ကနေဒါ Visa Process

1.      Canada Visa အတွက် Deposit ငွေသွင်းပြီးနောက် College/ University မှ လက်ခံစာ (LOA) ကိုလက်ခံရရှိပါမည်။

2.      ထို့နောက် သင်၏ Online လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ် စတင်ရန် အတွက် အောက်ပါ link တွင် Account တစ်ခုဖန်တီးရန် လိုအပ်ပါသည်။

https://www.canada.ca/en/immigration-refugees-citizenship/services/application/account.html

3.      သင်၏ Profile အား ဖြည့်လိုက်သည် နှင့် သင့် Application ကို ဖြည့်ရန် ရက် ၆၀ အချိန်ရရှိပါမည်။

4.      ထို့နောက် လိုအပ်သော ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ၊ Form များနှင့် အထောက်အပံ့ ငွေကြေး ဆိုင်ရာ စာရွက်စာတမ်းများကို ထို Portal တွင် တင်ရန် လိုအပ်ပါသည်။ သင် Application Form တင်သောအခါ Study Permit Application fees အဖြစ် Canadian Dollar 235 ကို Visa/ Master Card များဖြင့် ပေးချေနိုင်ပါသည်။

5.      ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် အတွက် အောက်ပါ Link တွင် ကြိုတင်ရက်ချိန်း ယူရပါမည်။ https://secure.cic.gc.ca/pp-md/pp-list.aspx

ကျန်းမာရေး စစ်ဆေးမှုကို Online Study Permit Application process မတိုင်မီ (သို့မဟုတ်) အပြီးတွင် ပြုလုပ်နိုင်ပါသည်။ ရလဒ်များကို ကနေဒါလူဝင်မှုကြီးကြပ်ရေးသို့ တိုက်ရိုက်ပို့မည် ဖြစ်ပါသည်။

6.      သင်၏ Online Study Permit Application ကို တင်ပြီးတာနှင့် ရက်သို့မဟုတ် ရက်အကြာတွင် Portal ထဲတွင် Biometrics Instruction Letter ကို သင် ရရှိမည် ဖြစ်ပါသည်။ Letter ကို ယူ၍ Visa Application Center သို့  သွားပါ။

7.      အောက်ပါ link မှ Application စင်တာတွင် biometrics ပေးရန်အတွက် ရက်ချိန်းယူရပါမည်။ https://visa.vfsglobal.com/mmr/en/can/book-an-appointment

8.      Biometric ပေးပြီးနောက် သင်၏ Application အခြေအနေ နှင့် ပတ်သက်၍ ကနေဒါလူဝင်မှုကြီးကြပ်ရေးမှ Message တစ်စုံတစ်ရာ အကြောင်းကြားထားခြင်းရှိ မရှိကို သင်၏ Email ကို ပုံမှန် စစ်ဆေးပေးပါ။ ၎င်းတို့၏ Website တွင် 23.09.2021 ရက်စွဲပါ ဖော်ပြထားခြင်းအရ 11 Weeks နှင့် အထက် ကြာနိုင်ပါသည်။

9.      Visa Application Center သင်၏ Passport ပေးရန် Email ရောက်လာတာနဲ့ တပြိုင်နက် (ဆိုလိုတာက Study Permit Approval ကို သင်ရရှိပြီ ဖြစ်ကြောင်း) ၊ ဗီဇာတံဆိပ်တုံးကိုရယူရန် သင်၏ Passport နှင့် biometrics လက်ခံဖြတ်ပိုင်းများကို ယူ၍ Center ကိုသွားပါ။

10.   1 or 2 Weeks ကြာပြီးနောက် သင်၏ Passport ကို Canada Study Permit Approval တံဆိပ်ထုထားပြီး ပြန်လည်ရရှိပါမည်ဖြစ်ပါသည်။

အင်္ဂလန် Visa Process

UK Student Visa လျှောက်ရန် လိုအပ်ချက်များ

1.     သက်ဆိုင်ရာ ကျောင်း မှ Confirmation of Acceptance for Studies (CAS) နှင့် သက်တမ်းရှိ Passport ရရှိထားပြီး ဖြစ်ရပါမည်။

2.     IOM အဖွဲ့အစည်းမှ အသိအမှတ်ပြု TB test စစ်ထားရန် လိုအပ်ပါသည်။ TB စစ်ရန် ဖုန်းနံပါတ် -09 254036310သို့ ဖုန်းဆက်ပြီး ကြိုတင် ရက်ချိန်းယူရန် လိုအပ်ပါသည်။

3.     မိဘ /ကျောင်းသား ၏ ဘဏ်စာအုပ်ထဲတွင် သက်ဆိုင်ရာ ကျောင်းအလိုက် ကုန်ကျမည့် ကျောင်းလခ နှင့် နေထိုင်စားသောက် စားရိတ် (စာသင်နှစ် တစ်နှစ်စာကာလ) စုစု‌ပေါင်း ပမာဏ ကို သတ်မှတ် ကာလအတိုင်း ကြိုတင် ထည့်သွင်းထားရပါမည်။ သတ်မှတ် ကာလမှာ ဗီဇာ မ၀င်ခင် အနည်းဆုံး (၂၈) ရက် ကြိုတင်ထည့်သွင်း ထားရမည် ဖြစ်ပါသည်။ နေထိုင်စားသောက်စရိတ် ပမာဏအား ဘဏ်စာအုပ်ထဲ ထည့်သွင်းပြသရာတွင် UK Visa and Immigration (UKVI) မှ သတ်မှတ်ထားသည့် ပမာဏ အတိုင်း ထည့်သွင်းပြသပေးရန်လိုအပ်ပါသည်။

** London မြို့တွင်း ကျောင်းတက်မည့် ကျောင်းသားများအတွက် £12006 ထည့်သွင်း ပြသရန် လိုအပ်ပြီး
** London
မြို့ပြင်ပတွင်  ကျောင်းတက် မည့် ကျောင်းသားများအတွက် £9207  ပြသပေးရန် လိုအပ်ပါသည်။ မိဘ၏ဘဏ်စာအုပ် အသုံးပြုမည့်ကျောင်းသား/သူများ အနေဖြင့် မိဘမှ Financial Consent Letter ရေးပေးရန် လိုအပ်ပါသည် ။

4.     Visa fees နှင့် Immigration Health Surcharge (IHS) fees များကို ပေးသွင်းရန် အတွက် Visa Debit/Credit Card ကြိုတင်လုပ်ထားရန် လိုအပ်ပါသည်။

5.     အသက် (၁၈) နှစ်အောက် ကျောင်းသား/သူ များဖြစ်ပါက မိဘမှ Parental Consent Letter ရေးပေးရန် လိုအပ်ပါသည်။

6.     အောင်လက်မှတ် ၊ အမှတ်စာရင်း၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်း စသည့် မြန်မာလို ရေးသားထားသည့် စာရွက်စာတမ်း များကို Notary လုပ်ထားရန် လိုအပ်ပါသည်။

7.     ကျောင်းသား/သူများ အနေဖြင့် မိမိတို့ ပညာသင်ကြားမည့် Level ပေါ်မူတည်၍ ထပ်မံတင်ပြရန် လိုအပ်သည့် စာရွက် စာတမ်းများ ရှိနိုင်သဖြင့်  သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ကြိုတင် ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ထားရန်လိုအပ်ပါသည်။

8.     အထက်ပါ အချက်အလက်များ ပြည့်စုံပါက UK Student Visa များကို မိမိတက်ရောက်မည့် ကျောင့်ဖွင့်ရက်ထက် အချိန် ()လခန့် အလိုတွင် စတင်၍ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

9.     ဗီဇာ လျှောက်ထားရာတွင် လိုအပ်သည့် အသေးစိတ် အချက်အလက်များကိုလည်း 

www.gov.uk/Student-visa website တွင် ကြိုတင်လေ့လာ နိုင်ပါသည်။

စင်္ကာပူ Visa Process

Singapore ကျောင်းများ သို့ မြန်မာကျောင်းသားများ ယခုအချိန်တွင် Student Pass လျှောက်မည် ဆိုပါက မရနိုင်သေးပါ / Reject ဖြစ်ဖို့ 99% ပါ။

ယခု အနေအထားအရ Student Pass Approval ရရှိထားပြီး ပြည်၀င်ခွင့် မရရှိသေးသော ကျောင်းသားများသည် အောက်ပါ Email Address 3 ခုထံ Email ပို့၍ ကြိုးစားကြည့်နိုင်ပါသည်။

Safe travel office –  SafeTravelOffice@ica.gov.sg

Prime Minister's office –  PMO_HQ@pmo.gov.sg

MOE –  MOE_QSM@moe.gov.sg 

Email ထဲတွင် ယခုအတိုင်းဆိုလျှင် အခြားကျောင်းသို့ပြောင်းတက်ရန် ရှာရတော့မည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံမှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများ ၊ Pandemic အခြေအနေများကြောင့် အစစအရာရာ အခက်အခဲ ရှိနေကြောင်း ၊ ထို့အပြင် ယခု အခါ Singapore နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ရရှိရန် ခက်ခဲနေမှုများကို သေချာစွာ ရေးသားရပါမည်။ ထို့အပြင် အနာဂတ်တွင် မရေရာ မသေချာမှုများ နှင့် စိုးရိမ်ပူပန်မှုများကြောင့် ကလေးများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းများဖြင့် စင်္ကာပူနိုင်ငံသို့ ၀င်ရောက်ခွင့်ပြုရန် စဉ်းစားပေးစေလိုကြောင်း စသဖြင့် ရေးသား၍ Email ပို့ရပါမည်။

၎င်းတို့ဘက်မှ ပြန်လည် အကြောင်းလာသည်နှင့် တပြိုင်နက် Safe Travel Portal ထဲသို့ log in ၀င်၍ Apply လုပ်ရန် အချိန်တိုင်း ကြိုးစားကြည့်ပါ။ ကျောင်းသားအချို့ ဤနည်းအတိုင်းလုပ်ဆောင်၍ Approval ရရှိလာပါသည်။ ကျောင်းသားများကတော့ လက်ရှိ ထိုင်းနိုင်ငံကနေ စင်ကာပူထဲကို ၀င်မှာဖြစ်ပါတယ်။

**** ယခုအကြောင်းအရာများကို CIS မှ တရား၀င်ဖော်ပြထားခြင်းမရှိပါ  

ထိုင်း Visa Process

Thailand Visa Process

1. ကျောင်းသားများသည် ထိုင်းနိုင်ငံသို့ Visa လျှောက်ရာတွင် သက်ဆိုင်ရာ ကျောင်းများမှ Visa Documents များ လက်ခံရရှိပြီးနောက် Royal Thailand Embassy, Yangon သို့ အောက်ပါ စာရွက်စာတမ်းများကို အရင်ဆုံး Email ပို့ရပါမည်။ တင်ပြပေးရမည့် စာရွက်စာတမ်းများမှာ 

သင်တက်ရောက်မည့် တက္ကသိုလ်မှ နောက်ဆုံးပို့ထားသည့် Acceptance Letter

Updated ငွေကြေးအထောက်အထား (ဥပမာဘဏ်စာအုပ် သို့မဟုတ် ဘဏ်စာရင်းရှင်းတမ်း)

သန်းခေါင်စာရင်း

Passport

အနည်းဆုံး ဒေါ်လာ ၁၀၀,၀၀၀ ဖြင့် ၆ လသက်တမ်း ရှိသော ကျန်းမာရေးအာမခံ ။

Complete ဖြစ်ပြီး Sign ထိုးထားသော Visa Application Form

2. ထို့နောက် သံရုံးမှ Appointment ပေးလာသောအခါ Passport မှာ တံဆိပ်တုံးသွားထုရပါမည် (Visa Application Fees – USD 80)

3. သွားရန် ခွင့်ပြုချက်ရသောအခါ ကျောင်းသားသည် COE (၀င်ခွင့်လက်မှတ်) ကို online တွင် မှတ်ပုံတင်ရန် လိုအပ်ပြီး ထွက်ခွာရန် ၁၀ ရက်မတိုင်မီ COE သို့ တင်ပြရန်လိုအပ်ပါသည်။ COE တင်ပြတဲ့အခါ ကျောင်းသားသည် ASQ ဟိုတယ် quarantine နှင့် လေယာဉ်လက်မှတ် ကို ကြိုတင်စီစဥ် ထားရပါမည် ။

4. ကျောင်းသားသည် မထွက်ခွာမီ ၇၂ နာရီအတွင်း ‘’Fit to Fly” Health Certificate ထုတ်ပေးရန် နှင့် ထွက်ခွာချိန်မတိုင်မီ ၇၂ နာရီအတွင်း COVID-19 (RT-PCR စစ်ဆေးခြင်း) ကိုကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပါသည်။

5. လေယာဥ်ကွင်းတွင် ပြရန်လိုအပ်သော စာရွက်စာတမ်းများမှာ 

Certificate of Entry (COE)

တရား၀င် Visa ရှိသော Passport

Declaration form

Covid 19 မတွေ့ရှိကြောင်း ဖော်ပြသော ဓာတ်ခွဲခန်းအဖြေ နှင့် ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (ထွက်ခွာခြင်းမပြုမီ ၇၂ နာရီအတွင်း RT_PCR နည်းလမ်းဖြင့် စစ်ဆေးထားသော COVID စစ်ဆေးမှုဖြစ်ရမည်)

COVID 19 ခရီးသွား အာမခံလက်မှတ်

ASQ Hotel Booking အတည်ပြုစာရွက်

T8 Health Form

ဖုန်းထဲတွင် ThailandPlus mobile application ကို Download လုပ်ထားရန်။