▣ ကျောင်းသူ ကျောင်းသားများအနေဖြင့် နိုင်ငံတကာ တက္ကသိုလ်ကျောင်းတွေမှာ မေဂျာတွေကို ရွေးချယ်လျှောက်ထားသောအခါ ဘာသာရပ်နယ်ပယ်များ၏ ဆင်တူရိုးမှားသော အခေါ်အဝေါ်တူများ ရှိနိုင်သော်လည်း နယ်ပယ်တစ်ခုချင်းစီ၏ လေ့လာသင်ယူမှုများက ကွဲပြားနိုင်ပါတယ်။
.
▣ စိတ်ပညာဟာ ကျောင်းသားလူငယ်များအကြားမှာလည်း စိတ်ဝင်စားမှုနဲ့ လေ့လာသင်ယူမှုအများဆုံးထဲက ဘာသာရပ်မေဂျာတစ်ခုလည်းဖြစ်ပါတယ်။ စိတ်ပညာကိုလေ့လာသင်ယူနိုင်တဲ့ နယ်ပယ် ကဏ္ဍအသီးသီးမှ Psychology နဲ့ Psychiatry ကွဲပြားခြားနားမှုများကို ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ရပါတယ်။
.
Psychology
စိတ်ပညာလို့ လူသိများတဲ့ “Psychology” ဘာသာရပ်ကတော့ လူ့စိတ်၊ အပြုအမူ၊ စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များကို လေ့လာသင်ကြားတာဖြစ်ပြီး “Non-Medical Therapies” များဖြစ်သည့် Cognitive Behavioral Therapy (CBT), Talk Therapy (Psychotherapy), Behavioural Modificaton techniques များကို ဦးစားပေး သင်ယူရတာဖြစ်ပါတယ်။ လူတစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးအခြေအနေများဖြစ်သည့် Anxiety, Depression, Stress, Trauma, Behavioral issues (e.g., ADHD, Relationship စတဲ့ လူမှုရေး ပြဿနာများကို နားလည်ရန်နှင့် တိုးတက်ကောင်းမွန်လာစေရန် သုတေသန၊ အကြံဉာဏ် သို့မဟုတ် ကုထုံးများကို အသုံးချသင်ယူရတာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ သုတေသန Psychological research များကို အာရုံစိုက်မှုများပြီး အခြေခံဘာသာရပ်များဖြစ်သည့် Clinical Psychology, Cognitive Psychology, Developmental Psychology,Social Psychology စသည့်တို့ကို လေ့လာခြင်းများပါဝင်ပါတယ်။
Psychology ဘာသာရပ်များကို လေ့လာလိုသူများအနေဖြင့် Bachelor’s degree in Psychology စ တင်သင်ယူနိုင်ပြီး မိမိ လေ့လာလိုသော နယ်ပယ်များအလိုက် Clinical Psychology, Forensic Psychology, Child Psychology ဆက်လက် ရွေးချယ်သင်ယူနိုင်ပါတယ်။
.
Psychiatry
Psychiatry ကို ဆေးဘက်ဆိုင်ရာ နယ်ပယ်တွင် စိတ်ရောဂါကုသခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများနှင့် ချို့ယွင်းမှုများကို ကာကွယ်ခြင်းတို့ကို လေ့လာသင်ကြားရသော ဆေးပညာအခွဲတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတွင် ပိုမိုပြင်းထန်သော ရောဂါများဖြစ်သည့် Schizophrenia, Bipolar Disorder, Severe depression, (သို့) Personality disorders များကို ဆေးဝါများဖြင့် ကုသခြင်းဖြင့် လည်းကောင်း၊ ကြိုတင်ကာကွယ်ခြင်းများစသဖြင့် ပါဝင်ပါတယ်။
Psychiatry များကို လေ့လာသင်ယူလိုသူများအနေဖြင့် အနည်းဆုံး Medical Degree (MD or MBBS) ရရှိထားရန်လိုအပ်ပြီး Neurology, Psychopathology စသည့် Clinical Sciences ဘာသာရပ်များနှင့်လိုအပ်တဲ့ Hands-on Medical Training များအတွက် ဆေးရုံများနှင့် စိတ်ကျန်းမာရေးဌာနများတွင် လက်တွေ့ကုသခြင်းများဖြင့်လည်း လေ့လာသင်ယူရတာ ဖြစ်ပါတယ်။
.
▣ အကြမ်းအားဖြင့် Psychology ဘာသာရပ်ဟာဆိုရင် ပုံမှန်အားဖြင့် ဆေးဝါးညွှန်ကြားခြင်းမပါဝင်ဘဲ ကုထုံးနှင့် သုတေသနများမှတစ်ဆင့် အပြုအမူ၊ စိတ်ခံစားမှုများနှင့် တွေးခေါ်မှုဖြစ်စဉ်များကို နားလည်ခြင်းအပေါ် သင်ယူလေ့လာခြင်းဖြစ်ပြီး Psychiatry ဘာသာရပ်မှာတော့ စိတ်ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများအပေါ် ဗဟိုပြုလေ့လာရသော ဆေးဘက်ဆိုင်ရာ နယ်ပယ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ Pschiatry ဘာသာရပ်များကို သင်ယူသူများဟာ စိတ်ကျန်းမာရေးအထူးပြု ဆေးဘက်ဆိုင်ရာ ဆရာဝန်များလည်း ဖြစ်ကြပါတယ်။
.
▣ CROWN Education အနေဖြင့် မိဘပံ့ပိုးမှုနှင့် ကျောင်းသူ ကျောင်းသားများ၏ ပြီးစီးထားသော နောက်ခံပညာရေးများအလိုက် နိုင်ငံ၊ တက္ကသိုလ် နှင့် ဘာသာရပ်ဆိုင်ရာတို့ကို အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပညာရေးဆွေးနွေးမှုများနှင့် One-to-One Counseling များအတွက် b.link/CrownMeet မှတဆင့် Educational Counselor များဖြင့် Appointment ရယူမေးမြန်းနိုင်ပါတယ်