အမေရိကန်၊သြစတြေးလျ၊ ကနေဒါ၊ စင်္ကာပူ၊ထိုင်း – MBA/MS

အမေရိကန်၊ သြစတြေလျနှင့် ကနေဒါနိုင်ငံတို့တွင်   MBA/MS တက်ဖို့ ကိုယ့်ရဲ့ဘွဲ့ဟာ (4) နှစ်ဒီဂရီဖြစ်ရပါမယ်။ Grade Point of Average GPA ကိုလည်း ပျမ်းမျှ ၃.၅ လောက်တောင်းလေ့ရှိကြပါတယ်။ သူ့နည်းပြီးလက်ခံတာ လည်းရှိတယ်။ အထူးသဖြင့် Rank အလယ်အလတ်နဲ့ Rank နိမ့်တဲ့ တက္ကသိုလ်တွေဆိုရင် GPA 2.6/3 လောက်ကိုလက်ခံပါတယ်။

နာမည်ကြီးတက္ကသိုလ်တွေ ကို MBA လျှောက်မယ်ဆိုရင်တော့ ကျောင်းပြီး အလုပ်အတွေ့အကြုံ () နှစ်၊ ()နှစ်စသဖြင့် တက္ကသိုလ်ပေါ်မူတည်ပြီး အလုပ်အတွေ့အကြုံရှိဖို့လိုပါတယ်။ နောက်တစ်ခါ GRE (Graduate Record Exam)/ GMAT (Graduate Management Admission Test) စတဲ့ Test ရလဒ်တွေပါတင်ပြဖို့ လိုပါတယ်။ MS, Master of Science in Finance / Management လိုဘာသာရပ်မျိုးဆိုရင်တော့ အလုပ် အတွေ့ အကြုံမလိုတာတွေလည်းရှိပါတယ်။

ဒါမှမဟုတ်ကိုယ့်မှာရှိ ထားတဲ့ ပညာရေးမှတ်တမ်း၊ အလုပ်အတွေ့အကြုံတွေနဲ့၊ ကုန်ကျစရိတ်အနည်းဆုံးMBA ကို ရှာတက်မယ်ဆို ရင်တော့ ကိုယ်ကြိုက်တဲ့တက္ကသိုလ်ရွေးတက်ဖို့ ဖြစ်နိုင်ခြေနည်းပြီး၊ ကိုယ်တတ်နိုင်တဲ့ဘတ်ဂျက်၊ ပညာရေးအရလက်ခံနိုင်တဲ့ နိုင်ငံ၊တက္ကသိုလ်ကိုစဉ်းစားသင့်ပါတယ်။  ဥပမာအနေနဲ့ပေးရရင် အမေရိကန်မှာ Southern New Hampshire University လိုမျိုးဘတ်ဂျက်သက်သာပြီး GRE/GMAT မလိုတာအင်တာနက်ကရှာ လျှောက်ဖို့ အကြံပေးပါတယ်။ 

MBA/MSc ကုန်ကျစရိတ်များ

ထူးခြားချက်အနေနဲ့ UK (အစိုးရတက္ကသိုလ်) နဲ့ စင်္ကာပူမှာ MBA တက်ရောက်မယ်ဆိုရင် တစ်နှစ်ခန့်သာကြာမြင့်နိုင်ပါတယ်။ (စင်္ကာပူအစိုးရကျောင်းတွေမှာတော့ တစ်နှစ်ခွဲခန့်ကြာမြင့်ပါတယ်။) စင်္ကာပူ ပုဂ္ဂလိကကျောင်းတွေမှာ တစ်နှစ်ကို သိန်း (၃၀၀) မှ (၆၀၀)ခန့်အထိရှိကြပါတယ်။ ပုံမှန် Ranking အဆင့်ရှိတဲ့ အင်္ဂလန်ကတက္ကသိုလ်ဆို ပေါင် ၁၄၀၀၀၁၆၀၀၀ မြန်မာငွေ သိန်း (၃၀၀)-(၄၀၀) ခန့်စာသင်စရိတ်ရှိပါတယ်။ စင်္ကာပူနဲ့ UK MBA မှာစာသင်စရိတ်သိပ်မကွာဘူးလို့တောင်ပြောလို့ရပါတယ်။

သြစတြေလျ၊ကနေဒါ၊အမေရိကန် နာမည်ကြီး တက္ကသိုလ်တွေရဲ့MBA ကုန်ကျစရိတ်ဆိုရင် တစ်နှစ်ကို မြန်မာငွေ သိန်း (၄၅၀) ခန့်ကနေ သိန်း (၈၀၀) ခန့်အထိရှိပါတယ်။ Singapore Management University က Executive MBA ဆိုရင်စာသင်စရိတ်ကြီးပဲ မြန်မာငွေ သိန်း (၁၃၀၀) ခန့်အထိရှိပါတယ်။ ကျောင်းလခ နဲ့နေထိုင်စားသောက်စရိတ်ပေါင်းလိုက်ရင် တစ်နှစ်ခွဲ နှစ်နှစ်ကို မြန်မာငွေသိန်း ၁၈၀၀၂၀၀၀ ခန့်လောက်ကုန်ကျ တတ်ပါတယ်။ Ranking နိမ့်တဲ့ တက္ကသိုလ်တွေဆိုရင်တော့ (USA/Australia/Canada) သုံးနိုင်ငံလုံးမှာ စာသင်စရိတ်နဲ့ နေထိုင်စား သောက်စ ရိတ်ပေါင်း ()နှစ်ခွဲ ()နှစ်ကို သိန်း ၈၀၀ ကနေ ၁၂၀၀ ခန့်ကုန်ကျပါတယ်။  

အသက်သာဆုံးကတော့ ထိုင်းနိုင်ငံက MBA များပဲဖြစ်ပါတယ်။ တစ်နှစ်စာသင်စရိတ် Bangkok University မှာ သိန်း (၇၀)ခန့်နဲ့စာသင်နိုင်ပါတယ်။

MBA/MSc ဝင်ခွင့်

စင်္ကာပူ၊အင်္ဂလန်၊ထိုင်း နဲ့ ဥရောပနိုင်ငံတစ်ချို့က ပုံမှန်အဆင့် Ranking တက္ကသိုလ်တွေဆိုရင်တော့ လုပ်သက်အတွေ့အကြုံတစ်နှစ်လောက်၊ IELTS 6.5 နဲ့ဝင်ခွင့်လျောက်လို့ရပါတယ်။

နာမည်ကြီးတက္ကသိုလ်တွေကိုလျောက်ထားချင်တယ်၊ ဆိုရင်တော့ တက္ကသိုလ်အလိုက် လုပ်သင့်အတွေ့အကြုံ (၂)နှစ်ကနေ (၅)နှစ် (၈)နှစ်အထိတောင်းကြပါတယ်။ GRE (Graduate Record Exam)/ GMAT (Graduate Management Admission Test) အမှတ်တွေတောင်းပါတယ်။  Interview တွေလည်းဖြေရနိုင်ပါတယ်။  GRE-GMAT ရမှတ်တွေမရှိဘူးဆိုရင် Pre-Master ကနေစတက်ကြရပါတယ်။ Pre-Master မှာ GRE-GMAT တွေပြင်ဆင်ပေးပါတယ်။ ၆ လ၈ လ စသဖြင့်ကြာ မြင့်ပါတယ်။ Pre-Master အတွက်စာသင်စရိတ် US$ 12000/- ခန့်ကုန်ကျပြီး နောက်ထပ် နေထိုင်စားသောက်စ ရိတ်ပေါင်းရင် Pre-Master အတွက်ကိုပဲ သိန်း ၄၅၀၅၀၀ ခန့်ကုန်ကျနိုင်ပါတယ်။ ပြီးတော့မှ နောက်ထပ် MBA/Master အတွက်ကုန်ကျစရိတ်ထပ်ပေါင်းရပါမယ်။

MBA/MSc တက်ရောက်နိုင်သည့်နိုင်ငံများ

MBA ကိုတက်ရောက်ဖို့နိုင်ငံရွေးချယ်တဲ့အခါ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်အကိုင်အခွင့်အလမ်းများတဲ့နိုင်ငံတွေကိုရွေးချယ်သင့်သော်လည်း၊ အဲဒီလိုနိုင်ငံတွေဟာ ကုန်ကျစရိတ်နဲ့ ဗီဇာအတွက်တင်ပြရတဲ့အဆင့်၊စာရွက်စာတမ်းများပြားလွန်းတာကြောင့်၊ မိမိတို့ အဆင်ပြေတဲ့ဘတ်ဂျက်၊မိမိတို့ပညာရေးနောက်ခံနဲ့ ဝင်ခွင့်အဆင်ပြေတဲ့နိုင်ငံတွေကိုရွေးချယ်ရလေ့ရှိပါတယ်။

USA-Canada-Australia နိုင်ငံတွေဟာ ကုန်ကျစရိတ်မြင့်မားပြီး၊ အဆင့်မြင့်တက္ကသိုလ်တွေဆို ဝင်ခွင့်မှာလည်း GRE-GMAT, အလုပ်အတွေ့အကြုံ (တစ်ချို့တက္ကသိုလ်တွေ ဆို အလုပ်အတွေ့အကြုံဆိုရာမှာ သာမာန်အဆင့်မဟုတ်ပဲ Executive/Director အဆင့်အလုပ်အတွေ့အကြုံလို့တောင်းတာတွေတောင်ရှိပါတယ်။) တွေလိုအပ်လေ့ရှိပါတယ်။

ကုန်ကျစရိတ်သင့်တင့်ပြီးရွေးချယ်တာများတဲ့နိုင်ငံတွေကတော့ အင်္ဂလန်၊ စင်္ကာပူ၊ ထိုင်း၊ ဥရောပက ပိုလန်၊ ဖင်လန် စတဲ့နိုင်ငံတွေမှာကုန်ကျစရိတ်သင့်တင့်ကြပါတယ်။