• အင်္ဂလန်နိုင်ငံ ယူကေရှိ တက္ကသိုလ်၊ ကောလိပ်များမှာ Undergraduate သင်ယူနိုင်ရန်အတွက် မြန်မာနိုငံမှ (၁၀) တန်း အောင်မြင်ပြီး ကျောင်းသူကျောင်းသားများ သို့မဟုတ် IGCSE (Edexcel/ Cambridge) ဖြေဆိုအောင်မြင်ထားသူများ တက်ရောက်သင်ယူနိုင်ပါတယ်။ 
  • ယခုအခါ အင်္လန် နာမည်ကြီးတက္ကသိုလ်များကိုတိုက်ရိုက်တက်ရောက် ပညာသင်ကြားနိုင်တဲ့ ပညာရေးလမ်း ကြောင်းအသစ်များရှိပါတယ်။ မြန်မာနိုင်ငံမှာ iGCSE () ဘာသာ အနည်းဆုံး (C) ဖြင့် အောင်မြင်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေ (သို့မဟုတ်) မြန်မာ (၁၀) တန်း အောင်မြင် ထားသော ကျောင်းသား ကျောင်းသူများ IELTS/TOEFL ရမှတ်တွေနဲ့ ဝင်ခွင့် တိုက်ရိုက်လက်ခံတဲ့ အင်္ဂလန် တက္ကသိုလ်ကြီးတွေရှိပါတယ်။ မြန်မာနိုင်ငံမှ(၁၀တန်းအောင်မြင် ထားပြီးသူများသည် ယူကေရှိ တက္ကသိုလ်ကြီးများသို့ တက်ရောက် ရန်အတွက် iGCSE ကို ထပ်မံတက်ရောက်ရန် မလိုအပ်ပါ။
  • နောက်နည်းလမ်းတစ်ခုအနေနဲ့ GCE “A” (၂)နှစ် ပြင်ဆင်ပြီး အဆိုပါ ရမှတ်ဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။  မြန်မာ(၁၀) တန်းရမှတ်များ သာမန်မျှသာ ရှိခြင်း၊ iGCSE ရမှတ်များတွင် သာမန်အဆင့်မျှသာဖြစ်ပါက GCE “A” ပြင်ဆင်ရန် အကြံမပြုပါ။ တက္ကသိုလ်၏ Foundation လမ်းကြောင်းမှတစ်ဆင့်သာ တက်ရောက် သင့်ပါသည်။
နောက်နည်းလမ်းတစ်ခုကတော့ မြန်မာနိုင်ငံ CROWN-RAI မှာသင်ကြားပို့ချပေးနေတဲ့ ACT-GAC (USA Grade 12) နဲ့ OSSD (Canada Grade 12) ပရိုဂရမ်တွေကို ဆယ်လ ပြင်ဆင်ပြီး UK တက္ကသိုလ်ကြီးများပထမနှစ်ကိုတိုက်ရိုက်လျောက်ထားနိုင်ပါတယ်။ ပညာသင်ဆုရရှိပြီး အင်္ဂလန်ထိပ်တန်းတက္ကသိုလ်များသို့ဝင်ခွင့်ရရှိထားသောကျောင်းသူ/ကျောင်းသားများ အများအပြားရှိပါသည်။

GCE A

A-Level အတိုကောက်ခေါ်ဝေါ်သော The Advance Level General Certificate of Education သည် ယူကေ ကျောထောက်နောက်ခံပြု ပညာရေးစနစ်တစ်ခု ဖြစ်သည်။ (၂) နှစ် လေ့လာသင်ယူ ရမည့် အဆိုပါစနစ်ကို English၊ Welsh နှင့် Northern Irish တက္ကသိုလ်ကြီးများမှ အဓိကအသိအမှတ်ပြုသည်။ ကျောင်းသားများ မိမိတို့ဝါသနာအလျောက် နှစ်သက်အားသာသည့် ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်ရန် A Level စာမေးပွဲများကို ၁၉၅၃ တွင် စတင် ပြဋ္ဌာန်းခဲ့သည်။
ယခင် Vocational (အသက်မွေးဝမ်းကျောင်းမှု) သို့ ဦးတည် သည့် သင်ရိုးညွန်းတမ်းမှ တက္ကသိုလ်ဝင်ခွင့်အတွက် ပြင်ဆင်ပေးသည့် ပုံစံသို့ ပြောင်းလဲလာခဲ့သည်။ ယခင် အနည်းငယ်သော ဘာသာရပ်ကိုသာ လေ့လာသင်ယူခွင့်ရှိခဲ့ရာမှ ယခုအခါ Art and Design, ICT, Business, Science နှင့် Health and Social Care အစရှိသော ဘာသာရပ်များထဲမှ နှစ်သက်ရာကို ရွေးချယ်သင်ယူနိုင်လာသည်။
ယူကေတက္ကသိုလ်ကြီးများသို့ လျှောက်ထားရာတွင်လည်း ယခုအခါ တက္ကသိုလ်ကြီး များတွင် Foundation မှစတင်၍ တိုက်ရိုက် တက်ရောက်သင်ယူလေ့လာနိုင်သည့် ပညာရေး လမ်းကြောင်းသစ်များ ပေါ်ပေါက်လာသည့်အတွက် GCE A အဆင့်အား မည်သည့်ရည်ရွယ်ချက်ဖြင့် လေ့လာသင်ယူသည်ကို သဘောပေါက် နားလည်ရန် လိုအပ်သည်။
ယေဘူယျအားဖြင့် Oxford/ Cambridge တို့ကဲ့သို့သော တက္ကသိုလ်ကြီးများသို့ ဝင်ခွင့်၊ ယူကေထိပ်တန်း အဆင့် (၁၀) တက္ကသိုလ်ကြီးများဝင်ခွင့်နှင့် ဆေးကျောင်းများဝင်ခွင့်အတွက် လေ့လာသင်ယူသင့်သည်။ အထူးသတိပြုရန်မှာ GCE A လေ့လာသင်ယူမည့် ကျောင်းသူကျောင်းသားများအနေဖြင့် IGCSE (၁၀) တန်း အဆင့်များတွင် ထူးချွန်စွာအောင်မြင်ထားမှသာလျှင်GCE A အဆင့်တွင်အမှတ်ကောင်းကောင်းဖြင့် အောင်မြင်နိုင်မည်ဖြစ်သည်။

IELTS

ယေဘူယျအားဖြင့် ယူကေတက္ကသိုလ်များသို့ လျှောက်ထားရာတွင် အင်္ဂလိပ်စာ အရည် အချင်းအတွက် IELTS Test ကိုသာ အဓိကလက်ခံပါသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သော IELTS ပုံစံ တစ်မျိုးဖြစ်သည့် IELTS for UKVI ကို ယူကေတွင် Foundation၊ International Diploma၊ International Year One၊Graduate Diploma၊ Pre-Master’sအစရှိသော Pathway program များ တက်ရောက်သင်ယူမည့် ကျောင်းသားများ မဖြစ်မနေဖြေဆိုရမည့် Test ပံုစံ တစ်ခုအဖြစ် စတင်ခဲ့ပါသည်။

အလုပ်အကိုင်အခွင့်အလမ်းအတွက် Sandwich Year

အင်္ဂလန်တွင် တက္ကသိုလ်များလျှောက်ထားရာတွင် ကျောင်းပြီး အလုပ်အကိုင်အတွက် အခွင့်အလမ်းများစွာ ရရှိစေနိုင်သော Sandwich Year ပါသည့် တက္ကသိုလ်များ၊ ဘာသာရပ်များကို ရွေးချယ် လျှောက်ထားသင့်ပါသည်။ Sandwich Year ဆိုသည်မှာ တက္ကသိုလ်တွင် (၂) နှစ် တက် ရောက်ပြီး တတိယနှစ်အား မိမိသင်ယူနေသည့် ဘာသာရပ်နှင့် ဆက် စပ်သည့် လုပ်ငန်းခွင်ကို တစ်နှစ်အချိန်ပြည့် လုပ်ခလစာဖြင့် လုပ်ကိုင် နိုင်မည့် အစီအစဉ်ဖြစ်ပါသည်။အင်္ဂလန်တွင် အလုပ်လုပ်လိုသူများသည် အဆိုပါ Sandwich Year တွင် မိမိလုပ်ကိုင်နေသော အလုပ်မှ အလုပ်ရှင်အသိအမှတ်ပြုသည့်အထိ ကြိုးစားလုပ်ကိုင်ပါက Sandwich Year ပြီးဆုံး၍ နောက်ဆုံးနှစ်ဆက်လက်တက်ရောက်အောင်မြင်လျှင် အလုပ်ရှင်မှ အလုပ် ဆက်လက်ခန့်ထားမည့် အခွင့်အရေးကိုလည်း မျှော်မှန်းနိုင်ပါသည်။

ဘွဲ့လွန်ပညာသင်ယူခြင်း

Ranking ကောင်းသော တက္ကသိုလ်ကြီးများသို့ ဘွဲ့လွန်လျှောက် ထားမည်ဆိုပါက ဝင်ခွင့်သတ်မှတ်ချက် စဉ်စားရာတွင် မြန်မာနိုင်ငံမှှ ရရှိထားသော ဘွဲ့များအပေါ် ဝင်ခွင့်သတ်မှတ်ချက်များ ကွဲပြားလေ့ရှိသည်။ အချို့သော တက္ကသိုလ်ကြီးများတွင် ဘွဲ့လွန်လျှောက်ထားရန် အလုပ်အကိုင် အတွေ့အကြုံ လိုအပ်သကဲ့သို့ အချို့တက္ကသိုလ်များတွင် မလိုအပ်ဘဲ လျှောက်ထားနိုင်ပါသည်။ မြန်မာနိုင်ငမှှ အဝေးသင်ပညာရေး သို့မဟုတ် သုံးနှစ်သင်ယူထားသော ဘွဲ့များဖြစ်ပါက မြန်မာနိုင်ငံတွင် ABE Graduate Diploma အဆင်အပြေဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းမှာ သက်ဆိုင်ရာ တက္ကသိုလ်ကြီးများတွင် Pathway Program အဖြစ် ဖွင့်လှစ်ထားရှိသည့် Pre-Mastersပရိုဂရမ်များမှ တစ်ဆင့် လျှောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် စီးပွားရေးနှင့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်ဘာသာရပ်များကိုသာ အများဆုံးပို့ချပေးလေ့ ရှိသည်။ဘာသာရပ်အစုံအလင် တက်ရောက်လိုပါက College များတွင် လေ့လာသင်ယူနိုင်သော Pre-Masters Program များကို တက်ရောက်ပြီး Master ကို တက္ကသိုလ်ကြီးများတွင် ဆက်လက်လျှောက် ထားနိုင်သည်။ ယူကေတွင် ဘွဲ့လွန်သင်ယူမည့် သူများအနေဖြင့် အမေရိကန် တက္ကသိုလ်ကြီးများကဲ့သို့ GMAT အမှတ် (တက္ကသိုလ်အများစုမှ) တင်ပြရန် မလိုပါ။

အချိန်ပိုင်း အလုပ်လုပ်ခြင်း

နိုင်ငံတကာကျောင်းသားများအနေဖြင့် ယူကေတွင် ပညာသင် ကြားနေစဉ်အတွင်း အလုပ်လုပ်ခွင့်ရရှိရန် အထူးစည်းမျဉ်းစည်းကမ်းများပြဋ္ဌာန်းထားသည်။ အချိန်ပိုင်းအလုပ် လုပ်ခြင်း၊ အားလပ်ရက်အလုပ်လုပ်ခြင်းနှင့် ပညာသင်ကြားခြင်းနှင့် ဆက်စပ်သက်ဆိုင်သော အလုပ်ကို လုပ်ကိုင်ခြင်းတို့ ဖြစ်သည်။ယူကေတွင် ပညာသင်ကြားစဉ်အချိန်ပိုင်း အလုပ်လုပ်ကိုင်ရာတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ ပညာသင်ကြား ရေး ရည်ရွယ်ချက်ကို မထိခိုက်ရန် အထူး ဂရုပြုသင့်သည်။ Degree Level ကျောင်းသူကျောင်းသားများအနေဖြင့် ကျောင်းဖွင့်ချိန်တွင် တစ်ပတ်လျှင်နာရီ (၂၀) အထိ အားလပ်ရက်များတွင် အချိန်ပြည့် အလုပ်လုပ်နိုင်သည်။ သို့ရာတွင် Private College တွင် ပညာသင်ယူ သူများအနေဖြင့် ယူကေတွင် ပညာသင်ကြားစဉ်ကာလအတွင်း အလုပ် လုပ်ခွင့်မရှိပါ။

Work Placements Whilst Studying

ဒီဂရီအဆင့်ဘာသာရပ်များတွင် အလုပ်သင်ပါဝင်သော ဘာသာ ရပ်များကို သင်ကြားပေးသည့် အဆင့်မြင့်ပညာရေးကျောင်းများတွင်ပင် ပညာသင်ခြင်းနှင့် အလုပ်လုပ်ခြင်းကို ၅၀ း ၅၀ အချိုးအထိသာ ခွင့်ပြုထားသည်။ အဆင့်မြင့် ပညာရေး မဟုတ်သောကျောင်းများ (non-higher education institutions) တွင် ပညာသင်ခြင်းနှင့် အလုပ် လုပ်ခြင်းကို ၆၆ း ၃၃ အချိုးထိသာ ခွင့်ပြုထားသည်။နိုင်ငံတကာကျောင်းသားများအား အလုပ်ပါဝင်သော ဘာသာ ရပ်များကို HighlyTrusted Sponsor များကသာ အောက်ပါဘာသာရပ်များကိုသင်ကြားပေးနိုင်သည်။
1) Course at National Qualifications Framework (NQF) Level 3 and equivalents and
(2) Course below degree level that encompass a work placement.

Tier 2 (General)
ယူကေတွင် ကျောင်းပညာသင်ယူပြီးဆုံး၍ ဆက်လက်အလုပ်လုပ်ကိုင်ခွင့်အတွက် ယူကေ Tier 4 Sponsor License ရှိ ကျောင်းမှ Bachelor သို့မဟုတ် Master ပြီးဆုံးထားသူများ Ph.D/ PGCE ပြီးဆုံးထားသူများအနေဖြင့် Tier 2 (General) စနစ်အောက်မှ လျှောက်ထား နိုင်ပါသည်။လျှောက်ထားမည့်သူအနေဖြင့် Tier 2 License ကိုင်ဆောင် ထားသူထံမှှ တစ်နှစ်လျှင် အနည်းဆုံး လုပ်ခ ပေါင် ၂၀ဝဝဝ ဖြင့် အလုပ် ကမ်းလှမ်းသည့် စာလက်ခံရရှိရမည်ဖြစ်သည်။

Tier 1 (Graduate Entrepreneur)
ယူကေတွင် ဒီဂရီအထိ ပြီးဆုံးသူများအနေဖြင့် မိမိတို့တွင်ရှိသော စီးပွားရေးနှင့်ပတ်သက်သည့် အကြံဥဏ်များကို အကောင် အထည်ဖော်လိုပါက မိမိတို့ဘွဲ့ရရှိခဲ့သော အဖွဲ့အစည်း၏ တာဝန်ယူမှု ဖြင့် Graduate Enterpreneurs အဖြစ် လျှောက်ထားနိုင်သည်။ လျှောက်ထားသူအနေဖြင့် (၁၂) လ လျှောက်ထားနိုင်ပြီး အကယ်၍ မိမိအား တာဝန်ယူသည့် အဖွဲ့အစည်းမှ ကျေနပ်၍ ဆက်လက်တာဝန် ယူပါက နောက်ထပ် (၂၄) လ သက်တမ်းထပ်မံတိုးနိုင်ပါသည်။

ဗီဇာလျှောက်ထားခြင်း

ယူကေအတွင်းသို့ ဝင်ရောက်ရန် လူဝင်မှုကြီးကြပ်ရေးကိစ္စများ ကို Home Office UK Visa and Immigration မှ စီမံခန့်ခွဲပါတယ်။ ယူကေကျောင်းသားဗီဇာ လျှောက်ထားရာမှာ Tier 4 General ဗီဇာ အမျိုးအစားအတွက် Online Appointment လျှောက်ထား ရမှာဖြစ်ပြီး စာရွက်စာတမ်းတင်ပြရန် သတ်မှတ်ထားသော ရက်ရောက်ရှိပါက ဗြိတိသျှသံရုံးအသိအမှတ်ပြု Visa Application Centre (မြန်မာနိုင်ငံအတွက် VFS) တွင် ဗီဇာကြေးပေးဆောင်ကာ မိမိလျှောက်လွှာကို တင်ပြလျှောက်ထားရမည်ဖြစ်ပါတယ်။ 

ကျောင်းသားဗီဇာအတွက် ဘဏ္ဍာရေးအထောက်အထားအနေဖြင့် တစ်နှစ်စာ ကျောင်းလခနှင့် နေထိုင်စရိတ်အတွက် သတ်မှတ်ထား သော ပမာဏတစ်ခုကို ဘဏ်စာရင်း မိမိကိုယ်ပိုင် (အသက် ၁၈ နှစ် ပြည့်ပြီးပါက) (သို့) မိဘပိုင်ဘဏ်စာအုပ်) တွင် (၂၈) ရက် သိမ်းဆည်း ထားရန် လိုပါတယ်။

ဗီဇာတင်ထားစဉ်ကာလတွင်လည်း ထိုပမာဏကို ဘဏ်စာရင်းထဲတွင် ဆက်လက် ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။

လျောက်ထားနိုင်သည့်တက္ကသိုလ်များစာရင်း

CRONW EDUCATION  နှင့် ROYAL ACADEMIC INSTITUTE တွင်တက်ရောက်ပြီးလျောက်ထားနိုင်သည့် အင်္ဂလန်နိုင်ငံရှိတက္ကသိုလ်ကြီးများစာရင်းကို ဤနေရာတွင် CLICK HERE ကြည့်ရှု့နိုင်သည်။

သတ်ချက်ပြည့်မှီသောအပြင်မှကျောင်းသူးကျောင်းသားများကိုလည်း မည်သည့်ဝန်ဆောင်ခအခကြေးငွေမယူပဲလျောက်ထားပေးပါသည်။