မြန်မာနိုင်ငံအစိုးရတက္ကသိုလ်တွေမှာ အနည်းဆုံး တတိယနှစ် သို့မဟုတ် နောက်ဆုံးနှစ်အထိတက်ရောက်ထားတဲ့ကျောင်းသူကျောင်းသားများနဲ့ မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းတွေမှာ HND/NCC/ABE စတဲ့ UK ဒီပလိုများသင်ယူပြီး နိုင်ငံခြားကိုဆက်လက်ပညာသင်ကြားမယ်ဆိုရင် နောက်ဆုံးနှစ် Top Up Degree အနေနဲ့ တစ်နှစ် စင်္ကာပူ (စီးပွားရေးမေဂျာတွေမှာ SIM GE / James Cook University တို့မှာ တစ်နှစ်ခွဲခန့်) နဲ့ အင်္ဂလန်ကျောင်းတွေမှာလက်ခံတတ်ကြပါတယ်။ 

[ICM Single Diploma နဲ့ ABE Endorsed လက်မှတ်များကိုတော့ လက်ခံနိုင်ခြင်းမရှိသေးပါ။]

ကုန်ကျစရိတ်

မြန်မာနိုင်ငံအစိုးရတက္ကသိုလ်တွေမှာ အနည်းဆုံး တတိယနှစ် သို့မဟုတ် နောက်ဆုံးနှစ်အထိတက်ရောက်ထားတဲ့ကျောင်းသူကျောင်းသားများနဲ့ မြန်မာနိုင်ငံထဲမှာ HND အထိတက်ရောက်ပြီး Singapore/UK မှာနောက်ဆုံးနှစ်တက်ရောက်မယ်ဆိုရင်၊ ကုန်ကျစရိတ်အနေနဲ့ မိမိသင်ယူလျှောက်ထားမယ့် ကျောင်းနဲ့ ပေးအပ်ချီးမြှင့်တဲ့ နိုင်ငံ၊ဘွဲ့ပေါ်မူတည်ပြီး စင်္ကာပူမှာ တစ်နှစ်စာ စာသင်စရိတ်+နေထိုင်စားသောက်စရိတ်  S$ 37,000 နှင့်အထက် ကုန်ကျစရိတ်ရှိပါတယ်။ စင်္ကာပူမှာတော့ ကျောင်းတက်စဉ် အချိန်ပိုင်းလုပ်လို့မရနိုင်ပါ။ ကျောင်းပြီးရင်လည်း အလုပ်အကိုင်အတွက်တော့ ရှာရခက်နိုင်ပါတယ်။

UK မှာ တစ်နှစ်စာ စာသင်စရိတ် + နေ ထိုင်စားသောက်စရိတ် £ 25,000 နှင့်အထက် တက္ကသိုလ်ပေါ်မူတည်ပြီးကုန်ကျနိုင်ပါတယ်။ တရားဝင် အချိန်ပိုင်းလုပ်လို့ရပါတယ်။ ကျောင်းပြီးရင် မြန်မာနိုင်ငံကိုပြန်လာစရာမလိုပဲ Post Study Work (၂)နှစ်​လျှောက်ထားပြီးအလုပ်လုပ်လို့ရပါတယ်။

ဘယ်နိုင်ငံတွေမှာ ဘယ်နှနှစ်တက်ရမလဲ

အထူးသတိပြုရမဲ့အချက်ကတော့ ကနေဒါ၊ အမေရိကန်၊ နယူးဇီလန်၊ ဂျပန်စတဲ့နိုင်ငံတွေမှာ ဆက်လက်ပညာသင်ယူချင်တာဆိုရင်တော့ အစအဆုံး (၄)နှစ်ပြန်တက်ရဖို့ရှိပါတယ်။ သြစတြေးလျမှာဆို (၃)နှစ်လောက်ပြန်တက်ရပြီး၊ University of Melbourne, University of Sydney, Monash တို့လို တက္ကသိုလ်မျိုးတွေဆို (၄)နှစ်ပြန်တက်ရနိုင်ပါတယ်။

အောက်ပါနိုင်ငံနဲ့ ကျောင်းတွေမှာတော့ တစ်နှစ်/တစ်နှစ်ခွဲ လက်ခံနိုင်ပါတယ်။ မှတ်ချက်အနေနဲ့ စင်္ကာပူမှာ Civil Engineering နဲ့ Archi ကို Top Up တက်ဖို့အဆင်မပြေနိုင်သေးပါ။ HND Civil Diploma ဆိုရင် အောက်ပါ UK ကျောင်းတွေမှာ (၂) နှစ်တက်ရပါတယ်။

UK မှာအောက်ပါကျောင်းတွေထက် Ranking မြင့်တဲ့ကျောင်းတွေ ဥပမာ Sheffield University, Manchester University, University of Glasgow, စတဲ့ကျောင်းတွေဆိုရင်တော့ HND/NCC/ABE တွေလည်း သုံးနှစ်တက်ရနိုင်ပါတယ်။

Singapore

UK

• PSB Academy (Engineering Top Up)

• MDIS (Engineering Top Up)

• James Cook University

• SIM Global Education

• Kaplan Higher Education

• Nanyang Institute of Management

• University of Lincoln

• Northumbria University (Newcastle Campus)

• Coventry University

• University of Huddersfield

• University of West of England, Bristol

• Manchester Metropolitan University

• Cardiff Metropolitan University

• Sheffield Hallam University

• University of Portsmouth

• University of Hertfordshire

• University of Central Lancashire

• University of Gloucestershire

• University of South Wales

• Middlesex University

• London South Bank University

• Leeds Beckett University