တစ်နေရာထဲမှာ အားလုံးပြီးပြည့်စုံသွားဖို့ Triple Award Program (TAP)

  • Triple Award Programဟာ မြန်မာနိုင်ငံမှာ အသက် (၁၆)နှစ်၊ (၁၇)နှစ်ကျော်လာပြီး
    iGCSE နဲ့ ဆယ်တန်းမဖြေဆိုရသေးတဲ့ ကျောင်းသူကျောင်းသားတွေ၊ iGCSE နဲ့ GED ဘာပြင်ရမှန်းမသိလို့၊ ပညာရေးလမ်းကြောင်းမှားမှာစိုးလို့ စဉ်းစားရခက်နေတဲ့ မိဘနဲ့ကျောင်းသူကျောင်းသားတွေ၊ ပညာသင်ဆုနဲ့နိုင်ငံတကာမှာကျောင်းတက်လိုတဲ့ကျောင်းသူကျောင်းသားတွေအတွက် အထူးသင့်တော်ပါတယ်။
First AWARD 
အမေရိကန်အစိုးရအသိအမှတ်ပြု အမေရိကန် High School Diploma လက်မှတ်ဖြစ်ပါတယ်။​သူ့လက်မှတ်တစ်ခုထဲသီးသန့်ဖြေရင်၊ Grade 12 Transcripts တွေမရရှိနိုင်ပါဘူး။ ဒါကြောင့် ACT-GAC နဲ့တွဲလိုက်ရင် ပိုပြီးပြီးပြည့်စုံတဲ့လက်မှတ်တစ်ခုဖြစ်သွားပါတယ်။

Second AWARD 

GAC အမေရိကန်ကပေးအပ်မဲ့ Grade 12 လက်မှတ်ဖြစ်ပါတယ်။ ACT-GAC လို့ခေါ်ပါတယ်။ ဒီလက်မှတ်ရှိရင် iGCSE/GCE A တို့ ဖြေဖို့မလိုတော့ပါဘူး။ Grade 12 Transcripts တွေထွက်ပါတယ်။ 
Third AWARD

ACT လို့ခေါ်တဲ့ (မြန်မာနိုင်ငံမှာလူသိများတဲ့ SAT နဲ့ အတူတူပဲဖြစ်ဖြစ်ပါတယ်။ SAT တောင်းတဲ့ကျောင်းတိုင်း ACT တင်ပြလို့ရပါတယ်။) American College Test လက်မှတ်ဖြစ်ပါတယ်။ ဒီအမှတ်နဲ့ အမေရိကန်တက္ကသိုလ်ကောလိပ်တွေမှာ ပညာသင်ဆုအများအပြားလျှောက်လို့ရပါတယ်။ “Scholarships with ACT Scores" လို့သာ Google မှာရိုက်လိုက်ပါ။ အများကြီးတွေ့ရပါလိမ့်မယ်။

ဒီလက်မှတ်တွေရဲ့ထူးခြားချက်ကတော့ သင်ကြားပေးမဲ့ CROWN – Royal Academic Institute ဟာ တရားဝင်စာမေးပွဲကျင်းပခွင့်ရှိတဲ့ ACT/GED Center ဖြစ်တာကြောင့် မည်သည့်အကြောင်းနဲ့မှ စာမေးပွဲရွှေ့တာ၊ မကျင်းပနိုင်တာမျိုးတွေ မရှိနိုင်ပါဘူး။

TAP နဲ့ဆိုရင် Singapore/UK/Australia တို့မှာ တက္ကသိုလ်ပထမနှစ်ကိုလည်း တိုက်ရိုက်တက်ရောက်ခွင့်ရရှိနိုင်ဉီးမှာဖြစ်ပါတယ်။

IGCSE နှင့် GED ပညာရေး အားသာချက်၊ အားနည်းချက်

IGCSE နဲ့ဆိုရင် ထိုင်းနိုင်ငံနဲ့ Japan တို့မှာ ကျောင်းတက်ဖို့အဆင်မပြေပါဘူး။ GCE A Level ထပ်တက်ဖို့လိုပါတယ်။ IGCSE တစ်ခုထဲနဲ့ဆို Foundation တက်ဖို့လိုပါသေးတယ်။
GED တစ်ခုထဲဖြေဆိုမယ်ဆိုရင်လည်း UK, Australia ကျောင်းတွေလျှောက်တဲ့အခါ အခက်အခဲရှိပြန်ပါတယ်။
SAT တစ်ခုထဲထပ်ပြင်မယ်ဆိုရင်လည်း နောက်ပိုင်း ကိုယ်လျှောက်ချင်တဲ့ တက္ကသိုလ်က SAT တစ်ခုထဲနဲ့ လက်မခံတာမျိုးလည်းရှိနိုင်ပါသေးတယ်။
နိုင်ငံခြားမှာ ဆက်လက်သင်ယူတာနဲ့ ပတ်သက်ပြီး ကျောင်းသူကျောင်းသားတွေ မကြာခဏမေးတတ်ကြတဲ့ ပညာသင်ဆုလျှောက်ဖို့ ဘာပြင်ရမလဲဆိုတဲ့ မေးခွန်းအတွက်
ကိုယ်ပိုင် Exam Center တစ်ခုဖြစ်တဲ့ Royal Academic Institute မှာ Grade 12 + GED + ACT Qualifications တွေပေါင်းပြီး Triple Award Program ကိုသာတက်ထားလိုက်ရင် ကိုယ့်ကလေး နောက်ပိုင်းသွားတက်မဲ့နိုင်ငံတွေ၊ ဘာသာရပ်တွေရွေးဖို့ ခေါင်းခြောက်စရာမလိုတော့ပါဘူး။
Royal Academic Institute ရဲ့ Head Office ဖြစ်တဲ့ CROWN Education ကလည်း ကျောင်းသူကျောင်းသားတွေကို နိုင်ငံခြားမှာ ကျောင်းလျှောက်တာ၊ ဗီဇာ၊ ပညာသင်ဆုတွေအတွက်ပါ အခမဲ့ စီစဉ်ကူညီဆောင်ရွက်ပေးဉီးမှာဆိုတော့ Triple Award Programဟာ သားသမီးတွေရဲ့ ပညာရေးအတွက် စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်။

Triple Award Program နဲ့ အခြားသင်တန်းတွေ ဘယ်လိုကွာခြားမှုရှိသလဲ

USA, Japan, Thailand, Switzerland တို့အပြင် UK, Australia, Singapore တို့မှာ Foundation အလွတ် လျှောက်ထားနိုင်ပါလိမ့်မယ်။ iGCSE နဲ့ GED ဆိုရင် Foundationတက်ရောက်ဖို့လိုပါသေးတယ်။ (အသေးစိတ်တက္ကသိုလ်စာရင်းကိုတော့ RAI-CROWN မှာ မေးမြန်းနိုင်ကြပါတယ်။)
Triple Award Program သင်ကြားနေစဉ်ကာလအတွင်းမှာ ကျောင်းသူကျောင်းသားတွေဟာ ဘာသာရပ်နဲ့ နိုင်ငံတွေ ဆုံးဖြတ်စရာမလိုသေးပါဘူး။ Royal Academic Institute နဲ့ CROWN Education Admission Team တွေက ကလေးရဲ့ ဝါသနာနဲ့ စွမ်းဆောင်ရည်တွေကို ကူညီအကဲဖြတ်ပြီး၊ သင့်တင့်တဲ့ ဘာသာရပ်နဲ့ တက္ကသိုလ် ရွေးချယ်တာတွေကို စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်အတွက် ၂၀၂၂က စတင်ပြီး အင်္ဂလန်နိုင်ငံက Career Assessment စီစစ်အကဲဖြတ်ပေးတဲ့ Consulting Company နဲ့ပါ ကလေးတွေကို ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ မိဘတွေအတွက်လည်း Triple Award Program ပြီးတော့မှ ကလေးတွေ တက်ချင်တဲ့ နိုင်ငံ၊ တက္ကသိုလ်၊ ဘာသာရပ်နဲ့ မိဘတွေတတ်နိုင်တဲ့ ဘတ်ဂျက်ရယ်ကို ကူညီစဉ်းစားရွေးချယ်လျှောက်ထား ပေးသွားမှာဖြစ်ပါတယ်။

Triple Award Programမှာ မြန်မာဆယ်တန်း/iGCSE/မဖြေဆိုရသေးတဲ့သူတွေနဲ့ ဖြေဆိုပြီးသားသူတွေ ဝင်ခွင့်အမှတ်အလိုက် အတူတူတက်ရမယ်ဆိုပေမဲ့ လျှောက်ထားလို့ရတဲ့ နိုင်ငံ/တက္ကသိုလ်/Program List ကွာသွားနိုင်ပါတယ်။

ပညာရေးထူးချွန်တဲ့ ကျောင်းသူ၊ကျောင်းသားများအတွက် Scholarship

Triple Award Program ရဲ့ အထူးအစီအစဉ်ကတော့ စကောလာရှစ်လျှောက်ထားနိုင်ခြင်းပဲဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေဘက်က Grade 12 GPA, GED ရမှတ်နဲ့ ACT ရမှတ်တွေ ကောင်းအောင်သာ ကြိုးစားပေးရင် ပညာသင်ဆုရဖို့ အခွင့်အရေးအများကြီးရှိပါတယ်။ ရှေ့မှာလည်း RAI-CROWNအကူအညီနဲ့ ပညာသင်ဆုရထားပြီးသား ကျောင်းသူကျောင်းသားအများအပြားရှိပါတယ်။

Triple Award Program (TAP)တက်ရောက်ခွင့်ရဖို့ ဘာတွေလိုလဲ

IGCSE/မြန်မာဆယ်တန်း မပြီးဆုံးသေးရင်တော့ အသက် (၁၆)နှစ်ပြည့်ပြီးသူဖြစ်ဖို့နဲ့ ဝင်ခွင့် ဖြေဆိုအောင်မြင်ဖို့ပဲ လိုပါတယ်။ ဝင်ခွင့် စာမေးပွဲဖြစ်တဲ့ Royal Test ကို (၃) နာရီခွဲကြာ ဖြေဆိုရပါမယ်။

IGCSE/မြန်မာဆယ်တန်းအောင်မြင်ပြီးရင်တော့ ရွေးချယ်စရာတက္ကသိုလ် /နိုင်ငံ/ဘာသာရပ်တွေ ပိုများပါတယ်။

တက်ရောက်ရမည့်အချိန်ကာလနှင့် ကုန်ကျစရိတ်

TAP Programကို အချိန်တစ်နှစ်ခွဲ တက်ရောက်သင်ကြားရမှာဖြစ်ပြီး UK/Australia/Singapore တို့မှာ တက်ရောက်ရမဲ့ Foundation Program တက်ရောက်စရာမလိုတော့တဲ့အတွက် ကလေးတွေ နိုင်ငံခြားမှာ ဆက်လက်တက်ရောက်တဲ့အခါ မိဘတွေအတွက် ကုန်ကျစရိတ်အများကြီးသက်သာသွားမှာဖြစ်ပါတယ်။

သင်တန်း သင်ကြားမည့်ပုံစံ

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့  ရန်ကုန် နှင့် မန္တလေးမြို့များတွင် In-person Class နဲ့ တက်ရောက်နိုင်ဖို့ စီစဉ်ထားပါတယ်။

မှတ်ချက်။  ကိုဗစ်ကြောင့် စာမေးပွဲတွေ ရွှေ့ရတာမျိုးမရှိပါဘူး။