မလေးရှားနိုင်ငံတွင် နိုင်ငံခြားတက္ကသိုလ်များ၏ တက္ကသိုလ်ကျောင်းခွဲများစွာရှိသောကြောင့် နိုင်ငံတကာကျောင်းသူ ကျောင်းသားများသည် ယူကေ၊ အမေရိကန်  (သို့မဟုတ်)  သြစတြေးလျ ဘွဲ့ကို ရယူနိုင်ကြသည်။မလေးရှားမှာ ကျောင်းတက်စရိတ်သည် တခြားသော အနောက်နိုင်ငံများထက် ကျောင်းစရိတ် သက်သာသည်။ မလေးရှား တက္ကသိုလ်ကျောင်းများကို နှစ်စဉ် ဖေဖော်ဝါရီ၊ မတ်၊ စက်တင်ဘာလများတွင် လျှောက်ထားနိုင်ပြီး ကျောင်းသူ‌ ကျောင်းသားများအနေဖြင့် (၃)လ မှ (၄)လ ကြိုတင်လျှောက်ထားရန်လိုအပ်ပါသည်။

မြန်မာဆယ်တန်း/ IGCSE ဖြေဆိုအောင်မြင်ထားသော ကျောင်းသူကျောင်းသားများ

မြန်မာဆယ်တန်း/ IGCSE ဖြေဆိုအောင်မြင်ထားသော ကျောင်းသူကျောင်းသားများအနေဖြင့် သက်ဆိုင်ရာ ကျောင်းများ၏ ဝင်ခွင့်သတ်မှတ်ချက်မပြည့်မှီပါက  Foundation Year အတွက် (၁) နှစ်  တက်ရောက်ရန်လိုအပ်ပါသည်။ [တခြားသော တက္ကသိုလ်များမှ Foundation Year ပြီးဆုံးအောင်မြင်ထားသော လက်မှတ်များဖြင့် လက်ခံလေ့မရှိကြပါ။] အသေးစိတ်ကျောင်းလျှောက်ထားခြင်းလိုအပ်ချက်များကို သက်ဆိုင်ရာကျောင်း Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။  ပုံမှန်အားဖြင့် ဘွဲ့ကြိုဒီဂရီအတွက် (၃) နှစ်တက်ရောက်ရပြီး တချို့သော မေဂျာများအတွက် တက္ကသိုလ်အပေါ်မူတည်၍ (၄) နှစ်တက်ရောက်ရန်လိုအပ်ပါသည်။  Architect  or Doctor ဖြစ်လိုသော ကျောင်းသူ ကျောင်းသားများအတွက် စာသင်နှစ်  (၅) နှစ် မှ (၆) နှစ်ထိ ကြာမြင့်နိုင်ပါသည်။ 

၁၂ တန်းအမှတ်နဲ့လျှောက်ထားလိုသော ကျောင်းသူ ကျောင်းသားများ

ဆေးတက္ကသိုလ်တက်ရောက်သင်ကြားလိုသော ကျောင်းသူ ကျောင်းသားများသည်  မြန်မာဆယ်တန်း/ IGCSE ဖြေဆိုအောင်မြင်ထားရုံဖြင့်မလုံလောက်ဘဲ ကျောင်းဆက်လက်လျှောက်ထားရာတွင် Grade 12 Program ပြီးဆုံးထားဖို့လိုအပ် ပါသည်။ [ Royal Academic Institute တွင် RAI Grade 12 Program အချိန် (၁) နှစ်ပေး၍ ပြင်ဆင်နိုင်ပါသည်။] RAI Grade 12 ပြင်ဆင်ပြီး မလေးရှားဆေးတက္ကသိုလ်များတွင် Foundation Year ကင်းလွတ်ခွင့်ရရှိပြီး ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်ပါသည်။ တခြားသော မေဂျာ ဘာသာရပ်များကို RAI Grade 12 ပြင်ဆင်ပြီး Foundation Year ကင်းလွတ်ခွင့်ရရှိနိုင်ပါသည်။

ဘွဲ့လွန်အတွက် ကျောင်းလျှောက်ထားခြင်း။

ဘွဲ့လွန် Master Program များအတွက် တက်ရောက်သင်ကြားသည့် ဘာသာရပ်မေဂျာ၊ တက္ကသိုလ်အပေါ်မူတည်ပြီး  အချိန် (၁) နှစ်မှ (၃) နှစ်အထိ ကြာမြင့်နိုင်ပါသည်။ စီမံခန့်ခွဲမှု နှင့် စီးပွားရေးဘာသာရပ်များအတွက် GRE, GMAT ဝင်ခွင့်စာမေးပွဲများဖြေဆိုအောင်မြင်ဖို့လိုအပ်ပါသည်။

ကုန်ကျစရိတ်နှင့် ပညာသင်ဆုများ

မလေးရှားနိုင်ငံတွင် (၁) နှစ်ကို ‌ကျောင်းလခနှင့် နေထိုင်ကုန်ကျစရိတ်စုစုပေါင်း (130,000 RM  မှ 150,000 RM)   အထိ ခန့်မှန်းခြေကုန်ကျနိုင်ပါတယ်။ [ကျောင်းသူ ကျောင်းသားများ၏ ‌ေရွေးချယ်သင်ယူလိုသော ဘာသာရပ် မေဂျာအပေါ် မူတည်ပြီး ကျောင်းလခ ကုန်ကျစရိတ်အပြောင်းအလဲ ရှိနိုင်ပါသည်။] လျှောက်ထားလိုသူ၏ ပညာရေးအဆင့်အပေါ်မူတည်ပြီး  ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအလိုက် ပညာသင်ဆု ထောက်ပံ့ကြေးများပေးအပ်ချီးမြှင့်လေ့ရှိပါသည်။ ဘွဲကြို ဒီဂရီအတွက် နိုင်သောပညာသင်ဆုများသည်များသောအားဖြင့် (၁) နှစ် အကျုံးဝင်လျက်ရှိပြီး၊ ဘွဲ့လွန်နှင့် PhD ပရိုဂရမ်များအတွက်  (၃) နှစ်ပေးအပ်သော ပညာသင်ဆုများလည်းရှိပါသည်။ ပညာသင်ဆုများအနက်မှ Master Program နှင့်  Doctoral Program အတွက် မလေးရှားနိုင်ငံ အစိုးရမှ ပေးအပ်ချီးမြှင့်သည့်  Malaysian International Scholarship (MIS) မှာ နာမည်ကျော်ကြားပြီး ကျောင်းလခ၊ လေယာဉ်စရိတ်၊ နေထိုင်ကုန်ကျစရိတ်၊ ကျန်းမာရေး အာမခံချက်များပါဝင်ပါသည်။ 

အလုပ်လုပ်ကိုင်ခွင့်

မလေးရှားနိုင်ငံအစိုးရရဲ့ ဉပဒေအရ မလေးရှားနိုင်ငံပြင်ပမှ လာရောက်ပညာသင်ယူကြသည့် နိုင်ငံတကာ ကျောင်းသူ၊ကျောင်းသားများကို ကျောင်းတက်ရောက်နေတဲ့ ကာလအတွင်း Student Visa ကိုင်ဆောင်ပြီး Part-Time/Full-Time တရားဝင် အလုပ်လုပ်ကိုင်ခွင့်အတွက် ခွင့်မပြုပါ။ ပညာသင်ယူမှုကာလ ပြီးဆုံးမှသာ တရားဝင်အလုပ်ရရှိဖို့ စတင်ကြိုးစားနိုင်ပါသည်။

CROWN Education မှလျှောက်ထားပေးမည့် တက္ကသိုလ်များ

CROWN Education အနေဖြင့် Green Color Box နှင့် ဖော်ပြထားသောတက္ကသိုလ်များအတွက် ကျောင်းဝင်ခွင့်နှင့်၊ ကျောင်းသားဗီဇာ ရရှိသည်အထိ အစအဆုံး အခမဲ့ကူညီလျှောက်ထားပေးလျက်ရှိပါသည်။ 

မှတ်ချက်။ ။ ROYAL ACADEMIC INSTITUTE တွင် Grade 12 Program တက်ရောက်သင်ကြားထားသည့်ကျောင်းသား/သူများအနေဖြင့် အောက်တွင်ဖော်ပြထားသောတက္ကသိုလ်များ၏ ဝင်ခွင့်များကို ပြင်ဆင်လျှောက်ထားပေးပါသည်။

Book Appointment >