Scholarships

ယူကေအဆင့်မြင့်တက္ကသိုလ် University of East Angeliaတွင် INTO Newton A-Level Medicine Program တက်ရောက်သင်ကြားရန် ပညာသင်ဆုပမာဏ £22,800 ဖြင့် ကမ်းလှမ်းခံရသည့် ကျောင်းသူ မပန်းအိမ့်မှူးကြိုင်အတွက် CROWN Education မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Newton A-Level သည် iGCSE ၊ မြန်မာဆယ်တန်း ဖြေဆိုအောင်မြင်ထားပြီး အင်္ဂလန်တွင် ဆေးပညာကို လေ့လာသင်ယူလိုသည့် ကျောင်းသူ၊ ကျောင်းသားများ ရွေးချယ်သင့်သည့် A-level ပရိုဂရမ်တစ်ခုဖြစ်ပါသည်။.

Newton A Level Program ရွေးချယ်တက်ရောက်ခြင်း၏ အားသာချက်များ-

ယူကေရှိ A level သင်ကြားပေးမှုမှာ အကောင်းဆုံး Program တစ်ခုအဖြစ် ယနေ့ချိန်ထိ ရပ်တည်နေခြင်း၊

ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်သည့် UK Clinical Aptitude Test (UKCAT), Biomedical Admissions Test (BMAT) အစရှိသော Test များ ဖြေဆိုနိုင်ရန်အတွက်ပါ စနစ်တကျလေ့ကျင့်ပြင်ဆင်ပေးခြင်း ၊

ကျောင်းသူ၊ကျောင်းသား တစ်ဦးချင်းစီအလိုက် မိမိတို့တက်ရောက်လိုတဲ့ Dream University (University of Cambridge, University of Oxford, Imperial College London, London School of Economics နှင့် University College London) တက္ကသိုလ်ဝင်ခွင့်များကို အတိအကျရဖို့အတွက် ကူညီပေးနိုင်ခြင်း၊

ကျောင်းတက်နေစဉ် ကျောင်းသား/သူများအတွက် Internship and placement opportunitiesအများဆုံးရရှိစေနိုင်ခြင်း၊

Cambridge နဲ့ Oxford တက္ကသိုလ်ဝင်ခွင့်ရရှိနိုင်ဖို့ ကူညီပေးနိုင်မှုမှာ 100% အထိ ရှိခြင်း၊

A Level တက်နေစဉ် ကာလတွင်းမှာပင် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုများ ၊ အင်တာဗျူးပြင်ဆင်မှုများ စသည့် ကိစ္စအဝဝအတွက် Personal Tutor များထားရှိပေးထားပြီး ၎င်းတို့မှာ ကျောင်းသား တစ်ဦးချင်းစီအတွက် အကြံပေး ကူညီပေးခြင်း၊

Medical School ဆက်သွားလိုသူ ကျောင်းသား/သူတိုင်းအတွက် လိုချင်တဲ့ ကျောင်းဝင်ခွင့်ရရှိနိုင်ဖို့ ကူညီပေးနိုင်မှု 92% ရှိခြင်း၊

A*အများဆုံးထွက်ရှိအောင် သင်ကြားပေးနိုင်မှုမှာ 91% ရှိခြင်း၊

ယူကေရှိ အခြားသော Foundation/ University Preparationပရိုဂရမ်များနှင့် မတူဘဲ University of East Angliaမှ University Campus Life အပြည့်အဝ ရရှိနိုင်ခြင်း၊ တစ်တန်းလျှင် ကျောင်းသား (၇)ဦးသာ ထားရှိသင်ကြားပေးခြင်း စတဲ့ စတဲ့အချက်တွေကြောင့် ယူကေတွင် A Level ပြင်ဆင်လိုသူ ကျောင်းသူ၊ကျောင်းသားတိုင်းရဲ့ ရွေးချယ်တက်ရောက်မှုအများဆုံး Programတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

ဒါတင်မကဘဲ Newton A-Level တက်ရောက်ရမည့် University of East Anglia သည် ယူကေတွင် လုံခြုံမှုအရှိဆုံးမြို့များစာရင်းတွင် ပါရှိသလို ကမ္ဘာပေါ်ရှိ အကောင်းဆုံးစာရင်းဝင် မြို့ငယ်လေးတစ်မြို့ဖြစ်သည့် Norwich မြို့တွင်တည်ရှိခြင်းကြောင့် မိဘများမှ စိတ်ချယုံကြည်စွာ ရွေးချယ်ကြပါသည်။

Book Appointment >