate Management Admission Test) စတဲ့ Test ရလာဒ်တွေ လည်း (အဲဒီစာမေးပွဲတွေ အကြောင်းအသေး စိတ်ကိုတော့ Google မှာကြည့်ရှုနိုင်ပါ တယ်။) ရလာဒ်တွေ ပါတင်ပြဖို့ လိုပါတယ်။ MS, Master of Science in Finance / Management လိုဘာသာရပ်မျိုးဆိုရင်တော့ အလုပ် အတွေ့ အကြုံမလိုတာတွေလည်းရှိပါတယ်။

ကြာမြင့်ချိန် တစ်နှစ်ခွဲကနေ နှစ်နှစ်အထိကြာမြင့်နိုင်ပါတယ်။ နာမည်ကြီး တက်က္ကသိုလ်တွေရဲ့ကုန်ကျစရိတ်က တစ်နှစ်ကို US$ 35000 ကနေ 45000 ခန့်အထိရှိပါတယ်။ ကျောင်းလခ နဲ့နေထိုင်စားသောက်စရိတ်ပေါင်းလိုက်ရင် တစ်နှစ်ခွဲ နှစ်နှစ်ကို မြန်မာငွေသိန်း ၁၈၀၀- ၂၀၀၀ ခန့်လောက်ကုန်ကျ တတ်ပါတယ်။ Ranking နိမ့်တဲ့ တက္ကသိုလ်တွေဆိုရင်တော့ (USA/Australia/Canada) သုံးနိုင်ငံလုံးမှာ စာသင်စရိတ်နဲ့ နေထိုင်စား သောက်စ ရိတ်ပေါင်း (၁)နှစ်ခွဲ (၂)နှစ်ကို သိန်း ၈၀၀ ကနေ ၁၂၀၀ ခန့်ကုန်ကျပါတယ်။  

နာမည်ကြီးတက္ကသိုလ်တွေကိုလျောက်ထားချင်တယ်၊ တိုက်ရိုက်ဝင်ခွင့် မရနိုင်ဘူး၊ GRE-GMAT ရမှတ်တွေမရှိဘူးဆိုရင် Pre-Master ကနေစတက်ကြရပါတယ်။ Pre-Master မှာ GRE-GMAT တွေပြင်ဆင်ပေးပါတယ်။ ၆ လ- ၈ လ စသဖြင့်ကြာ မြင့်ပါတယ်။ Pre-Master အတွက်စာသင်စရိတ် US$ 12000/- ခန့်ကုန်ကျပြီး နောက်ထပ် နေထိုင်စားသောက်စ ရိတ်ပေါင်းရင် Pre-Master အတွက်ကိုပဲ သိန်း ၄၅၀-၅၀၀ ခန့်ကုန်ကျနိုင်ပါတယ်။ ပြီးတော့မှ နောက်ထပ် MBA/Master အတွက်ကုန်ကျစရိတ်ထပ်ပေါင်းရပါမယ်။

ဒါမှမဟုတ်ကိုယ့်မှာရှိ ထားတဲ့ ပညာရေးမှတ်တမ်း၊ အလုပ်အတွေ့အကြုံတွေနဲ့၊ ကုန်ကျစရိတ်အနည်းဆုံးMBA ကို ရှာတက်မယ်ဆို ရင်တော့ ကိုယ်ကြိုက်တဲ့တက္ကသိုလ်ရွေးတက်ဖို့ဖြစ်နိုင်ခြေနည်းပြီး၊ ကိုယ်တတ်နိုင်တဲ့ဘတ်ဂျက်၊ ပညာရေးအရလက်ခံနိုင်တဲ့ နိုင်ငံ၊တက္ကသိုလ်ကိုစဉ်းစားသင့်ပါတယ်။  ဥပမာအနေနဲ့ပေးရရင် အမေရိကန်မှာ Southern New Hampshire University လိုမျိုးဘတ်ဂျက်သက်သာပြီး GRE/GMAT မလိုတာအင်တာနက်ကရှာ လျောက်ဖို့ အကြံပေးပါတယ်။ 

Book Appointment >