မူလတန်းအလယ်တန်းကလေးငယ်တွေကိုနိုင်ငံတကာမှာသွားရောက်ကျောင်းထားဖို့စဉ်းစားတဲ့အခါ၊ သာမာန် Website/Internet တွေမှာမရနိုင်တဲ့အချက်အလက်တွေကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဥပမာ ကျောင်းကုန်ကျစရိတ်များကိုပဲမကြည့်ပဲ၊ မိဘများလိုက်ပါတဲ့အခါကုန်ကျစရိတ်များ၊ ကျန်းမာရေးအတွက်နှင့်အခြားကုန်ကျစရိတ်များ များပြားလေ့ရှိတာကြောင့်ဖြစ်ပါတယ်။

မူလတန်းအလယ်တန်းကလေးငယ်များအတွက်

နိုင်ငံတကာမှာ မူလတန်းအလယ်တန်း စသဖြင့်သွားထားမယ်ဆိုရင် နိုင်ငံအလိုက်သိသင့်သိထိုက်တာတွေကိုတင်ပြထားပါတယ်။

စင်္ကာပူ

စင်္ကာပူနိုင်ငံမှာ Primary / Secondary အစိုးရကျောင်းတွေကိုဝင်ခွင့်ရဖို့ အတွက် ကလေးရဲ့အသက်အရွယ်အလိုက် အစိုးရကျင်းတဲ့ PSLE (Primary School Leaving Examination) နဲ့ Secondary အရွယ်များအတွက် AEIS (Admission Exercise for International Student) စာမေးပွဲများကို ကလေးအသက်အရွယ်လိုက်သတ်မှတ်ထားတဲ့ အတန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး မြန်မာနိုင်ငံကျောင်းသားတွေဝင်ခွင့်ရရှိမှုအလွန်နည်းသွားလို့ဝင်ခွင့်နဲ့ပတ်သက်ရင်တော့အာမခံချက်မရှိပါဘူး။

CROWN Education အနေနဲ့ တော့လောလောဆယ် စင်္ကာပူနိုင်ငံမှာလာရောက်ဖွင့်လှစ်ထားတဲ့ International School များကိုပြောင်းရွှေ့စာသင်ဖို့အကူအညီပေးပါတယ်။

St Francis Methodist School, Canadian International School, Stamford American International School တို့ကိုပြောင်းရွှေ့ပညာသင်ကြားမယ်ဆိုရင် ကလေးအသက်အရွယ်နဲ့အတန်းအလိုက် S$ 19000- 25000- 40000 စသဖြင့် တစ်နှစ်စာပညာသင်ကြားစရိတ်ကုန်ကျပါတယ်။ နေစရိတ်စားစရိတ်အပြီးဆို တစ်နှစ် S$ 40000 ကနေ S$ 75000 အထိကုန်ကျစရိတ်ရှိပါတယ်။ ကလေးနဲ့အတူ အမေ  သို့မဟုတ် အဖွားတစ်ယောက်ယောက် အုပ်ထိန်းသူအဖြစ်လိုက်ပါနိုင်ပါတယ်။  သူတို့အတွက် နောက်ထပ်ကုန်ကျစရိတ်တွေရှိနိုင်ပါတယ်။

ထိုင်း

ထိုင်းနိုင်ငံမှာဆိုရင်နေထိုင်စားသောက်စရိတ်သက်သာပါတယ်။ The American School of Bangkok, Bangkok Adventist International School, Harrow International Schools စသဖြင့် နိုင်ငံတကာကျောင်းသားများကို အသက်အရွယ်အလိုက်လက်ခံသင်ကြားပေးတဲ့ကျောင်းတွေရှိပါတယ်။ တစ်နှစ်စာ စာသင်စရိတ် US$ 15000 မှ US$ 25000 အထိကလေးအသက်နဲ့ ကျောင်းပေါ်မူတည်ပြီးကုန်ကျစရိတ်ရှိပါတယ်။ British System, American System စတဲ့ပညာရေးစနစ်ကျောင်းတွေရှိပါတယ်။ Grade 12 မှာ GCE A Level နဲ့ IB curriculum  တွေလေ့ကျင့်သင်ကြားပေးကြပါတယ်။

အမေရိကန်

အသက်အရွယ်အလိုက် အမေရိကန်ပြည်ထောင်စုမှာလည်း မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းတွေကို လျှောက်လို့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ်အသီးသီးရဲ့ Public ကျောင်းတွေဆိုကုန်ကျစရိတ်သက်သာပါတယ်။ တစ်နှစ် US$ 15000 လောက်ကနေ Private ကျောင်းတွေဆို US$ 35000 အထိရှိတတ်တယ်။
ပြည်နယ်ဒေသအလိုက် Boarding နေရတဲ့ကျောင်း၊ Host Family နဲ့ နေရတဲ့ ကျောင်းတွေရယ်ရှိပါတယ်။ တစ်နှစ်ကိုကလေးအတွက် Host Family နဲ့နေထိုင်စားသောက်စရိတ်အပါအဝင် US$ 23000 – US$ 30000 ကြားထဲဆိုပြည်နယ်တော်တော်များများမှာရတယ်။
မိဘကပါလိုက်ပြီးကိုယ့်ကလေးကို လိုက်စောင့်ရှောက်ချင်တယ်ဆိုရင်တော့ Host Family/Boarding တွေနဲ့အဆင်မပြေတော့ပဲ မိသားစုအတွက်နေဖို့ထိုင်ဖို့အိမ်၊ ကျောင်းပို့ဖို့ ကား၊ Transportation Arrangement တွေကိုပါထည့်စဉ်းစားဖို့ပါတယ်။ ကုန်ကျစရိတ်များပြီး၊စိတ်တိုင်းကျနေရာတစ်ခုကိုရဖို့ အမေရိကန်ပြည်ထောင်စုထဲကသူတွေကူညီပေးမှ ပိုစိတ်ချရပါတယ်။ နောက် ဟိုမှာရှိတဲ့ဆွေမျိုး/အသိတွေအိမ်မှာထားပြီးကျောင်းထားဖို့စိတ်ကူးရှိတယ်ဆိုရင်၊သူတို့နဲ့ အနီးဆုံးကျောင်းကို အမေရိကန်ဘက်ကစုံစမ်းပြီး၊ I-20 ထုတ်ပေးနိုင်တဲ့ကျောင်းဖြစ်ဖို့၊ ကလေးအသက်အရွယ်နဲ့လိုက်ဖက်တဲ့အတန်းကိုလက်ခံနိုင်တဲ့ကျောင်းဖြစ်ဖို့၊ ကျောင်းပတ်ဝန်းကျင်ဟာ နိုင်ငံတကာ/အာရှကကျောင်းသူကျောင်းသားတွေကို ခွဲခြားဆက်ဆံမှုမရှိပဲ၊ လုံခြုံစိတ်ချရတဲ့ပတ်ဝန်ကျင်းရှိဖို့စတဲ့အချက်တွေကိုအထူးသတိပြုထည့်သွင်းစဉ်းစားသင့်ပါတယ်။

ကနေဒါ/သြစတြေလျ/အင်္ဂလန်

ဒီနိုင်ငံတွေထဲမှာပျမ်းမျှကလေးအသက်အရွယ်လိုက် ကျောင်းလခ ၊ နေထိုင်စားသောက်စရိတ်ဟာ တစ်နှစ် သိန်း (၄၀၀) ကနေ သိန်း (၆၀၀-၇၀၀) အထိရှိနိုင်ပါတယ်။ မိဘလိုက်မယ်ဆို ကုန်ကျစရိတ်တွေပိုများနိုင်တယ်။  မိဘလိုက်မယ်ဆို Bank Account တွေ၊ လုပ်ငန်းလိုင်စင်၊ အခွန်ဆောင်ထားတာတွေ၊ ပိုင်ဆိုင်မှုတွေသေသေချာပြဖို့လိုတယ်။

(ကလေးအတွက်​လျှောက်တာလည်းလိုတယ်။ မိဘာတွေပါလျှောက်ရင် Migration Risk ရှိတဲ့အတွက် ဗီဇာပေးဖို့ မြန်မာနိုင်ငံမှာ ခိုင်ခိုင်မာမာအလုပ်တွေရှိရဲ့လားဆိုတာမျိုးစစ်ဆေးလေ့ရှိတယ်။)