• စင်္ကာပူကို ပညာသင်ဖို့ ရွေးချယ်ကြရာတွင် အထူးသဖြင့် လုံခြုံစိတ်ချမှုရှိခြင်း၊ () နာရီ (၄၅) မိနစ် ခရီးခန့်သာ ရှိသဖြင့် မိဘများအနေဖြင့် အချိန်မရွေး လိုက်ပါနိုင်ခြင်း၊ ဩစတြေးလျ၊ အင်္ဂလန်မှ ပေးအပ်ချီးမြှင့်သည့်ဘွဲ့များကို ကုန်ကျစရိတ် သက်သာစွာဖြင့် စင်္ကာပူနိုင်ငံတွင် တက်ရောက်ရယူနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။

  • စင်္ကာပူတွင် ပညာသင်ကြားမည်ဆိုပါက အစိုးရကျောင်းပညာရေးလမ်းကြောင်းနှင့် ပုဂ္ဂလိက ကျောင်းပညာရေးလမ်းကြောင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်ပြီး ပညာသင်ထောက်ပံ့ကြေး ရရှိနိုင်ခြင်း၊ တရားဝင် အချိန်ပိုင်းအလုပ်လုပ်နိုင်ခြင်း၊ ကျောင်းပြီးသောအခါ အလုပ်အကိုင်လျှောက်ထားဖို့ လွယ်ကူခြင်း စသည့်အချက်များကြောင့် အစိုးရပညာရေးလမ်းကြောင်းများကို စိတ်ဝင်စားမှု ပိုခဲ့ကြသည်။ အစိုးရကျောင်းများအနေဖြင့်လည်း ပညာရေးဆိုင်ရာ မှတ်တမ်းများတွင် ထူးချွန်သူများထဲမှ အတော်ဆုံးကျောင်းသားများကို ရွေးချယ်ခေါ်ယူလေ့ ရှိသဖြင့် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုများကာ နှစ်စဉ်ခက်ခဲလေ့ ရှိသည်။ ယခင်နှစ်များက အစိုးရကျောင်းများမှ ပြီးဆုံးပါက ရရှိနိုင်သော PR (Permanent Resident) အတွက် ၂၀၁၂ မှစ၍ အာမခံချက် မရရှိတော့ခြင်း၊ ဝင်ခွင့်ရရှိရန် ခက်ခဲလာခြင်း၊ ပုဂ္ဂလိက ပညာရေး လမ်းကြောင်းများမှ () နှစ်နှင့် ဘွဲ့ဒီဂရီ ရရှိနိုင်သော်လည်း အစိုးရ ပညာရေး လမ်းကြောင်းမှ ဘွဲ့ရရှိရန် () နှစ်မှ () နှစ်ခန့်အထိ ကြာခြင်း၊ မိမိတို့ စိတ်ကြိုက် ဘာသာရပ်များကို ရွေးချယ်သင်ယူခွင့် မရနိုင်ခြင်း စသည့်အချက်များကြောင့် အများစုမှာ ပုဂ္ဂလိက ပညာရေးလမ်း ကြောင်းမှသာ လျှောက်ထားသင်ယူလေ့ ရှိကြသည်။

စင်္ကာပူအစိုးရကျောင်းများ

စင်္ကာပူအစိုးရကျောင်းများသို့ လျှောက်ထားရာတွင် သတိထားရမည့် အချက်အချို့ ကို ​ဖော်ပြအပ်ပါသည်။အစိုးရကျောင်းများအနေဖြင့် ပိုလီ () ကျောင်းနှင့် တက္ကသိုလ် (၆) ခု ရှိသည်။

ပိုလီ () ကျောင်းများမှာ

(1) Singapore Poly
(2) Ngee Ann Poly
(3) Nanyang Poly
(4) Temasek Poly နဲ့
(5) Republic Poly တို့ဖြစ်ပြီး

စင်္ကာပူအစိုးရတက္ကသိုလ်များအနေဖြင့်

(1) National University of Singapore

(2) Nanyang Technological University

(3) Singapore University of Technology and Design (SUTD)

(4) Singapore Management University 

(5) Singapore Institute of Technology နှင့်

(6) Singapore University of Social Science တို့ဖြစ်သည်။

ပိုလီကျောင်းများဝင်ခွင့်အတွက် မြန်မာနိုင်ငံသားများလျှောက်ထားရာတွင် ခါတိုင်းနှစ်များထက် ဝင်ခွင့်ပိုခက်လာသည်။ အဓိကအချက်မှာ စင်ကာပူနိုင်ငံသားများအတွက် ဦးစားပေးစနစ်များ ရှိခြင်းကြောင့်ဖြစ်သလို လျှောက်ထားသည့်ကျောင်းသား၏ ပညာရေးအရည်အချင်းကြောင့်လည်းပါဝင်သည်။ 

ဥပမာ မြန်မာနိုင်ငံမှ IGCSE Cambridge စာမေးပွဲလက်မှတ်ကို ဖြေဆိုလျှောက်ထားကြသည်ဆိုရာတွင်၊ စင်ကာပူအစိုးရနှင့် Cambridge Exam တို့ပူးပေါင်း ကျင်းပစစ်ဆေးသည့် Singapore-Cambridge O Level လက်မှတ်များကိုသာ ဦးစားပေး စဉ်းစားသည့်အတွက် မြန်မာနိုင်ငံမှာလျှောက်ထားသူများအဖို့ ဝင်ခွင့်ခက်ခဲ ခဲ့ခြင်းဖြစ်သည်။ မြန်မာ (၁၀) တန်း အမှတ်ဖြင့်လျှောက်ထားသူများအနေဖြင့်လည်း ပိုလီကျောင်းများ၏ တရားဝင် ဝက်ဆိုက်များတွင် ​ဖော်ပြထားသည့် အမှတ်များနှင့် လက်တွေ့ဝင်ခွင့်လျှောက်ထားရာတွင် ခွင့်ပြုသည့အမှတ်များ ကွာဟမှုအများအပြားရှိသည်။

(၂၀၁၆ ခုနှစ်မှစပြီး ပိုလီကျောင်းများ မြန်မာနိုင်ငံတွင် စာမေးပွဲ လာရောက်မစစ်ဆေးပေးတော့ဟု သိရသည်။ ပိုလီကျောင်းများသို့ လျှောက်ထားလိုသူများ မိမိတို့ရမှတ်များကို အင်္ဂလိပ်ဘာသာ နိုတြီ ပြန်ဆိုလျက် ကျောင်းများသို့ တိုက်ရိုက်ပေးပို့ စုံစမ်းလျှောက်ထားနိုင်ကြပါသည်။)

စင်ကာပူအစိုးရတက္ကသိုလ်များသို့ မြန်မာနိုင်ငံမှ IGCSE (GCE O Level) အမှတ်များဖြင့် တိုက်ရိုက် ဝင်ခွင့် လျှောက်ထား မရနိုင်ပါ။ ၂၀၁၆ ဝင်ခွင့် မှတ်တမ်းများအရ မြန်မာ (၁၀)တန်း အဆင့် ဖြင့်လည်း အမှတ် (၅၀၀)ကျော်ရသည့်တိုင် တိုက်ရိုက်ဝင်ခွင့်ရရှိရန် အလွန်ခဲယဉ်းသည်။ အဆိုပါတက္ကသိုလ်များ၏ဝင်ခွင့်ကို စင်္ကာပူနိုင်ငံအစိုးရကျောင်းများဖြစ်သည့် Junior College တွင် Singapore အစိုးရနှင့် Cambridge အစိုးရတို့ ပူးပေါင်းစစ်ဆေးသည့် Singapore-Cambridge GCE”A” စာမေးပွဲ ဖြေဆိုထားသူများကိုဦးစားပေးခေါ်ယူသည်။ အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံတွင် ဖြေဆို၍မရနိုင်သကဲ့သို့ စင်္ကာပူရှိ ပုဂ္ဂလိကကျောင်းများ တွင်လည်း တက်ရောက်မရနိုင်ပေ။

စင်္ကာပူပုဂ္ဂလိကကျောင်းများ

နောက်လမ်းကြောင်းတစ်ခုအနေဖြင့် EduTrust လက်မှတ်ရ Private Education Institution ကျောင်းများတွင် တက်ရောက် ပညာသင်ယူနိုင်သည်။

စင်္ကာပူနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများ၏ ထူးခြားချက်မှာ စင်္ကာပူနိုင်ငံတွင် တက်ရောက်ရသော်လည်း ၎င်းတို့နှင့် ချိတ်ဆက် ထားသည့် အင်္ဂလန်၊ ဩစတြေးလျ၊ အမေရိကန် တက္ကသိုလ်များမှ ဘွဲ့များကို ကုန်ကျစရိတ်သက်သာစွာဖြင့် လေ့လာသင်ယူနိုင်ခြင်း ဖြစ်သည်။ ဘွဲ့ရရှိသည့်အခါ အဆိုပါနိုင်ငံများတွင် သွားရောက်ပညာသင်သည့် ကျောင်းသားများနှင့်ထပ်တူ ခွဲခြားထားမှုမရှိသည့် ဘွဲ့ လက်မှတ်များ ရရှိခြင်း ဖြစ်သည်။

စင်္ကာပူနိုင်ငံတွင် ပညာရေးအဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာကျောင်းသားများအတွက် ပညာရေးဆိုင်ရာ အရည်အသွေးများ၊ ငွေ ကြေးဆိုင်ရာ ကိစ္စများအတွက် အကာအကွယ်ပေးနိုင်ရန် Council For Private Education ကို ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းမှ ပုဂ္ဂလိက ပညာရေးအရည်အသွေးများကို စိစစ်ထိန်းချုပ်ကာ ကျောင်းများ၏ အရည်အသွေးအလိုက်
(1) EduTrust Star (4 Years)
(2) EduTrust (4 Years)
နဲ့
(3) EduTrust (one Year – Provisional)
ဟူ၍ လက်မှတ်များ ထုတ်ပေးထားသည်။

အဆိုပါလက်မှတ်ရရှိထားသောကျောင်းများသည် ကျောင်းသူ ကျောင်းသားများမှ ကျောင်းများသို့ ပေးသွင်းရမည့် ငွေကြေးများနှင့် ပတ်သက်၍ အကာအကွယ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးသည့် အစီအစဉ်များအပြင် ကျောင်းများ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုအရေးနှင့် ပညာရေးအရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးကာ ကြီးကြပ်ခြင်းများကိုပါ လုပ်ဆောင်သည့်အတွက် အဆိုပါ EduTrust လက်မှတ်ရ ကျောင်းများသည် အရည်အသွေးနှင့် ပြည့်စုံသည့် ကျောင်းများ ဖြစ်ကြသည်။ EduTrust Star သို့မဟုတ် EduTrust (4 Years) လက်မှတ်ရကျောင်းများကိုရွေးချယ် လျှောက်ထားသင့်သည်။

စင်္ကာပူတွင် တစ်နှစ် သို့ မဟုတ် နှစ်နှစ် သင်ယူပြီး အမေရိကန်၊ သြစတြေးလျ၊ အင်္ဂလန် စသည့် နိုင်ငံများကို ဆက်လက် လျှောက်ထားမည် ဆိုပါက၊ မိမိတို့ ဆက်လက် လျှောက်ထားလိုသည့် နိုင်ငံရှိ တက္ကသိုလ်သည် စင်္ကာပူတွင်တက်ရောက်မည့်တက္ကသိုလ်နှင့် ခိုင်မာစွာ ချိတ်ဆက်ထားမှုရှိ မရှိစုံစမ်းစစ်ဆေးပြီးမှလျှောက်ထားသင့်သည်။

အထူးသဖြင့် အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျ ဘွဲ့များကို ကုန်ကျစရိတ်သက်သာ စွာအချိန်တိုတိုအတွင်း စင်္ကာပူတွင် တက်ရောက်သင်နိုင်ခြင်း၏ အဓိက အချက်မှာ စင်္ကာပူရှိကျောင်း များတွင် Semester System အစား၊ Trimester System ဖြင့် သင်ကြားသည့် အတွက် ဘွဲ့၊ ဒီဂရီများကို အချိန်တိုတိုအတွင်းရရှိခြင်းကြောင့်ဖြစ်သည်။ စာသင်ကြားသည့်အချိန်ကို လျော့ချလိုက်ခြင်းကြောင့် မဟုတ်ပေ။ စင်္ကာပူနိုင်ငံတွင် ဘွဲ့ရယူပြီး အခြားနိုင်ငံကြီးများတွင် ဘွဲ့လွန်များ (MBA, MSc, PhD) စသဖြင့် ဆက်လက်သင်ယူလေ့လာနိုင်သည်။

မူလတန်းနှင့် အလယ်တန်းကျောင်းများ

စင်္ကာပူနိုင်ငံမှာ Primary / Secondary အစိုးရကျောင်းများသို့ဝင်ခွင့်ရဖို့ အတွက် ကလေးများအသက်အရွယ်အလိုက် အစိုးရကျင်းပသော PSLE (Primary School Leaving Examination) နဲ့ Secondary အရွယ်များအတွက် AEIS (Admission Exercise for International Student) စာမေးပွဲများကို ကလေးအသက်အရွယ်လိုက်သတ်မှတ်ထားသည် အတန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး မြန်မာနိုင်ငံကျောင်းသားတွေဝင်ခွင့်ရရှိမှုအလွန်နည်းသွားလို့ဝင်ခွင့်နဲ့ပတ်သက်ရင်တော့အာမခံချက်မရှိပါဘူး။

CROWN Education အနေနဲ့ တော့လောလောဆယ် စင်္ကာပူနိုင်ငံမှာလာရောက်ဖွင့်လှစ်ထားတဲ့ International School များကိုပြောင်းရွှေ့စာသင်ဖို့အကူအညီပေးပါတယ်။

St Francis Methodist School, Canadian International School, Stamford American International School တို့ကိုပြောင်းရွှေ့ပညာသင်ကြားမယ်ဆိုရင် ကလေးအသက်အရွယ်နဲ့အတန်းအလိုက် S$ 19000- 25000- 40000 စသဖြင့် တစ်နှစ်စာပညာသင်ကြားစရိတ်ကုန်ကျပါတယ်။ နေစရိတ်စားစရိတ်အပြီးဆို တစ်နှစ် S$ 36,000 ကနေ S$ 89,000 အထိကုန်ကျစရိတ်ရှိပါတယ်။ ကလေးနဲ့အတူ အမေသို့မဟုတ် အဖွားတစ်ယောက်ယောက် အုပ်ထိန်းသူအဖြစ်လိုက်ပါနိုင်ပါတယ်။  သူတို့အတွက် နောက်ထပ်ကုန်ကျစရိတ်တွေရှိနိုင်ပါတယ်။

International Schools in Singapore

ကျောင်းဝင်ခွင့်

International Schools တွေ ကျောင်းဝင်ခွင့် ဆုံးဖြတ်ရာမှာပထမဆုံး အနေနဲ့ ကြည့်တဲ့အချက်က ကလေးရဲ့ လက်ရှိပြီးထားတဲ့ သို့မဟုတ် တက်နေဆဲ အတန်းနဲ့ ကလေးရဲ့ မွေးနေ့ကို ကြည့်ပါတယ်။ ဒါ့ကြောင့် Passport သို့ Birth Certificate နဲ့အတူ ကလေးရဲ့လက်ရှိပြီးထားတဲ့ သိုမဟုတ် တက်နေဆဲ အတန်းနဲ့ ရှေ့ ၂ နှစ်စာ အတွက် စုစုပေါင်း ၃ နှစ်ရဲ့ Academic Report/ Transcripts တွေကို မဖြစ်မနေ ပြပေးရပါတယ်။

မွေးနေ့ကို ကြည့်ရတဲ့ အကြောင်းကတော့ ကလေးရဲ့ အသက်က သူတက်မယ့် အတန်း Level ရဲ့ သတ်မှတ်ထားတဲ့ အသက် အပိုင်းအခြားထက် ငယ်နေတယ် သိုမဟုတ် ကြီးနေတယ်ဆိုရင် တက်ခွင့်မရှိပါဘူး။

ဥပမာ- ကလေး က Grade 8 ပြီးထားပြီးတော့ Grade 9 တက်ရမှာဖြစ်ပေမယ့် သူ့အသက်က Grade 9 ကလေးတစ်ယောက် ရှိရမယ့် အသက်ထက်ကြီးနေတယ်ဆိုရင် အဲ့အချက်မှာတင် ဝင်ခွင့်အတွက်လုံးဝ မစဉ်းစားပေးပဲ အခြားကျောင်းရှာပါလို့ ပြောတတ်ပါတယ် Canadian International School ဆိုရင် ဒါမျိုး လုံးဝ လက်မခံပါဘူး။ St. Francis Methodist School နဲ့ Stamford American International School ဆိုရင်တော့ Case by Case Basic နဲ့စဉ်းစားပေးတတ်ပါတယ်။

ကျောင်းဘက်က အသက်နဲ့ အတန်း Level ကို ကြည့်ပြီးလို့ တက်ဖို့ eligible ဖြစ်တယ်ဆိုရင် Admission Test ဖြေရပါတယ်။ Admission Test Result ပေါ်မူတည်ပြီး တက်ရမယ့် level နဲ့ intake/ term ကို ကျောင်းက ပြန်ပြောပေးပါတယ်။ အဲ့ဒီမှာမှ English အတွက်လိုအပ်တယ်ဆိုရင် Additional English Class တက်ရတာမျိုးတွေ ရှိတတ်ပါတယ်။

ဒီကျောင်းတွေကို စစဉ်းစားပြီဆိုရင် ကလေးတစ်ယောက် တက်ရမယ့် အတန်း level၊ ကျောင်းစာရိတ် အတိအကျနဲ့ ဘယ်အချိန်တက်ရမယ်ဆိုတာ Admission Test Result နဲ့ Admission Board Decision ပေါ်မူတည်ပြီး ကျောင်းဘက်ကပဲ ပြန်ပြောပေးတယ်ဆိုတာလေးတော့ သိထားရပါမယ်။

ကျောင်းလခ

ကျောင်းလခအနေနဲ့ကတော့ ကျောင်းအပေါ်မူတည်ပြီး S$ 19000- 25000- 40000 စသဖြင့် တစ်နှစ်စာပညာသင်ကြားစရိတ်ကုန်ကျပါတယ်။

ကျောင်းတွေက Pre-admission အတွက်သာ Admission Test ကို ဖြေခွင့်ရ မရကိုသာ Intro အနေနဲ့ ကြည့်ပေးကြပေမယ့် (Admission Test Fees- S$ 90- 400 နဲ့ Application Fees S$ 800- 963- 2500) စသဖြင့် သွင်းပြီးမှသာလျှင် ကျန်တဲ့ Process ဆက်လုပ်ပေးပါတယ်။ ဒီ Fees အားလုံးက ကျောင်းတွေကို တိုက်ရိုက်သွင်းရတာတွေပါ။ ကျောင်းတွေရဲ့ Websites တွေမှာလည်းရှိပါတယ်။

HPB Certificate (for students below 12 years old)

HPB (Health Promotion Board) Certificate ဆိုတာ ကျောင်းသွားတက်မယ့် ၁၂ အောက် ကလေးတိုင်းအတွက်လိုအပ်ပါတယ်။ ဒီ Certificate ရဖို့ဆိုရင် Singapore HPB မှာ register လုပ်ပြီး ကလေးရဲ့ Immunization Record (Original/ Notary)၊ မွေးစာရင်း (Original/ Notary) ဒီ ၂ ခု မဖြစ်မနေပြပေးပြီးForm 1 ခုဖြည့်ပေးရပါတယ်။ အဲ့ဒီ Form ကို ဆရာဝန် တစ်ယောက်ယောက်ကပဲ ဖြည့်ပေးခွင့်ရှိပါတယ်။ ကာကွယ်ဆေးမစုံရင် ပြန်ထိုးရတာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ကလေးတွေဆိုရင် Measles ဝက်သတ် နဲ့ Diphtheria ဆုံဆို့နာ တို့လို ဆေးမျိုးအတွက် တစ်လုံး ပြန်ထိုးရတတ်ပါတယ်။ အယောက်တိုင်း ဆေးထပ်ထိုးရမယ်လို့ မဆိုလိုပါ။ HPB register မလုပ်ခင် ကျောင်းတွေမှာ ရှိတဲ့ School Nurse က သေချာ စိစစ်ပေးပြီးမှ လိုရင်လိုတယ် ပြောပါတယ်။

HPB registration fees ကတော့ St. Francis Methodist School ဆိုရင် S$ 214 နဲ့ လိုအပ်တဲ့ စာရွက်စာတမ်း ပေးလိုက်ရင် ကျောင်းက အကုန်လုပ်ပေးပါတယ်။ Canadian International School ကတော့ Guidelines ပေးနိုင်တဲ့ Singapore local service နဲ့ ချိတ်ပေးပါတယ်။ Stamford International School ဆိုရင်တော့ Clinic website link ကို ပေးပါတယ်။

Guardian/ Caregiver

Caregiver ဆိုတာက ကလေးအတွက် အမေ သို့မဟုတ် အဘွားက လိုက်မနေနိုင်ဘူးဆိုရင် Caregiver Agreement form ကျောင်းကို ပြရပါတယ်။ Oldham Hall ဆိုတဲ့ Hall လိုမျိုးမှာနေရင် နေ သို့မဟုတ် Home stay service provider နဲ့ နေမယ်ဆိုရင် သူတို့တွေဆီက Caregiver agreement ယူလို့ရပါတယ်။

ကျောင်းတက်မယ့် ကလေးနဲ့ အတူ လူကြီးလိုက်နေမယ်ဆိုရင်တော့ အမေ သို့မဟုတ် အဘွား ကလိုက်ခွင့်ရှိပြီး Long Term Visit Pass(LTVP) လျှောက်ထားနိင်ပါတယ်။ LTVP လျှောက်တဲ့နေရာမှာ Singaporean တစ်ယောက်က Sponsor ပေးဖို့လိုပါတယ်။ St. Francis Methodist School နဲ့ Canadian International School ဆိုရင် Guardian ရဲ့ LTVP အတွက် ကူညီနိုင်မယ့် Local Sponsors တွေကို recommend ပေးပါတယ်။ Stamford American International School ကတော့ သူ့ရဲ့ Boarding မှာပဲ ကလေးနေပြီးတော့ Caregiver Agreement ယူနိုင်ပါတယ်။ အပြင်မှာနေချင်တယ် သို့မဟုတ် အမေ သို့ အဘွားက လိုက်ချင်တယ်ဆိုရင်တော့ Guardian ရဲ့ LTVP အတွက် ကိုယ့်ဘာကိုယ် စီစဉ်ရပါတယ်။

Caregiver Charges အနေနဲ့က Hall နဲ့ Homestay service လိုမျိုးမှာဆိုရင်တော့ လစဉ်ပေးရမယ့် နေစားစရိတ်ပေးရုံပါပဲ။ သီးသန့်ရယ်လို့ ထပ်တောင်းလေ့မရှိပါဘူး။

LTVP sponsorship အတွက် Charges ကတော့ Local Sponsors တွေက Average အနေဲ့ တစ်နှစ်ကို S$ 1000 ကောက်ခံလေ့ရှိပါတယ်။

လျှောက်ထားပေးနိုင်သောစင်္ကာပူတက္ကသိုလ်များစာရင်း

CROWN Education အနေဖြင့် Green Color Box နှင့် ဖော်ပြထားသောတက္ကသိုလ်များအတွက် ကျောင်းဝင်ခွင့်နှင့်၊ ကျောင်းသားဗီဇာ ရရှိသည်အထိ အစအဆုံး အခမဲ့ကူညီလျှောက်ထားပေးလျက်ရှိပါသည်။ 

မှတ်ချက်။ ။ ROYAL ACADEMIC INSTITUTE တွင် Grade 12 Program တက်ရောက်သင်ကြားထားသည့်ကျောင်းသား/သူများအနေဖြင့် အောက်တွင်ဖော်ပြထားသောတက္ကသိုလ်များ၏ ဝင်ခွင့်များကို ပြင်ဆင်လျှောက်ထားပေးပါသည်။

Book Appointment >