Study in Switzerland

ဆွစ်ဇာလန်နိုင်ငံ၏ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များသည် နှစ်စဉ် နိုင်ငံတကာ ကျောင်းသား ထောင်ပေါင်းများစွာကို ဆွဲဆောင်လျက်ရှိသည်။ ဆွစ်ဇာလန်တွင် ကျောင်းတက်စရိတ် အလုံးစုံ ကြီးမြင့်နိုင်သော်လည်း၊ ကျောင်းသူ ကျောင်းသားများရဲ့ အလုပ်အတွေ့အကြုံ သင်ယူနိုင်ဖို့အတွက် အလုပ်သင်များထားရှိပေးထားခြင်း၊ ဘွဲ့ရရှိပြီးပါကလည်း အလုပ်ရရှိနိုင်ဖို့အခွင့်အရေးများခြင်း တို့ပါဝင်ပါတယ်။ နှစ်စဉ် February , June Intake များအတွက် ဆွစ်ဇလန်နိုင်ငံရှိ တက္ကသိုလ်များသို့ လျှောက်ထားနိုင်ပြီး ဘာသာရပ်များ၊ ဗီဇာလျှောက်ထားမှုများ၊ ကျောင်းဝင်ခွင့်လိုအပ်ချက်များပြည့်စုံနိုင်စေဖို့ လိုအပ်ပါက သက်ဆိုင်ရာ ပညာရေးတာဝန်ခံများနဲ့ ဆွေးနွေးအကြံပေးမှု ရယူသင့်ပါသည်။
IGCSE/ မြန်မာဆယ်တန်းဖြေဆိုအောင်မြင်ထားသော ကျောင်းသူ ကျောင်းသားများ
လျှောက်ထားသော ကျောင်းသူ ကျောင်းသားများအနေနဲ့ မြန်မာဆယ်တန်း (သို့) IGCSEဖြေဆိုအောင်မြင်ပြီး သော တက္ကသိုလ် အမှတ်စာရင်းများ နှင့်အတူ သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများတောင်းခံသည့် Motivation Letter, TOEFL/ IELTS, Curriculum Vitae များပြင်ဆင်ပြီးလျှောက်ထားနိုင်ပါသည်။ ဘွဲ့ကြိုဒီဂရီအတွက် စာသင်နှစ် (၃) နှစ် (သို့) (၄) နှစ် အထိ သင်ယူတက်ရောက်ရန်လိုအပ်ပါသည်။
ဘွဲ့လွန်အတွက် ကျောင်းလျှောက်ထားခြင်း။
ဘွဲ့လွန် မာစတာများအတွက် လုပ်သက်အတွေ့အကြုံရှိထားရန်လိုအပ်ပြီး သက်ဆိုင်ရာ နဲ့ ဘာသာရပ်အပေါ်မူတည်ပြီး နှစ်အေရအတွက် ပြောင်းလဲနိုင်ပါသည်။ အချိန် (၁) နှစ်တက်ရောက်သင်ကြားဖို့ လိုအပ်ပါသည်။
ကုန်ကျစရိတ်နှင့် ပညာသင်ဆုများ
ဆွစ်ဇလန်နိုင်ငံတွင် သွားရောက်ပညာသင်ယူမယ့် ကျောင်းးသူ ကျောင်းသားများအနေနှင့် (၁) နှစ်ကို ကျောင်းလခနဲ့ နေထိုင် CHF 27,350 မှ 36,500 ထိ ခန့်မှန်းခြေကုန်ကျနိုင်ပါသည်။ ဆွစ်ဇလန်တက္ကသိုလ်များမှပေးအပ်ချီးမြှင့်သော ပညာသင်ဆုများအနက်မှ Ph.D. တက်ရောက်လိုတဲ့ကျောင်းးသူ ကျောင်းသားများအတွက် Partial Funding အဖြစ် Swiss Government Excellence Scholarship, EPFL Excellence Fellowship, Institute for Peace and Dialogue Summer Programs, STAR Scholarship, Friedrich Naumann Foundation Scholarship. Fully Funded အဖြစ် Swiss Federal Institute of Technology Lausanne Fully Funded Scholarship, University of Geneva Excellence Faculty of Science Masters Fellowship, SIT STAR Scholarshipများလျှောက်ထားနိုင်ပါသည်။
အလုပ်လုပ်ပိုင်ခွင့်
ပြည်ပမှလာရောက် ပညာသင်ကြားကြသော ကျောင်းသားများကို ဆွစ်ဇလန် တက္ကသိုလ်ကျောင်းများမှ အချိန်ပိုင်းအလုပ်များ ကျောင်း Campus အတွင်းထားရှိပေးလေ့ရှိတဲ့အပြင် ဆွစ်ဇလန်အစိုးရမှာ တရားဝင် တပတ်ကို (၁၅) နာရီ အများဆုံး အချိန်ပိုင်းလုပ်ပိုင်ခွင့်ပေးထားပါသည်။ ဆွစ်ဇလန်နိုင်ငံမှာ Hospitality and Tourism ဘာသာရပ်များကို သင်ယူခြင်းရဲ့ အထူးအားသာချက်တစ်ခုချက်မှာ ပညာသင်ကာလ (၆) လပြီးဆုံးတိုင်း လုပ်ခလစာနဲ့အတူ အလုပ်သင် (၄) လ မှ (၆) လအထိ ရရှိတာဖြစ်ပါသည်။ ဆွစ်ဇလန်နိုင်ငံ တက္ကသိုလ်များဟာ စာသင်ကာလအပြီး ကျောင်းသားများ အလုပ်သင်လုပ်ကိုင်နိုင်ရန် အလုပ်အတွေ့အကြုံရရှိဖို့ အတွက် ဉီးစားပေးဆောင်ရွက်ပေးတာ ဖြစ်ပါသည်။ ဘွဲ့ရရှိပြီး ကျောင်းသားများအနေနဲ့ ဆွစ်ဇလန်နိုင်ငံအပြင် သက်ဆိုင်ရာကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ အမေရိကန်၊ ဉရောပနိုင်ငံ၊ အာရှနိုင်ငံများရှိ ဟော်တယ်နဲ့ခရီးသွားကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိဖို့အတွက် ဖုန်း၊ Skype အင်တာဗျူးများ ပြင်ဆင်ပေးခြင်း ၊ အလုပ်အကိုင်ရှာဖွေရပေးခြင်းနဲ့ ဗီဇာလျှောက်လွှာများအတွက် ကူညီပေးခြင်းများ ပါဝင်ပါသည်။
CROWN Education မှလျှောက်ထားပေးမည့် တက္ကသိုလ်ကြီးများ
CROWN Education အနေဖြင့် Green Color Box နှင့် ဖော်ပြထားသောတက္ကသိုလ်များအတွက် ကျောင်းဝင်ခွင့်နှင့်၊ ကျောင်းသားဗီဇာ ရရှိသည်အထိ အစအဆုံး အခမဲ့ကူညီလျှောက်ထားပေးလျက်ရှိပါသည်။
မှတ်ချက်။ ။ ROYAL ACADEMIC INSTITUTE တွင် Grade 12 Program တက်ရောက်သင်ကြားထားသည့်ကျောင်းသား/သူများအနေဖြင့် အောက်တွင်ဖော်ပြထားသောတက္ကသိုလ်များ၏ ဝင်ခွင့်များကို ပြင်ဆင်လျှောက်ထားပေးပါသည်။