နိုင်ငံတကာမှာဆေးတက္ကသိုလ်တက်ဖို့စိတ်ဝင်စားတဲ့သူတွေသတိထားသင့်တဲ့အချက်တွေကိုတင်ပြလိုက်ပါတယ်။ ကမ္ဘာ့အသိအမှတ်ပြုဆေးတက္ကသိုလ်တွေဆိုရင်၊ ဝင်ခွင့်ခက်တာ၊ ကုန်ကျစရိတ်များတာ၊ ပညာသင်ဆုပေးလေ့မရှိတာစတဲ့အချက်တွေကြောင့် ဆေးတက္ကသိုလ်နိုင်ငံတကာမှာတက်ဖို့စဉ်းစားတဲ့အခါ ဒီအချက်တွေကိုထည့်စဉ်းစားဖို့လိုပါတယ်။ 

ဆေးတက္ကသိုလ်ဝင်ခွင့်လိုအပ်ချက်များ

ဆေးတက္ကသိုလ်တက်ရောက်လိုတဲ့ကျောင်းသူကျောင်းသားတစ်ယောက်ဟာ ဆေးပညာတက္ကသိုလ်တွေရဲ့သဘောသဘာဝအရ၊ မြန်မာဆယ်တန်းအမှတ်တွေကောင်းဖို့ စာတော်ဖို့၊ ထူးချွန်တဲ့ပညာရေးမှတ်တမ်းတွေရှိဖို့၊ လိုအပ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးကဆေးတက္ကသိုလ်အများစုကတော့ မြန်မာဆယ်တန်းတို့၊ IGCSE အမှတ်တွေနဲ့တိုက်ရိုက်လျှောက်လို့မရပါဘူး။ သူတို့သီးသန့်လုပ်ထားတဲ့ Medical Foundation သို့မဟုတ် GCE A Level, OSSD, IB စတဲ့ နိုင်ငံတကာအဆင့် ၁၂ တန်းပညာရေးရှိဖို့လိုအပ်ပါတယ်။

Foundation or GCE A Level with UKCAT-UKBMAT

ဥပမာ အင်္ဂလန်မှာဆေးတက္ကသိုလ်တက်ဖို့ GCE A level ရမှတ်နဲ့ UKCAT (UK Clinical Aptitude Test) ဒါမှမဟုတ် UKBMAT (BioMedical Admissions Test) ရမှတ်တွေတင်ပြဖို့လိုတဲ့အပြင်၊ မြန်မာဆယ်တန်းရမှတ် ဥပမာ Bio Physic Chemistry Math ရမှတ်တွေမှာ ပျမ်းမျှ ၈၅ မှတ်အနည်းဆုံးရှိဖို့လိုပါတယ်။  IGCSE ဖြေဆိုထားတဲ့သူတွေဆိုရင် အနည်းဆုံး (၇) ဘာသာမှာ အထက်ကဘာသာရပ်တွေကို A* ရထားဖို့လိုတာမျိုးတွေရှိပါတယ်။ မြန်မာဆယ်တန်းနဲ့ IGCSE မှာသတ်မှတ်ထားတဲ့အမှတ်တွေမပြည့်မှီပဲ ဆေးတက္ကသိုလ်ဝင်ခွင့်ပြင်ပေးတဲ့ Foundation တွေ GCE A Level တွေတက်ရင် တစ်ချို့နိုင်ငံတွေမှာ ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်တော့မှ ခက်ခဲတာမျိုးတွေရှိတတ်လို့ပါ။

ရေးဖြေနဲ့ လူတွေ့အင်တာဗျူး

အမှတ်တွေအဆင်ပြေလို့  Medical Foundation / GCE A Level တွေတက်တော့မယ်ဆို အဲဒီ Foundation/A Level တွေမှာ ရမှတ်တွေကောင်းဖို့လိုတဲ့အပြင်၊ နိုင်ငံအလိုက်တက္ကသိုလ်တွေကပြုလုပ်တဲ့ သီးခြားရေးဖြေ၊ လူတွေ့အင်တာဗျူးကိုပါ ဖြေဆိုအောင်မြင်ဖို့လိုအပ်ပါတယ်။ လူတွေ့အင်တာဗျူးတွေမှာ ဘာကြောင့်ဆေးပညာကိုစိတ်ဝင်စားတာလဲ ဘာကြောင့်ဆရာဝန်တစ်ယောက်ဖြစ်ချင်ရတာလဲဆိုတာကိုအဓိကထားမှာဖြစ်လို့ ဆေးတက္ကသိုလ်လျှောက်ထားလိုတဲ့သူတွေဟာ လူအိုရုံတွေ ဘိုးဘွားရိပ်သာတွေ ပုဂ္ဂလိကဆေးရုံတွေမှာ လုပ်အားပေးလုပ်တာမျိုးတွေလုပ်ကိုင်ကြရလေ့ရှိပါတယ်။ 

ပိုလန်၊ ဟန်ဂေရီ၊ ချက် စတဲ့နိုင်ငံတွေမှာတော့ အထက်ကပြောခဲ့တဲ့ မြန်မာ (၁၂)တန်း အမှတ်တွေမပြည့်မီလည်း၊ Biology, Chemistry, Physic ဘာသာရပ်တွေရေးဖြေနဲ့ လူတွေ့အင်တာဗျူးတွေဖြေဆိုပြီး သူတို့ Foundation တွေကတဆင့်တက်လို့ရတာမျိုးတွေရှိပါတယ်။ 

သက်ဆိုင်ရာနိုင်ငံတွေမှာသူတို့ Medical Foundation သွားရောက်ပြင်ဆင်နိုင်တာရှိသလို မြန်မာနိုင်ငံမှာ Grade 12 အဆင့်အထိပြင်ဆင်ပြီးတော့မှလျှောက်ထားနိုင်တာမျိုးလည်းရှိပါတယ်။ မြန်မာနိုင်ငံမှာပြင်ဆင်မယ်ဆိုရင်တော့

() IELTS ကိုအနည်းဆုံး 6.5 သို့မဟုတ် 7.0 လောက်ရအောင်ပြင်ဆင်ထားသင့်ပါတယ်။

() GCE A Level – UCAT or BMAT ပြင်ဆင်ခြင်း

GCE A Level ကို AAA အထိအမှတ်ရအောင်ပြင်ဆင်သွားသင့်ပါတယ်။ အချိန် ()နှစ်ခန့်ကြာမြင့်နိုင်ပါတယ်။ UCAT (University Clinical Aptitude Test) နဲ့ BMAT (BioMedical Admission Test) တစ်ခုခုထပ်ပြင်ဆင်ရပါမယ်။

အချိန် (၂)နှစ်လောက်မယူချင်ဘူးဆိုရင်တော့ GCE A Level အစား

() Ontario Secondary School Diploma (OSSD) ပြင်ဆင်ခြင်း

Canada High School Diploma ဖြစ်တဲ့ OSSD ကို Biology, Chemistry, Physics ဘာသာရပ်တွေနဲ့ ပြင်ဆင်မယ်ဆိုရင်လည်း UK အပါအဝင် Medical School တွေကိုလျှောက်ထားလို့ရပါတယ်။ OSSD နဲ့ အတူ UCAT သို့မဟုတ် BMAT ပြင်ဆင်ထားသင့်ပါတယ်။

OSSD ပြင်ဆင်တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဤနေရာမှာ CLICK HERE မှာလေ့လာနိုင်ပါတယ်။

ဆေးတက္ကသိုလ်အတွက်နိုင်ငံရွေးချယ်ခြင်း

နိုင်ငံတကာမှာဆေးတက္ကသိုလ်တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတစ်ယောက်ဟာ နိုင်ငံအသီးသီးက မြန်မာနိုင်ငံသားတွေအတွက်ကျောင်းဝင်ခွင့်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို တတ်နိုင်သမျှစုံလင်အောင်သိထားသင့်ပါတယ်။ ဒါမှ ကိုယ့်ပညာရေးနောက်ခံ၊ ဘတ်ဂျက်၊ နဲ့ မှန်ကန်စွာရွေးချယ်နိုင်မှာပါ။

နိုင်ငံတကာမှာဆေးတက္ကသိုလ်တက်ဖို့အရေးကြီးဆုံးအချက်ကတော့ ဘယ်နိုင်ငံကိုရွေးချယ်မလဲဆိုတာအရေးအကြီးဆုံးဖြစ်ပါတယ်။  နိုင်ငံတကာကျောင်းသားတွေ MBBS ဘွဲ့ရရှိနိုင်ဖို့

(၁) သေချာတဲ့ဆေးတက္ကသိုလ်ဝင်ခွင့်၊

(၂) သူတို့ဆေးရုံတွေမှာလက်တွေ့ဆင်းခွင့် (Internship)

(၃) သင်ကြားတဲ့ဘာသာစကား၊ (English ဘာသာစကားနဲ့ဖြစ်မှအဆင်ပြေပါတယ်)

(၄) MBBS ရရှိပြီးနောက် ဆေးကုသခွင့်လက်မှတ်ရရှိမှု၊

(၅) ကိုယ်အမှန်တကယ်တတ်နိုင်တဲ့ဘတ်ဂျက် စသည့်အချက်တွေကိုသေသေချာချာထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ဥပမာ တရုတ်နိုင်ငံမှာ MBBS ဘွဲ့ရဖို့လွယ်ကူပေမဲ့ နိုင်ငံတကာမှာဖြစ်စေ၊မြန်မာနိုင်ငံမှာဖြစ်စေဆရာဝန်အဖြစ် ပြန်လည်လျှောက်ထားဖို့ ဆေးကုသခွင့်လိုင်စင်ရဖို့ တရုတ်အစိုးရအဆင့်မြင့်တက္ကသိုလ်တစ်ခုက MBBS ပြီးထားပြီး သူတို့နိုင်ငံမှာဆေးကုသခွင့်လိုင်စင်ရထားဖို့လိုပါတယ်။

ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေမှာ မြန်မာကျောင်းသားတွေ Undergraduate ကနေ MBBS တက်ရောက်သင်ယူနေတာ စုံစမ်းသိရှိရခြင်းမရှိသေးပါဘူး။ USA, Canada တို့မှာလည်း Biomedical/Nursing စတဲ့ဘွဲ့တွေကနေ Graduate Medical School တက္ကသိုလ်တွေဝင်ခွင့်ရသွားတဲ့ မြန်မာကျောင်းသား(မြန်မာကျောင်းသား) တွေ ယခုအချိန်အထိ မသိရှိရသေးပါဘူး။ အကယ်လို့ (တဆင့်စကားနဲ့ ကြားတာမျိုးမဟုတ်ပဲ) လေ့လာသင်ယူနေသူတွေရှိမယ်ဆိုရင် info@crown.edu.mm ကိုကျောင်းသားတွေရဲ့ သတင်းအချက်အလက်တိတိကျကျပို့ပေးဖို့မေတ္တာရပ်ခံပါတယ်။ သူတို့ဘယ်လိုတက္ကသိုလ်တွေမှာလေ့လာသင်ယူပြီး MBBS နဲ့အလုပ်လုပ်နေသလဲဆိုတာ မြန်မာကျောင်းသူကျောင်းသားတွေကို မျှဝေပေးဖို့ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ တက်ရောက်နေတဲ့ မြန်မာကျောင်းသူရှိပါတယ်။ အရေအတွက်အလွန်နည်းပါးပြီး ကုန်ကျစရိတ်လည်းကြီးမြင့်လွန်းတဲ့အတွက် အထူးသတိပြုဖို့ လေးစားစွာတိုက်တွန်းလိုပါတယ်။ Germany နိုင်ငံမှာ ကုန်ကျစရိတ်သက်သာလို့ ဆေးတက္ကသိုလ်စုံစမ်းတဲ့ကျောင်းသူ/ကျောင်းသားတွေလည်းရှိပါတယ်။  ဂျာမနီက အစိုးရတက္ကသိုလ်တွေမှာ အခမဲ့တက်ရောက်ဖို့ဆိုရင် ဂျာမာန်ဘာသာစကားကို B2, C1,C2 အဆင့်လောက်အထိသင်ယူပြီး သူတို့ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်ရပါမယ်။ ဂျာမနီက အစိုးရဆေးတက္ကသိုလ်တွေမှာ မြန်မာနိုင်ငံသားဝင်ခွင့်ရထားခဲ့တာမျိုး(ယခုအချိန်အထိ) မရှိသေးပါဘူး။

အထူးသတိပြုရမဲ့အချက်ကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ မည့်သည်ဆေးတက္ကသိုလ်မှ မြန်မာနိုင်ငံကျောင်းသူကျောင်းသားတွေကို ပညာသင်ဆုကမ်းလှမ်းတာမျိုးမရှိတာပါပဲ။ Pre-Med/ Medical Preparation GCE A Level စတဲ့ အတန်းတွေမှာတော့ ပညာသင်ဆုတွေရှိတတ်ပါတယ်။

ဆေးတက္ကသိုလ်ဝင်ခွင့်နှင့်ကုန်ကျစရိတ်များနိုင်းယှဉ်ပြဇယား

  • အောက်ပါဇယား (September, 2021 နေ့အထိသတင်းအချက်အလက်များ) ကိုလေ့လာရင် ဘယ်နိုင်ငံမှာဆရာဝန်ဖြစ်ဖို့ သေချာနိုင်တယ်၊ မသေချာနိုင်ဘူး၊ ကုန်ကျစရိတ် စတာတွေကိုပြင်ဆင်ထားနိုင်မှာပါ။
  • ယခုအချိန်အထိ မြန်မာနိုင်ငံကျောင်းသူကျောင်းသားတွေ MBBS (Undergraduate) ကျောင်းတက်ခွင့်ရရှိတာမတွေ့ဖူးသေးတာ၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ကနေဒါ စတဲ့နိုင်ငံတွေပါ။ ဆိုလိုတာက အဲဒီနိုင်ငံတွေမှာဆေးတက္ကသိုလ်တက်ချင်တာဆို ကိုယ့်အရှေ့မှာ အဲဒီနိုင်ငံတွေက MBBS ပြီးသွားတဲ့မြန်မာကျောင်းသူ/သားတစ်ယောက်ယောက်ကို အရင်လက်တွေ့ရအောင်ရှာပြီးမှမေးမြန်းရမှာဖြစ်ပါတယ်။
  • ကုန်ကျစရိတ်သိန်း ၆၀၀၀ – ၇၀၀၀ ကျော်ကုန်ကျနိုင်တာ အင်္ဂလန်၊ သြစတြေးလျ၊ အမေရိကန် (မှာလည်း Undergraduate တော်တော်ရှားပါတယ်၊ St George University ကနေတဆင့်သွားတာတော့ ကျောင်းသားတစ်ယောက်စ နှစ်ယောက်စရှိပါတယ်။) နဲ့ကုန်ကျစရိတ်သက်သာတာကတော့ Malaysia (Internship အခက်အခဲရှိပါတယ်။), ပိုလန်, ဟန်ဂေရီ, တရုတ်, တူရကီ, ရုရှား, ယူကရိန်း, အာမေးနီးယားစတဲ့နိုင်ငံတွေဖြစ်ပါတယ်။
MBBS for
Myanmar
Student

Easy to get Admission

For Myanmar

Internship

& Chance to become a Doctor

MBBS /

Pre-Med & MD

Budget

Estimated

Thai✰✰✰✰✰✰✰✰✰✰NilNil
Korea✰✰✰✰✰✰✰✰✰✰NilNil
Japan✰✰✰✰✰✰✰✰✰✰NilNil
Singapore✰✰✰✰✰✰✰✰✰✰Pre-Med Onlyသိန်း ၁၅၀၀ ခန့်
Malaysia★★★★★✰✰✰✰✰MBBSသိန်း ၂၅၀၀ ခန့်
China★★★★★★★✰✰✰MBBSသိန်း ၁၈၀၀ ခန့်
USA✰✰✰✰✰★★✰✰✰Pre-Med & MDသိန်း ၇၀၀၀ ခန့်
UK★★★✰✰★★★✰✰MBBSသိန်း ၇၀၀၀ ခန့်
Australia★✰✰✰✰★✰✰✰✰Pre-Med & MDသိန်း ၈၀၀၀ ခန့်
Canada✰✰✰✰✰✰✰✰✰✰✰✰✰✰✰Nil
Germany✰✰✰✰✰✰✰✰✰✰✰✰✰✰✰Nil
Europe★★★★★★★★★★MBBS   သိန်း ၂၅၀၀ ခန့်