GED ဆိုတာဘာလဲ?

  • General Educational Development (GED) ဆိုတာ American High School Diploma အဆင့် လက်မှတ်ဖြစ်ပါတယ်။ အဲဒီလက်မှတ်ကိုရဖို့ ဘာသာရပ်လေးခုပါတဲ့ စာမေးပွဲကိုဖြေဆိုရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့အမှတ်ရရှိတဲ့သူတွေကို အမေရိကန်အထက်တန်းပညာရေးပြီးစီးမှုနဲ့ ညီမျှတယ်လို့အသိအမှတ်ပြုတဲ့လက်မှတ်ဖြစ်ပါတယ်။ 
  • GED လက်မှတ်ကိုပြင်ဆင်ဖြေဆိုမယ့် ကျောင်းသူကျောင်းသားတွေအတွက် အားသာချက်တစ်ခုကတော့ GED စာမေးပွဲဖြေဖို့ နောက်ခံ ပညာရေးမလိုအပ်ပဲ၊ Self-Study လုပ်ပြီး GED Approved Test Center မှာမှတ်ပုံတင်ပြီးဖြေလို့ရပါတယ်။  အသက် (၁၆)နှစ်ပြည့်ဖို့ပဲလိုအပ်ပါတယ်။ iGCSE ပြင်ဆင်နေသူတွေ၊ မြန်မာအစိုးရပညာရေး တစ်ပိုင်းတစ်စ ဖြစ်နေသူတွေ၊ အမေရိကန်ပညာရေးတစ်ပိုင်းတစ်စဖြစ်နေသူတွေဖြေဆိုနိုင်ပါတယ်။ 
  • အထူးသဖြင့် အခုလိုအခြေအနေမှာ အသက် (၁၆)နှစ်ပြည့်ပြီး ပညာရေးတစ်ပိုင်းတစ်စဖြစ်နေသူမည်သူမဆို၊ အထူးသဖြင့်ထိုင်းနိုင်ငံက တက္ကသိုလ်ကောလိပ်လျှောက်ထားချင်တဲ့သူတွေ၊ အမေရိကန်ပြည်ထောင်စုက ကောလိပ်တက္ကသိုလ်တက်ရောက်လိုတဲ့သူတွေ၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံမှ ပုဂ္ဂလိကကျောင်းလျှောက်ထားလိုတဲ့သူတွေ၊ မြန်မာဆယ်တန်း၊ iGCSE တွေစောင့်စရာမလိုပဲ () လခန့် ပြင်ဆင်ပြီး GED စာမေးပွဲဝင်ရောက်ဖြေဆိုကာ ပညာရေးခရီးကိုရှေ့ဆက်နိုင်ကြပါတယ်။ GED ကိုလက်ခံတဲ့ Australia, Japan, UK တက္ကသိုလ်တွေလည်းရှိကြပါတယ်။ ကနေဒါဘက်ဆိုရင်တော့ OSSD (Ontario Secondary School Diploma)ကိုပြင်ဆင်တာပိုကောင်းပါတယ်။ GED ဟာ အထက်တန်းကျောင်းဒီပလိုမာအတွက် အစားထိုးစာမေးပွဲတစ်ခုအဖြစ် သိရှိကြပြီး နိုင်ငံတကာမှာ GED Exam ကို ဖြေဆိုခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း သန်း (၂၀) ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ GED ဟာ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ High School Diploma ရရှိနိုင်တဲ့ ပညာရေးလမ်းကြောင်းပါ။
  • CROWN Education & Royal Academic Institute ဟာ GED Test Center ID-86950 နဲ့ GED စာမေးပွဲများစစ်ဆေးခွင့်ရှိတဲ့ Official GED Test Center အဖြစ်အသိအမှတ်ပြုရရှိပြီးဖြစ်သဖြင့် CROWN-RAI တွင်ပဲစာမေးပွဲဖြေဆိုခွင့်ရရှိမှာဖြစ်ပါတယ်။

GED Tuition Fees & Timetable

GED လေ့လာသင်ယူလိုသည့်ကျောင်းသူကျောင်းသားတွေအနေနဲ့  CROWN – RAI မှာ Personality & Career, IQ, Eng, Maths နဲ့ Science ကို ၃နာရီ (၃ဝ) မိနစ်ကြာ Royal Test ဖြေဆိုရပါမယ်။ ကျောင်းသူကျောင်းသားတွေရဲ့ အသက်အရွယ်နဲ့ ပြီးစီးထားတဲ့ပညာရေးအလိုက် ဗဟုသုတကိုသိနိုင်ဖို့ပါ။ CROWN Education ရဲ့ သင်ကြားရေးစင်တာ Royal Academic Institute မှာ GED ကိုလေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။ 

သင်တန်းကာလကြာမြင့်ချိန်နဲ့သင်တန်းကြေး

Entrance Test ဖြေဆို အောင်မြင်ပြီးသူများ အတွက်

  • Online Class – The total study period is 9 months, including 3 months of study and 6 months of further study (အချိန်ဇယားပေါ်မူတည်ပါသည်)
           Fees – 1,200,000/- Ks (Tuition Fees)
 
Entrance Test တွင်အားနည်းပါက အမှတ်ကောင်းရရှိစေရန် စနစ်တကျအချိန်ပေးပြင်ဆင်ရန်လိုအပ်ပါသည်။ 
  • On-Campus Class – 4 to 4.5 months (အချိန်ဇယားပေါ်မူတည်ပါသည်)
           Fees – 1,800,000/- Ks (Registration Fees 100,000 + Tuition Fees 1,700,000 )
  • (GED Exam Fees US$ 80 per subject ကိုသီးသန့်ပေးရမှာဖြစ်ပါတယ်။)
  • GED Online Class သို့မဟုတ် On-Campus Class တက်ရောက်ပြီးစီးတဲ့အခါ ကျောင်းသူ၊ကျောင်းသားများအနေနဲ့ GED Test ဝင်ရောက်ဖြေဆိုဖို့ အဆင်သင့်ဖြစ်၊မဖြစ် သိရှိနိုင်ရန် အတန်းတွင်း Mock Test စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။
  • လောလောဆယ်အခြေအနေအရ GED ပြင်ဆင်ဖြေဆိုရာတွင် စနစ်တကျအချိန်ယူပြင်ဆင်ဖြေဆိုကြဖို့အကြံပြုပါတယ်။ ဘာသာရပ်အားလုံးအမှတ်ကောင်းမှသာ ကျောင်းလျှောက်ထားတဲ့အခါ အဆင်ပြေမှာဖြစ်ပါတယ်။
GED  အတန်းသစ်များကို April 2024 (Online Class + Moodle Learning Experiences) နှင့် CROWN-RAI (Yangon Campus) တွင် June/July 2024 (In-Person), CROWN-RAI (Mandalay Campus) တွင် April 2024 အသီးသီး လက်ခံသင်ကြားပေးသွားဖို့ ရှိပြီး ကျောင်းသားလက်မခံခင် Entrance Test အရင်ဖြေဆိုကြရမှာဖြစ်ပါတယ်
GED သင်တန်းကြေးပေးသွင်းရာတွင် 
  • ဘဏ် ၅၀% နှင့် ငွေသား ၅၀% ပေးသွင်းနိုင်ပါသည်။
  • သင်တန်းကြေးများကို တစ်ကြိမ်တည်း သွင်းရမည့်အစီအစဉ်သာရှိပါသေးသည်။
  • နယ်ကဆိုရင် KBZ Special Account ထဲကို ငွေသားထည့်ပြီးပေးသွင်းနိုင်ပါသည်။

GED Exam Fee

CROWN Education & Royal Academic Institute ဟာ GED Test Center ID-86950 နဲ့ GED စာမေးပွဲများစစ်ဆေးခွင့်ရှိတဲ့ Official GED Test Center အဖြစ်အသိအမှတ်ပြုရရှိပြီးဖြစ်သဖြင့် CROWN-RAI တွင်ပဲစာမေးပွဲဖြေဆိုခွင့်ရရှိမှာဖြစ်ပါတယ်။

GED စာမေးပွဲကုန်ကျစရိတ်အနေနဲ့ ဘာသာရပ်တစ်ခုလျှင် ဒေါ်လာ(၈၀) ကျသင့်မှာဖြစ်ပြီး၊ ဘာသာရပ် ()ခုရှိသည့်အတွက် စုစုပေါင်းဒေါ်လာ (၃၂၀) ကျသင့်မှာဖြစ်ပါတယ်။

Self-Study လုပ်ပြီးဖြေဆိုပါက GED လက်မှတ်ရရှိရန် အထက်ဖေါ်ပြပါစာမေးပွဲကုန်ကျစရိတ်ပဲကုန်ကျမှာဖြစ်ပါတယ်။

GED Exam Policies

  • GED Exam ဖြေဆိုရန် အတွက် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။     
  • အသက် (၁၈)နှစ်အောက် ဖြစ်နေပါက အနည်းဆုံး အသက် (၁၆)နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။
  • အသက် (၁၆)နှစ် ပြည့်ပြီးသူဆိုပါက စာမေးပွဲဖြေဆိုခွင့်မပြုမီ Age Exception Waiver Form  ဖြည့်ပြီး မိဘ (သို့မဟုတ်)အုပ်ထိန်းသူတစ်ဦးက လက်မှတ်ရေးထိုးပြီး help@ged.com သို့ပို့ရန်လိုအပ်ပါတယ်။ 
  • GEDဘက်သို့ တင်သွင်းထားသည့် Formကို သုံးသပ်အတည်ပြုပြီးသည်နှင့် စာမေးပွဲဖြေဆိုနိုင်ရန် ဖြေဆိုမည့်ကျောင်းသူ၊ကျောင်းသား၏ online GED.com  အကောင့်သို့ notification ရောက်ရှိလာမှာဖြစ်ပါတယ်။
  • *တခြားသော ပညာရေးဆိုင်ရာ Programများ (သို့) High School classes များတွင် စာရင်းသွင်းထားခြင်း မရှိမှသာ GED Exam ဖြေဆိုရန် အကျူံးဝင်မှာဖြစ်ပါတယ်။

GED Exam Retake Policies

ဘာသာရပ်တစ်ခုအား ပထမအကြိမ်စာမေးပွဲ ဖြေဆိုရာမှာ မအောင်မြင်ခဲ့လျှင် နောက်တစ်ကြိမ် ဖြေရန် အချိန်စောင့်ဆိုင်းရန်မလိုပဲ ဘာသာရပ်တစ်ခုစီလျှင် ()ကြိမ်အထိ ပြန်လည် ဖြေဆိုနိုင်ပါတယ်။ ()ကြိမ် အထိ မအောင်မြင်သေးပါက တူညီသောဘာသာရပ်ကို ပြန်လည်ဖြေဆိုခွင့်မပြုခင် ရက်ပေါင်း (၆၀) စောင့်ရန်လိုအပ်ပါတယ်။

GED Exam စတင်ဖြေဆိုသူများအတွက် ဒုတိယအကြိမ် နှင့် တတိယအကြိမ် ပြန်လည်ဖြေဆိုမှု များတွင် ဖြေဆိုသူ နေထိုင်သည့် နိုင်ငံများအပေါ် မူတည်ကာ exam discounts များလဲ ရှိတတ်ပါတယ်။

စာမေးပွဲကြေးများပေးသွင်းရာတွင် –

  • US$80 per subject [4 subjects in total] 
  • If you request a credit card from Crown Education & Royal Academic Institute for payment, you will be charged an additional + 3%.

GED မပြင်ဆင်ခင်သိထားသင့်တဲ့အချက်

GED မဖြေဆိုခင် ယခုဖော်ပြပါအချက်တွေကို သိရှိထားရန်လိုအပ်ပါတယ်။

  • GED မှာဖြေဆိုရတဲ့ English စာဘာသာရပ်ဟာအဆင့်တစ်ခုအထိခက်ခဲမှုရှိတဲ့အတွက်၊ GED မပြင်ဆင်ခင် ထိုက်သင့်တဲ့ English စာတစ်ခုရှိထားဖို့လိုပါတယ်။ နောက် GED နဲ့လျောက်ထားလို့ရတဲ့ တက္ကသိုလ်တွေ/ကောလိပ်တွေမှာလည်းသတ်မှတ်ထားတဲ့ အမှတ်ရှိတဲ့အတွက် GED အမှတ်ရတိုင်းအဆင်မပြေနိုင်သေးပါဘူး။ သူတို့သတ်မှတ်ထားတဲ့အမှတ်ရဖို့ကြိုးစားပြင်ဆင်ရပါမယ်။ (အောင်မှတ်တွေကို GED အမှတ်ပေးစနစ်မှာဖော်ပြထားပါတယ်။)
  • GED မဖြေဆိုရင် ဘယ်နိုင်ငံကိုလျှောက်မှာလဲ၊ဘယ်တက္ကသိုလ်၊ဘယ်လိုဘာသာရပ်ကိုလျှောက်မှာလဲဆိုတာကိုလည်းစဉ်းစားပြင်ဆင်စေချင်ပါတယ်။ မြန်မာ (၉)တန်းအောင်အဆင့်လိုမျိုးကလာရင်တော့ ACT-GAC လို အတန်းရတဲ့သင်တန်းမျိုးတစ်နှစ်လောက်အချိန်ယူတက်ပြီးမှ GED ပြင်ဆင်ဖို့အကြံပြုအပ်ပါတယ်။

GED Test တွင်ဖြေဆိုရမည့်ဘာသာရပ်များ

GED Test ဖြေဆိုဖို့အောက်ဖေါ်ပြပါ ဘာသာရပ်တွေကိုလေ့လာရမှာဖြစ်ပါတယ်။ 

·   Mathematical Reasoning

·   Reasoning Through Language Arts

·   Science

·   Social Studies 

ဆိုပြီးစုစုပေါင်း ဘာသာရပ် ()ခု ပါဝင်ပါတယ်။

(I) Mathematical Reasoning

Test Topics

Time (to take the test)

Format

• Basic Math

• Geometry

• Basic Algebra

• Graphs and Functions

• 115 minutes

• Includes 2 minutes of instructions and final review

• Includes 3 minute break between parts (to retrieve your calculator in test center)

• Access to calculator reference sheet and math formula sheet

• Access to onscreen calculator on part 2 of test

• Your own TI-30XS calculator allowed in test center

• Multiple choice and other question types (drag and drop, fill-in-the-blank, select an area, and drop down)

 (II) Reasoning Through Language Arts

Test Topics

Time (to take the test)

Format

• Reading for Meaning

• Identifying and Creating Arguments

• Grammar and Language

• 150 minutes

• Includes 3 minutes of instructions and final review

• Includes 10 minute break between parts 2 and 3

• Includes 45 minutes for the written essay

• 3 sections

• 1 written essay (extended response)

• Multiple choice and other question types (drag and drop, select an area, and drop down)

 (III) Social Studies

Test Topics

Time (to take the test)

Format

• Reading for Meaning in Social Studies

• Analyzing Historical Events and Arguments in Social Studies

• Using Numbers and Graphs in Social Studies

• 70 minutes

• Includes 2 minutes of instructions and final review

• No break

• Access to onscreen calculator

• Your own TI-30XS calculator allowed in test center

• Access to calculator reference sheet

• Multiple choice and other question types (drag and drop, fill in the blank, select an area, and drop down)

(IV) Science

Test Topics

Time (to take the test)

Format

• Reading for Meaning in Science

• Designing and Interpreting Science Experiments

• Using Numbers and Graphics in Science

• 90 minutes

• Includes 2 minutes of instructions and final review

• No break

• Access to onscreen calculator

• Your own TI-30XS calculator allowed in test center

• Access to calculator reference sheet

• Multiple choice and other question types (fill in the blank, drag and drop, select an area, and drop down)

 

GED အမှတ်ပေးစနစ်

  • GED လက်မှတ်ရရှိဖို့ ဘာသာရပ် တစ်ခုစီအလိုက် စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး၊ အဆိုပါ စာမေးပွဲဖြေဆိုတဲ့အခါတွင်ဘာသာရပ်တစ်ခုချင်းစီအပေါ်မူတည်ပြီး  ဖြေဆိုချိန် အနည်းဆုံး မိနစ် (၉၀) ကနေ (၁၅၀) အတွင်းကြာမြင့်နိုင်ပါတယ်။ ဘာသာရပ်()ခုစာအတွက် စုစုပေါင်း ကြာချိန်ကတော့ () နာရီခွဲခန့် ဖြစ်ပြီး စာမေးပွဲအောင်မြင်ဖို့ဘာသာရပ်အလိုက်သတ်မှတ်ထားတဲ့အမှတ်တွေရရှိရမှာဖြစ်ပါတယ်။
  • တစ်ဘာသာကို အမှတ်ပြည့် (၂၀၀) သတ်မှတ်ထားပြီး၊ ဘာသာရပ်()ခုစာအတွက် စုစုပေါင်း အမှတ်မှာ (၈၀၀) ဖြစ်ပါတယ်။ GED စာမေးပွဲအောင်မြင်ဖို့အတွက် တစ်ဘာသာ ပျမ်းမျှအမှတ် ၁၄၅ (သို့) ၁၅၀ ရရှိဖို့လိုပါတယ်။ အချို့သော တက္ကသိုလ်၊ကောလိပ်တွေမှာ သူတို့ကျောင်းဝင်ခွင့်အတွက်ရရှိရမဲ့ အနည်းဆုံး GED အမှတ်ဆိုပြီးသတ်မှတ်ထားတာမျိုးလည်းရှိပါတယ်။ 
  • ဥပမာ အနေနဲ့ Wichita State University နဲ့ Arkansas State University တွေမှာ ကျောင်း၀င်ခွင့်ရရှိဖို့အတွက် တစ်ဘာသာလျှင် အနည်းဆုံးရမှတ် (၁၅၀) လိုအပ်ပြီး ဘာသာရပ်()ခုစာအတွက် စုစုပေါင်း ရမှတ် (၆၀၀) လိုအပ်ပါတယ်။  Arizona State University နဲ့  Boise State University တို့လိုတက္ကသိုလ်တွေမှာဆိုရင်တော့ GED ဘာသာရပ်တစ်ခုချင်းစီမှာ အနည်းဆုံးရမှတ် (၁၇၀) နဲ့ ဘာသာရပ် ()ခုစာအတွက် စုစုပေါင်း ရမှတ် (၆၈၀) လိုအပ်ပါတယ်။ 
  • တစ်ကြိမ်လျှင် ဘာသာရပ်တစ်ခုအတွက် စာမေးပွဲတစ်ကြိမ် (သို့)  ဘာသာရပ်နှစ်ခုအတွက် စာမေးပွဲနှစ်ကြိမ်ခွဲကာ ဖြေဆိုနိုင်သလို ဘာသာရပ်()ခုစာလုံးအတွက် ဖြေဆိုရန်အဆင်သင့်ဖြစ်ပါက ဘာသာရပ်()ခုလုံးစာကို တစ်ကြိမ်တည်းဖြင့်လည်း ဖြေဆိုနိုင်ပါသည်။

GED လက်မှတ်လက်ခံသည့် တက္ကသိုလ်များ

GED လက်မှတ်ကိုလက်ခံတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရှိတက္ကသိုလ်များစာရင်းကို ဤနေရာတွင် CLICK HERE ကြည့်ရှုနိုင်ပါတယ်။ မိမိတို့သိလိုတဲ့နိုင်ငံကို Search မှာရိုက်ပြီးရှာလိုက်ရုံပါပဲ။ အမှန်တကယ်လျောက်ထားတဲ့အခါ ရရှိထားတဲ့ GED အမှတ်ပေါ်မူတည်ပြီးတော့ ဝင်ခွင့်ရရှိမှု လက်တွေ့မှာကွဲပြားနိုင်ပါတယ်။

CROWN Education – Royal Academic Institute မှာသင်ကြားပြီးဖြေဆိုကြတဲ့ကျောင်းသူကျောင်းသားများအတွက်၊ ကျောင်းရှာဖွေခြင်း ကျောင်းလျှောက်ပေးခြင်းများကို ဝန်ဆောင်ခမယူပဲဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အခြားအသေးစိတ်သိလိုတဲ့အချက်များကို အောက်ပါဖုန်းနံပါတ်များ (Viber) မှတဆင့်စုံစမ်းမေးမြန်းနိုင်ကြပါတယ်။