ACT - GAC Program

မောင်လေးအနေနဲ့ University of Sussexမတက်ဖြစ်ခင်ပြင်ဆင်ဖြစ်ခဲ့တာလေးတွေ ပြောပြပေးပါဦး…

ကျနော်မြန်မာနိုင်ငံမှာ ဆယ်တန်းပြီးပြီးချင်း American College Program (ACT-GAC)တစ်နှစ် တက်ရောက်ပြီးတာနဲ့ Sussex ကို လျှောက်ထားခဲ့ပါတယ်။ ACT-GAC ပြီးထားတဲ့အတွက် ယူကေမှာ Foundation Year ၁နှစ်ကိုလုံးဝတက်စရာမလိုတော့ဘဲ University of Sussexရဲ့ ပထမနှစ်ကို တိုက်ရိုက်တက်ခွင့်ရရှိခဲ့ပါတယ်။ ACT-GACမှာ စာတွေ အရမ်းလုပ်ခဲ့ရတယ်၊ Assignmentနဲ့Presentation တွေအများကြီးလုပ်ခဲ့ရပါတယ်။ American College Programက ဆရာ၊ဆရာမတွေအနေနဲ့လည်း ကျောင်းသားတစ်ဦးချင်းစီကို သေသေချာချာအနီးကပ်သင်ကြား ပို့ချပေးခဲ့တဲ့အတွက် အခုယူကေမှာ တက်နေတဲ့ ၃နှစ် အတွင်း အခက်အခဲ တစ်စုံတစ်ရာမှမရှိဘဲ လုပ်နိုင်ခဲ့တဲ့အပြင် Student Representative တစ်ယောက် အနေနဲ့ ကျောင်းက activity တွေမှာပါ ပါဝင်လုပ်ဆောင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။

American College Programရဲ့ အားသာချက်ကတော့ နိုင်ငံတကာက တက္ကသိုလ်တွေ တက်တဲ့အခါ လိုအပ်တဲ့ Academic Knowledge, Academic English, Mathematics, Computing, Business, Science & Social Science, Psychology, Communication Skills နှင့် Study Skills for Independent Learning Skills စတာတွေကို စနစ်တကျ သင်ပေးတာ ဖြစ်တဲ့အတွက် ညီတွေ၊ညီမတွေကိုလည်း သေချာပြင်ဆင်စေချင်ပါတယ်။

University of Sussexက Bachelor Programပြီးတဲ့အခါ ဘယ်Universityရဲ့ Master Program ကို ဆက်တက်ဖို့စဉ်းစားထားလဲဆိုတာလေးလည်းပြောပြပေးပါဦး…

အခုတက်နေတဲ့ International Business Managementပြီးတဲ့အခါ Master မှာ Tourismတက်မယ်လို့စဉ်းစားထားတယ်။တက္ကသိုလ်အနေနဲ့ကတော့ University of Surreyကိုကြည့်ထားပါတယ်။ ယူကေမှာ University of Surreyရဲ့ Hospility & Tourismက Ranking နံပါတ်တစ်ဖြစ်တဲ့အတွက် Master တက်ဖို့အတွက်စဉ်းစားထားပါတယ်ခင်ဗျ။

မြန်မာကျောင်းသားတစ်ယောက်အနေနဲ့ နိုင်ငံတကာက iGCSE ‘A’levelနဲ့ အခြားeducation backgroundတွေက လာတဲ့ကျောင်းသားတွေနဲ့ယှဉ်ရင်ရောဘယ်လိုကွာခြားချက်တွေရှိလဲသိပါရစေ…

ဟုတ်ကဲ့ iGCSE‘ A’ levelကကျောင်းသားတွေနဲ့တင်မကဘဲ nativeကျောင်းသားတွေနဲ့ပါ ယှဉ်ပြီးစာလုပ်နိုင်ပါတယ်။ အတန်းထဲမှာလည်း Second Upper Classအနေနဲ့ရပါတယ်။

Business မှာ ranking ကောင်းတဲ့ University of Sussex လို ကျောင်းမှာ တက်မယ့် မြန်မာနိုင်ငံက ကျောင်းသားတွေအနေနဲ့ တခြားဘာတွေပြင်ဆင်ထားသင့်လဲ?

ကျနော်ကတော့ ငယ်ငယ်ကတည်းက အင်္ဂလိပ်ကျောင်းတက်တာမဟုတ်ဘဲ မြန်မာကျောင်းကနေ ဆယ်တန်းပြီးခဲ့တာပါ။ ဆယ်တန်းပြီးတော့ ရန်ကုန်က CROWN Educationမှာ American College Program (ACT-GAC) တက်ခဲ့တာပါ။ Foundationတက်တဲ့အခါမှာ သေချာလေ့လာခြင်းဖြင့် ကိုယ် ဘယ်Universityကိုပဲတက်နေနေ လိုအပ်တဲ့Skillsတွေအကုန်လုံးကို ACT-GAC မှာသင်ကြားပေးတဲ့ အတွက် ဒီဘက်ရောက်တဲ့အခါမှာ စာတွေလည်း လိုက်နိုင်တဲ့အပြင် Communicateကောင်းကောင်း လုပ်နိုင်ပါတယ်ခင်ဗျ။

UKက တခြားUniversityတွေနဲ့ယှဉ်တဲ့အခါ Sussexရဲ့အားသာချက်တွေနဲ့သဘောကျတဲ့အချက်လေး တွေရှိရင်လည်းပြောပြပေးပါဦး…..

အားသာချက်ကတော့ Campusလို့ပဲပြောရမှာခင်ဗျ။Campusလည်းကျယ်တယ် ရာသီဥတုကလည်းတခြားမြို့တွေနဲ့မတူဘူး။ ကမ်းခြေမြို့ဖြစ်တဲ့အတွက် ရာသီဥတုကလည်းကောင်းတယ်။ ကျောင်းCampusကကျယ်တဲ့အတွက် အသက်ရှုချောင်တယ်လို့ခံစားရတယ်။ Transportationကလည်း ၂၄နာရီပြေးဆွဲပေးပါတယ်။ University of Sussex မှာသဘောအကျဆုံးကတော့ Libraryပဲခင်ဗျ။ Libraryကလည်းအကျယ်ကြီးပဲ၊ စာအုပ်စာတမ်းတွေလည်းအများကြီးရှိတဲ့အပြင် သူငယ်ချင်းတွေနဲ့အတူတူ စာလုပ်ရတဲ့အတွက်လည်းပျော်ဖို့ကောင်းပါတယ်။

ခုလိုစိတ်ရှည်ရှည်နဲ့ အတွေ့အကြုံတွေဝေမျှပေးတဲ့ မောင်လေး ရှိုင်းထက်အောင်ကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ဟုတ်ကဲ့ ကျနော့အနေနဲ့လည်း ပြည်ပမှာတက်ရောက်ရတဲ့ အတွေ့အကြုံတွေကို ဝေမျှပေးခွင့်ရလို့ ဝမ်းသာပါတယ်ခင်ဗျ။

Book Appointment >