Cambridge iGCSE နဲ့ Edexcel iGCSE ဘာကွာလဲ

Category: iGCSE Preparation

CIE နဲ့ Edexcel iGCSE တို့ကိုအရည်အသွေးပိုင်းအရ နိုင်ငံတကာတက္ကသိုလ်တွေရဲ့အသိအမှတ်ပြုမှုအပိုင်းမှာ သိသိသာသာကွဲပြားတာမရှိပါ။.ဘာသာရပ်ပိုင်းဆိုင်ရာသင်ယူမှုအပိုင်းမှာတော့ ကွဲပြားတာတွေရှိပါတယ်။ ဥပမာ CIE ရဲ့ အင်္ဂလိပ်စာဟာ Edexcel ထက်ပိုလွယ်ကူပြီး၊ သင်္ချာဘာသာမှာတော့ Edexcel ထက်ပိုခက်တယ်လို့ယူဆထားချက်တွေရှိပါတယ်။ နောက် Physics လိုဘာသာရပ်မျိုးတွေမှာCIE နဲ့ Edexcel တို့ကွာခြားချက််တစ််ချို့ရှိပါတယ််။ နောက် CIE ရဲ့ Physics နဲ့ Chemistry မှာခေါင်းစဉ်ရွေးချယ်ဖြေဆိုနိုင်မှုနဲ့ပတ်သက်ပြီးကွဲပြားမှုတစ်ချို့ရှိတယ်ဆိုပါတယ်။
.
နောက်တစ်ခုမေးကြတာက စင်ကာပူအစိုးရကျောင်းတွေလျောက်ဖို့ဆို CIE က Edexcel ထက်ပိုကောင်းတယ်ဆိုတာမှန်ပါသလား?.အဲဒီလိုပြောလို့မရပါဘူး။

ဘာကြောင့်လဲဆို စင်္ကာပူအစိုးရကျောင်း ပိုလီဝင်ခွင့်အတွက်ဦးစာပေးခေါ်ယူတဲ့ လက်မှတ်ကတော့ စင်္ကာပူအစိုးရတဲ့ Cambridge International Examination တို့ပူးပေါင်းကျင်းပစစ််ဆေးပြီးလက်မှတ်ထုတ်ပေးတဲ့ Singapore-Cambridge GCE ‘O’ ဆိုတာသီးသန့်ရှိလို့ပါ။ မြန်မာပြည်ကဖြေတဲ့ CIE လက်မှတ််နဲ့မတူပါဘူး။.နောက် CIE ရော Edexcel iGCSE ရော င်္စကာပူအစိုးရတက္ကသိုလ်တွေကို တိုက်ရိုက်လျောက်ခွင့်မရှိပါဘူး။ အထက်ကပြောခဲ့တဲ့ Singapore-Cambridge GCE”O” မှာအမှတ်အကောင်းဆုံးကလေးတွေဟာ အစိုးရ Junior ကောလိပ်တွေမှာ (၂)နှစ်ဆက်လက်တက်ရောက်ပြီးမှ Singapore-Cambridge GCE “A” စာမေးပွဲကိုထပ်မံဖြေဆိုကြရပါတယ်။အဲဒီရမှတ်တွေထဲက အကောာင်းဆုံးကျောင်းသားတွေကမှ NUS, NTU, SUTD, SMU စတဲ့ကျောင်းတွေကလက်ခံပါတယ်။ အဆင်ပြေကြပါစေ။