News

(၁) ပညာရေးဆိုင်ရာ ထူးချွန်မှတ်တမ်းများရှိခြင်း

မြန်မာအစိုးရ (၁ဝ) တန်း ပညာရေးတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ထားပြီး နောက်ခံပညာရေးတွင်လည်း အခြားသော ပညာရေးဆိုင်ရာ ထူးချွန်မှုမှတ်တမ်းများ ရရှိထားသော ကျောင်းသူ၊ကျောင်းသားများဖြစ်ပါက တက်ရောက်ရန် အထူးသင့်တော်ပါသည်။

ဤ Program မှတဆင့် ကမ္ဘာ့ Ranking မြင့် ကျောင်းများတွင် ပညာဆက်လက် သင်ယူရမှာဖြစ်သည့်အတွက် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မှန်ကန်သည့် ပညာရေးလမ်းကြောင်း ရွေးချယ်မှုဖြစ်လာနိုင်ရန် မိမိတို့၏ စာလေ့လာနိုင်စွမ်းရည်များကို ပြန်လည်ဆန်းစစ်ပြီးမှသာ ရွေးချယ်သင့်ကြောင်း အကြံပြုလိုပါသည်။

(၂) Ranking မြင့် တက္ကသိုလ်များ(သို့) ဆေးတက္ကသိုလ်များတွင် ပညာသင်ယူလိုခြင်း

OSSD ၏ အားသာချက်တခုမှာ “Canadian High School Diploma” ဖြစ်သော်လည်း နိုင်ငံတကာမှ အသိအမှတ်ပြုထားသော Grade 12 လက်မှတ်တခုဖြစ်သောကြောင့် Ranking မြင့်တက္ကသိုလ်များ၏ ပထမနှစ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ဆေးပညာ ဆက်လက်သင်ယူလိုသော ကျောင်းသားများအတွက် GCE A Level အစား OSSD ကို အချိန်တိုအတွင်း ပြောင်းလဲပြင်ဆင်နိုင်ပြီး ဆေးဘက်ဆိုင်ရာနှင့် Ranking မြင့်သော ကျောင်းများကိုရည်ရွယ်ထားသော ကျောင်းသားများအတွက် အထူးသင့်တော်ပါသည်။

(၃) ‌ဘဏ္ဍာရေးဆိုင်ရာ လုံလောက်စွာ ပံပိုးမည့် မိဘ/ဆွေမျိုးသားချင်း ရှိခြင်း

OSSD Program ဖြင့် နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် Foundation Year ကင်းလွတ်ခွင့်ရသော်လည်း OSSD နှင့် ဆက်သွားရမည့် ပညာရေးလမ်းကြောင်းတွင် နိုင်ငံ၊ကျောင်း၊ဘာသာရပ်အလိုက် ကုန်ကျစရိတ်များပြားနိုင်သည့်အတွက် မိဘ/အုပ်ထိန်းသူများသည် ဘဏ္ဍာရေးဆိုင်ရာ ရေရှည်ထောက်ပံ့ပေးရန် လိုအပ်ပါသည်။

(CROWN-RAIရှိ OSSD ကျောင်းသူ၊ကျောင်းသား တစ်ဉီးချင်းစီ၏ ပညာရေးဆိုင်ရာထူးချွန်မှုမှတ်တမ်းများအပေါ်မူတည်ကာ နိုင်ငံတကာ Rankingမြင့်ကျောင်းဝင်ခွင့်များနှင့်အတူ ပညာသင်ဆုများကို အကောင်းဆုံးလျှောက်ထားပေးလျက်ရှိပါသည်)

(၄) ကနေဒါနိုင်ငံကို ဦးစားပေး ကျောင်းရွေးချယ်လိုခြင်း

ကနေဒါနိုင်ငံသို့ ပညာတော်သင်သွားလိုသော ကျောင်းသူ၊ကျောင်းသားများ ဦးစားပေးပြင်ဆင်သင့်ပါသည်။ ကနေဒါနိုင်ငံ အပါအဝင် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ယူကေ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဉရောပနိုင်ငံများနှင့် အခြားသော နိုင်ငံများတွင် ဆက်လက်သင်ယူရန်ရည်မှန်းထားပါကလည်း OSSD လက်မှတ်ဖြင့် နိုင်ငံတကာ Ranking မြင့် တက္ကသိုလ်ကြီးများတွင် Foundation Year ကင်းလွတ်ပြီး တိုက်ရိုက်တက်ရောက် သင်ကြားနိုင်ပါသည်။

OSSDလက်မှတ်ဖြင့် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်များအပါအဝင် သြစတြေးလျ၊ စင်ကာပူနိုင်ငံတို့တွင် Foundation Year မလိုပဲ တက်ရောက်နိုင်မှာဖြစ်ပြီး၊ ကနေဒါရှိ အဆင့်မြင့်တက္ကသိုလ်များကိုပါ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။ အခြားသော နိုင်ငံတကာရှိ Ranking မြင့် တက္ကသိုလ်များတွင်လည်း Medicine, Engineering, Business, IT, Science, Arts ဆက်စပ်ဘာသာရပ်များကို စိတ်တိုင်းကျ ဆက်လက်ရွေးချယ်တက်ရောက်နိုင်သည့်အပြင် ထူးချွန်ကျောင်းသူ၊ကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အရေးများ၊ပညာသင်ထောက်ပံ့ကြေးများလည်း (နိုင်ငံတကာမှ ဆေးကျောင်းများ မပါဝင်) ရှိပါသည်။

(၅) အချိန်တိုတွင်း နိုင်ငံတကာအသိအမှတ်ပြု Grade 12 ပြင်ဆင်လိုခြင်း

OSSD Program သည် GCE A Level နှင့် ညီမျှသော ဆယ့်နှစ်တန်းလက်မှတ် “Canadian High School Diploma” ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ ပညာသင်ယူလိုသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် OSSD Grade 12 Program ပြင်ဆင်ရာတွင် (၁ဝ) လမှ အများဆုံး (၁)နှစ် အချိန်ပေးခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြု OSSD လက်မှတ်ရရှိနိုင်မည် ဖြစ်ပါသည်။

ယခုအခါ CROWN Education & Royal Academic Instituteတွင် Canadian High School Diploma, OSSD Grade 12 Program – Batch 6 အတွက် registrationများ စတင်လက်ခံပေးလျက်ရှိပါသည်။ စိတ်ဝင်စား တက်ရောက်လိုသော ကျောင်းသူ ကျောင်းသားများ၊ မိဘများအနေနှင့် ရုံးချိန်အတွင်း +95 (9) 965-085-185, 885-085-185 (Viber) နံပါတ် (သို့မဟုတ်) https://crown.edu.mm/appointment/ တွင်လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >