Scholarships

University of the Thai Chamber of Commerce (UTCC)ရှိ Bachelor of Business Administration (UTCC), Bachelor of Business (University of Newcastle, UON) ပရိုဂရမ်များကို UTCC Gold Scholarship နှင့်အတူ ကျောင်းလခ (၄)နှစ်စာ သက်သာစွာဖြင့် သင်ကြားခွင့်ရရှိသည့် မစိမ့်နေခြည်ဉီးအတွက် CROWN Education မိသားစုမှ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ထိုင်းနိုင်ငံပညာရေး စိတ်ဝင်စားကြသည့် ကျောင်းသူ ကျောင်းသားများအတွက် UTCCတွင် ယနေ့ခေတ်နှင့်လိုက်လျောညီထွေမှုရှိသည့် –
•International Business Management,
•Hospitality Business Management,
•Accountancy ဘာသာရပ်များကို အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားနိုင်သလို (စာသင်ကြားရေးအတွက် ထိုင်းစာ ကျွမ်းကျင်မှုရှိထားရန်မလိုအပ်ပါ) တစ်ချိန်တည်းတွင် နိုင်ငံတကာအသိအမှတ်ပြု Bachelor Degree (၂)ခု ရယူလိုသည့် ကျောင်းသူ ကျောင်းသားများအတွက် Bachelor of Business Administration (UTCC) | Bachelor of Business Innovation and Entrepreneurship (UON) အပြင် Bachelor of Accountancy (UTCC) | Bachelor of Commerce (UON)လို “Two Degrees, One Program” လည်း ရှိပါသည်။

UTCC ကျောင်းဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ။ ဘယ်လိုပညာသင်ဆုတွေရှိလဲ။
မြန်မာဆယ်တန်း သို့မဟုတ် GED ဖြေဆိုအောင်မြင်ထားတဲ့ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ပထမနှစ်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာဖြစ်ပါသည်။

UTCC 4 years Bachelor Degree ပရိုဂရမ်များအတွက် –
•UTCC GOLD Scholarship (ကျောင်းလခ ၅ဝ% သက်သာခွင့်)
•UTCC Silver Scholarship (ကျောင်းလခ ၃ဝ% သက်သာခွင့်)
•UTCC ASEAN Full Grantနဲ့
•Rattanamongkol Scholarship လျှောက်ထားနိုင်ပြီး မိမိတို့ရရှိသည့် ပညာသင်ဆုအလိုက် ကျောင်းလခသက်သာခွင့်ရရှိမည်ဖြစ်ပါသည်။

UTCC Bachelor Degree Scholarships လျှောက်ထားဖို့ ဘာတွေပြင်ဆင်ထားရမလဲ။
၁။ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊
၂။ အင်္ဂလိပ်စာအရည်အချင်း အထောက်အထား (IELTS Overall Band Score – 5.0 and above သို့မဟုတ် IELTS မရှိထားသူများအနေဖြင့် UTCC English Placement Test ဖြေဆိုလျှောက်ထားနိုင်ပါသည်)၊
၃။ Passport မူရင်း၊
၄။ UTCC Application Form
၅။ Statement of Purpose
၆။ မိမိကိုယ်တိုင်ဖန်တီးထားသည့် Portfolio (သို့မဟုတ်) Personal Statement နှင့်အတူ လျှောက်ထားရန်လိုအပ်ပြီး UTCCမှ စစ်ဆေးသည့် Interviewကိုပါ ဖြေဆိုအောင်မြင်ဖို့လိုအပ်ပါသည်။

(၂ဝ၂၃)ခုနှစ်အတွက် UTCC တွင် တက်ရောက်သင်ယူနိုင်မည့် Bachelor Degree Programများနှင့်အတူ ကျောင်းဝင်ခွင့်ဆိုင်ရာအချက်အလက်များအတွက် အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-01-22/33/44 သို့ Monday-Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ပါသည်။

Book Appointment >