Primary-Secondary in Singapore

Category: Primary Secondary in Singapore

စင်္ကာပူနိုင်ငံမှာ Primary / Secondary အစိုးရကျောင်းများသို့ဝင်ခွင့်ရဖို့ အတွက် ကလေးများအသက်အရွယ်အလိုက် အစိုးရကျင်းပသော PSLE (Primary School Leaving Examination) နဲ့ Secondary အရွယ်များအတွက် AEIS (Admission Exercise for International Student) စာမေးပွဲများကို ကလေးအသက်အရွယ်လိုက်သတ်မှတ်ထားသည် အတန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး မြန်မာနိုင်ငံကျောင်းသားတွေဝင်ခွင့်ရရှိမှုအလွန်နည်းသွားလို့ဝင်ခွင့်နဲ့ပတ်သက်ရင်တော့အာမခံချက်မရှိပါဘူး။

CROWN Education အနေနဲ့ တော့လောလောဆယ် စင်္ကာပူနိုင်ငံမှာလာရောက်ဖွင့်လှစ်ထားတဲ့ International School များကိုပြောင်းရွှေ့စာသင်ဖို့အကူအညီပေးပါတယ်။

St Francis Methodist School, Canadian International School, Stamford American International School တို့ကိုပြောင်းရွှေ့ပညာသင်ကြားမယ်ဆိုရင် ကလေးအသက်အရွယ်နဲ့အတန်းအလိုက် S$ 19000- 25000- 40000 စသဖြင့် တစ်နှစ်စာပညာသင်ကြားစရိတ်ကုန်ကျပါတယ်။ နေစရိတ်စားစရိတ်အပြီးဆို တစ်နှစ် S$ 40000 ကနေ S$ 75000 အထိကုန်ကျစရိတ်ရှိပါတယ်။ ကလေးနဲ့အတူ အမေသို့မဟုတ် အဖွားတစ်ယောက်ယောက် အုပ်ထိမ်းသူအဖြစ်လိုက်ပါနိုင်ပါတယ်။  သူတို့အတွက် နောက်ထပ်ကုန်ကျစရိတ်တွေရှိနိုင်ပါတယ်။

Book Appointment >