ဂျပန်နိုင်ငံတွင် ပညာလေ့လာသင်ကြားသင့်သည့် အကြောင်းအရာများစွာရှိသည့်အနက် ခေတ်နှင့်အညီ အမြဲတိုးတက်ပြောင်းလဲလျက်ရှိသော နည်းပညာ၊ ကြွယ်ဝသောယဉ်ကျေးမှု အမွေအနှစ်များနှင့်အတူ မြင့်မားသည့်ပညာရေးစံချိန်စံညွှန်းများကို ပိုင်ဆိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ခြင်း၊ လုံခြုံစိတ်ချရမှုရှိခြင်း စသည့်အချက်များက နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများကို အဓိကဆွဲဆောင်လျက်ရှိနေပါသည်။ယခုအခါ နိုင်ငံတကာကျောင်းသူ၊ကျောင်းသားများအနေဖြင့် ဂျပန်နိုင်ငံတွင် English-medium (E-Track) programများကို ရွေးချယ်တက်ရောက်မှုများပြားလာပါသည်။ ကျောင်းနှင့်ဗီဇာ‌အချိန်မီလျှောက်ထားနိုင်ရန် စာရွက်စာတမ်းအပြည့်အစုံဖြင့် မိမိရည်ရွယ်ထားသည့် ကျောင်း၏ intake မတိုင်ခင် အနည်းဆုံး (၆)လခန့် ကျောင်းကြိုတင်လျှောက်ထားဖို့ အကြံပြုလိုပါသည်။

မြန်မာဆယ်တန်း ဖြေဆိုအောင်မြင်ထားပြီးသော ကျောင်းသူ ကျောင်းသားများ

ဂျပန်နိုင်ငံတွင် ပညာဆက်လက်သင်ကြားနိုင်ရန် The Ministry of Education, Culture, Sports, Science and Technology (MEXT) မှ သတ်မှတ်ထားသည့် ပညာရေး ပြီးဆုံးအောင်မြင်ထားရန်လိုအပ်ပါသည်။ မြန်မာဆယ်တန်းဖြေဆိုအောင်မြင်ပြီးပါက English-medium (E-Track) programများဖြင့် သင်ကြားသော Private University များကို မြန်မာအစိုးရဆယ်တန်းအောင်လက်မှတ်+အမှတ်စာရင်း + English Proficiency Test ( IELTS/ TOEFL/ PTE/ Duolingo) ပြင်ဆင်ပြီး ဆက်လက်လျှောက်ထားနိုင်ပါသည်။ ဘွဲ့ဒီဂရီရရှိရန်အတွက် စာသင်ကာလ (၄) နှစ်ကြာ တက်ရောက်သင်ကြားရမည်ဖြစ်ပါသည်။

IGCSE ဖြေဆိုအောင်မြင်ထားသော ကျောင်းသူ ‌‌ကျောင်းသားများ

IGCSE ဖြေဆိုအောင်မြင်ပြီးသောကျောင်းသားများအနေနဲ့ GED လက်မှတ် + အမှတ်စာရင်း ဖြင့် ဂျပန်တက္ကသိုလ်ကျောင်းများကို လျှောက်ထားနိုင်ပါသည်။  (GED ဖြင့် လျှောက်ထားမည့် ကျောင်းသူ၊ကျောင်းသားများသည် အသက် ၁၈နှစ် ပြည့်ထားရန်လိုအပ်ပါသည်။)

GCSE O level + GCE A level (သို့) RAI Grade 12 [Triple Award Program, OSSD] တွဲဖက်ပြင်ဆင်ပါက EJU, JLPT များပြင်ဆင်ရန်လိုအပ်ပြီး ဂျပန် Public University တွေပါ လျှောက်ထားနိုင်ပါသည်။
[Royal Academic Instituteရှိ Grade 12 Program တက်ရောက်ပြီးသော ‌ကျောင်းသူ ကျောင်းသားများကို ‌ကျောင်းသာများရဲ့ GPA ရမှတ်များပေါ်မူတည်၍ CROWN နှင့်ချိတ်ဆက်မသော / ချိတ်ဆက်မထားသော  ကောလိပ်တက္ကသိုလ်များကို လျှောက်ထားပေးပါသည်။]

ဘွဲ့လွန်ဒီဂရီအတွက် ကျောင်းလျှောက်ထားခြင်း။

Master Degreeအတွက် (၂)နှစ်ခန့် တက်ရောက်ရမှာ ဖြစ်ပြီး လျှောက်ထားသူများအနေဖြင့် – နှစ်အလိုက်တက္ကသိုလ်အမှတ်စာရင်းများ၊ ဘွဲ့လက်မှတ်၊ ကျောင်းပြီးဆုံးသည့် ခုနှစ်မှ ကျောင်လျှောက်ထားသည့်ခုနှစ်အတွင်း Year Gap နှင့်ပတ်သက်၍ တစ်ခုခုသင်ယူ (သို့) အလုပ်လုပ်နေကြောင်း ထောက်ခံချက်များတင်ပြပေးရန်လိုအပ်ပါသည်။
[တက္ကသိုလ်များသို့ လျှောက်ထားရာတွင် အသက်ကန့်သတ်ချက်မရှိသော်လည်း ဗီဇာရရှိမှုအဆင်ပြေစေရန် ဘွဲ့ရပြီး အသက်အရွယ်တစ်ခုသို့ရောက်ရှိနေပါက Master Program များလျှောက်ထားသင့်ကြောင်း လေးစားစွာဖြင့်အကြံပြုပါသည်။]

ကုန်ကျစရိတ်နှင့် ပညာသင်ဆုများ

CROWN Education နှင့်ချိတ်ဆက်ထားသော ဂျပန်နိုင်ငံရှိ Tokyo International University, Ritsumeikan Asia Pacific University, iCLA at Yamanashi Gakuin University နှင့် Kyoto University of Advanced Science တို့တွင် တစ်နှစ်စာကျောင်းလခနှင့် နေထိုင်စားသောက်စရိတ်အပြီးအစီး ပျမ်းမျှ JPY 2,200,000 ခန့်ကနေ JPY 3,000,000 ခန့် ကုန်ကျမည်ဖြစ်ပါသည်။GPAရမှတ်ကောင်းများ၊ ပညာရေးထူးချွန်မှုမှတ်တမ်းကောင်းများရရှိထားသည့် မြန်မာကျောင်းသူ၊ကျောင်းသားများအတွက် ကျောင်းလခသက်သာနိုင်စေရန် ဂျပန်နိုင်ငံရှိ Private University များ၏ (၄)နှစ်စာ Tuition Reduction Scholarship [မိမိတို့လျှောက်ထားသည့် ကျောင်းအလိုက် 30%, 50%, 65%, 80%, 100%ပညာသင်ဆုများ] ကူညီလျှောက်ထားပေးပါသည်။ ကျောင်းဝင်ခွင့်ရရှိပြီး COE ရရှိသည့်အခါ Japan Student Services Organization (JASSO) မှ တစ်လလျှင် JPY 48,000 ချီးမြှင့်သည့် JASSO scholarshipလည်း လျှောက်ထားရယူနိုင်ပါသည်။

အချိန်ပိုင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း

ဂျပန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသူ၊ကျောင်းသားများအတွက် ကျောင်းတက်နေစဉ် တရားဝင် အချိန်ပိုင်းအလုပ်လုပ်ခွင့်ကို  တစ်ပါတ်လျှင် (၂၈)နာရီ On Campus (သို့) Off Campus လုပ်ခွင့်ပြုထားပါသည်။
[မှတ်ချက်။ ဂျပန်လူဝင်မှုကြီးကြပ်ရေး (လဝက)မှ နိုင်ငံတကာကျောင်းသူကျောင်းသားများအတွက် သတ်မှတ်ထားသည့် အချိန်ပိုင်းအလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ တစ်ပါတ် (၂၈) နာရီထက် ကျော်လွန်လုပ်ကိုင်ခြင်းများ စစ်ဆေးတွေ့ရှိပါက ဗီဇာ ရုပ်သိမ်းခြင်းခံရနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။]

ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြားနိုင်ရန် လိုအပ်သည့်အရာများ

(၁) သက်တမ်းအနည်းဆုံး (၁)နှစ်ရှိ Passport

(၂) Academic Transcripts

မြန်မာအစိုးရဆယ်တန်းအောင်လက်မှတ်+အမှတ်စာရင်း (သို့) GCSE O level + GCE A level (သို့) Grade 12နှင့် ညီမျှသည့် Certification ရှိထားသူများ [Triple Award Program, OSSD] (သို့)

GED လက်မှတ် + အမှတ်စာရင်း (GED ဖြင့် လျှောက်ထားမည့် ကျောင်းသူ၊ကျောင်းသားများသည် အသက် ၁၈နှစ် ပြည့်ထားရန်လိုအပ်ပါသည်။)

[Master Degree လျှောက်ထားသူများအတွက် – နှစ်အလိုက်တက္ကသိုလ်အမှတ်စာရင်းများ၊ ဘွဲ့လက်မှတ်၊ ကျောင်းပြီးဆုံးသည့်ခုနှစ်မှ ကျောင်လျှောက်ထားသည့်ခုနှစ်အတွင်း Year Gap နှင့်ပတ်သက်၍ တစ်ခုခုသင်ယူ (သို့) အလုပ်လုပ်နေကြောင်း ထောက်ခံချက်များတင်ပြပေးရန်လိုအပ်ပါသည်။]

(၃) သက်ဆိုင်ရာတက္ကသိုလ်များသို့ ပေးသွင်းရမည့် Application Fees

(၄) IELTS သို့မဟုတ် PTE သို့မဟုတ် TOEFL iBT သို့မဟုတ် TOEIC သို့မဟုတ် Duolingo Test ရလဒ်များ

[Bachelor Degree လျှောက်ထားရန် IELTS overall score 6.0 (သို့) TOEFL iBT score 75မှတ်နှင့်အထက် (သို့) Duolingo English Test Score 105နှင့်အထက် ရရှိထားရန်လိုအပ်ပါသည်။]

(၅) Application Essays

(၆) Letter of Recommendation (also including language schools)

(၇) Bank Statement မိဘနာမည်ဖြင့် တင်ပြရန်

[Private Universityများရှိ Bachelor Degree ပရိုဂရမ်များနှင့် Master/MBA ပရိုဂရမ်များအတွက် သိန်း ၇ဝဝ-၈ဝဝ ခန့်အထိပြရန်လိုအပ်ပါသည်။]

CROWN Education မှလျှောက်ထားပေးမည့် တက္ကသိုလ်များ၊

CROWN Education အနေဖြင့် Green Color Box နှင့် ဖော်ပြထားသောတက္ကသိုလ်များအတွက် ကျောင်းဝင်ခွင့်နှင့်၊ ကျောင်းသားဗီဇာ ရရှိသည်အထိ အစအဆုံး အခမဲ့ကူညီလျှောက်ထားပေးလျက်ရှိပါသည်။ 

မှတ်ချက်။ ။ ROYAL ACADEMIC INSTITUTE တွင် Grade 12 Program တက်ရောက်သင်ကြားထားသည့်ကျောင်းသား/သူများအနေဖြင့် အောက်တွင်ဖော်ပြထားသောတက္ကသိုလ်များ၏ ဝင်ခွင့်များကို ပြင်ဆင်လျှောက်ထားပေးပါသည်။

Book Appointment >