မြန်မာနိုင်ငံထဲမှာ ဆယ်တန်းကို စနစ်ဟောင်း/စနစ်သစ်မဖြေဆိုရသေးတဲ့ ကျောင်းသူ/ကျောင်းသူတွေ၊ iGCSE မဖြေဆိုရသေးတဲ့ကျောင်းသူကျောင်းသားတွေ အတွက် အောက်ဖော်ပြပါနည်းလမ်းတွေကိုထည့်သွင်းစဉ်းစားနိုင်ပါတယ်။

တကယ်လို့ကလေးတွေဟာ အစိုးရပညာရေးလမ်းကြောင်းမှာအတန်းငယ်သေးတယ်ဆိုရင်လဲ၊ အခုထဲက Grade (အတန်း) ရနိုင်တဲ့ International လမ်းကြောင်းတစ်ခုခုနဲ့ချိတ်ဆက်ထားနိုင်ပါတယ်။

အစိုးရပညာရေးကပဲသွားသွား၊ British System/American System နိုင်ငံတကာပညာရေးလမ်းကြောင်းတွေကပဲသွားသွား၊ ကလေးတွေအသက် ၁၃, ၁၄, ၁၅ အရွယ်ရောက်တဲ့အခါ ဘယ်လို High School Diploma လက်မှတ်ရအောင်လုပ်မလဲဆိုတာသေသေချာချာစဉ်းစားပေးနိုင်ရင်ရပါတယ်။ ပြည်တွင်းမှာဆက်သင်နိုင်အောင်ပဲဖြစ်ဖြစ်၊ မိဘနဲ့ ကလေးသွားရောက်ပညာသင်လိုတဲ့ ပြည်ပတိုင်းပြည်တစ်ခုခုကိုသွားရောက်နိုင်အောင်ပဲဖြစ်ဖြစ်  ၁၃,၁၄,၁၅ အရွယ်မှာ (အခြေအနေအရမတတ်သာတဲ့အခါ) အဆင်ပြေတဲ့လမ်းကြောင်းတစ်ခုခုကိုပြောင်းလဲထားနိုင်ပါသေးတယ်။

နိုင်ငံတကာဘက်သို့ပညာရေးလမ်းကြောင်း

မြန်မာ(၉)တန်းအောင်၊ iGCSE မဖြေရသေးသူများ နိုင်ငံခြားအမြန်ထွက်ချင်တယ်ဆိုရင် စင်္ကာပူမှာ PSB Academy, MDIS, Kaplan စတဲ့ကျောင်းတွေမှာသူတို့ Foundation တွေကတဆင့်သွားလို့ရတဲ့ပညာရေးလမ်းကြောင်းရှိပါတယ်။ USA, Canada, Australia ဘက်ကိုစိတ်ကူးတယ်ဆိုရင်တော့ သူတို့ High School ကတဆင့်ပြန်သွားရမှာဖြစ်လို့ ကုန်ကျစရိတ်များပါလိမ့်မယ်။  ထိုင်း၊ကိုရီးယား၊ဂျပန်တွေမှာဆိုလည်း သူတို့ High School ကနေပြန်သွားရမှာဖြစ်လို့ မြန်မာနိုင်ငံမှာပြင်သွားတာလောက် ကုန်ကျစရိတ်မသက်သာတဲ့အပြင်၊ ကျောင်းရွေးတာ ဗီဇာလျှောက်တာတွေမှာ အခက်အခဲရှိနိုင်လို့၊ မြန်မာနိုင်ငံမှာပြင်သွားတာကို ပိုအားပေးပါတယ်။

မြန်မာပြည်တွင်းပုဂ္ဂလိကကျောင်းများကိုလျှောက်ထားခြင်း 

(၉)တန်းပြီးဆုံးကြောင်းလက်မှတ်တွေနဲ့ ပြည်တွင်းပုဂ္ဂလိကကျောင်းတွေရဲ့ Foundation တွေကတဆင့် HND/NCC ပရိုဂရမ်တွေတက်ရောက်နိုင်ပါတယ်။ Business/Computer/Electronic/ Civil/Mechnical/Architecture  စတဲ့ဘာသာရပ်တွေသင်ကြားပေးပြီးအင်္ဂလန်နိုင်ငံကပေးတဲ့ဘွဲ့တွေကိုမြန်မာပြည်ထဲမှာပဲယူဖို့တက်ရောက်နိုင်ကြပါတယ်။ အားသာချက်ကတော့ကုန်ကျစရိတ်သက်သာမယ်။ ပြည်တွင်းမှာပဲ UK တက္ကသိုလ်ကပေးတဲ့ဘွဲ့ရမယ်။

အခြားတဖက်မှာစဉ်းစားရမဲ့အချက်တွေကတော့ ဘွဲ့အနေနဲ့ ဘာသာရပ်စုံစုံလင်လင်ရွေးချယ်သင်ယူဖို့ရွေးချယ်စရာနည်းမယ်၊ ပတ်ဝန်းကျင်နဲ့လက်တွေ့လုပ်ဆောင်ဖို့ဓါတ်ခွဲခန်း၊လက်တွေ့ခန်းတွေကတော့ နိုင်ငံခြားတက္ကသိုလ်တွေလောက်စုံဖို့ခက်မယ်။ မြန်မာပြည် HND/NCC ကနေ နိုင်ငံခြားထွက်မယ်ဆို Singapore/UK မှာပဲနောက်ဆုံးနှစ် Top Up တက်လို့ရမယ်။ ကနေဒါ၊ အမေရိကားဆို အစအဆုံးပဲပြန်တက်ရမယ်၊ သြစတြေးလျက Rank ကျောင်းအများစုလည်း နောက်ဆုံးနှစ် Top Up တက်လို့မရဘူး။

iGCSE ပြင်ဆင်ခြင်း

မြန်မာ့အတန်းပညာရေးကနေ iGCSE ကိုပြောင်းလဲသင်ယူပြီး၊ iGCSE လက်မှတ်နဲ့  Singapore, UK, USA, Australia, Canada ( Douglas College, Simon Fraser University ) လိုကျောင်းမျိုးတွေမှာ Foundation ကတဆင့်တက်ရောက်နိုင်ပါတယ်။ iGCSE မှာ အနည်းဆုံး (၅)ဘာသာသင်ယူဖို့လိုပါတယ်။ iGCSE မှာ Cambridge International Exam နဲ့ Edexcel ဆိုပြီးစာမေးပွဲနှစ်မျိုးရှိပါတယ်။

CIE နဲ့ Edexcel iGCSE တို့ကိုအရည်အသွေးပိုင်းအရ နိုင်ငံတကာတက္ကသိုလ်တွေရဲ့အသိအမှတ်ပြုမှုအပိုင်းမှာ သိသိသာသာကွဲပြားတာမရှိပါ။ ဘာသာရပ်ပိုင်းဆိုင်ရာသင်ယူမှုအပိုင်းမှာတော့ ကွဲပြားတာတွေရှိပါတယ်။ ဥပမာ CIE ရဲ့ အင်္ဂလိပ်စာဟာ Edexcel ထက်ပိုလွယ်ကူပြီး၊ သင်္ချာဘာသာမှာတော့ Edexcel ထက်ပိုခက်တယ်လို့ယူဆထားချက်တွေရှိပါတယ်။ နောက် Physics လိုဘာသာရပ်မျိုးတွေမှာCIE နဲ့ Edexcel တို့ကွာခြားချက်တစ်ချို့ရှိပါတယ်။ နောက် CIE ရဲ့ Physics နဲ့ Chemistry မှာခေါင်းစဉ်ရွေးချယ်ဖြေဆိုနိုင်မှုနဲ့ပတ်သက်ပြီးကွဲပြားမှုတစ်ချို့ရှိတယ်ဆိုပါတယ်။

စင်္ကာပူအစိုးရကျောင်းတွေလျှောက်ဖို့ဆို CIE က Edexcel ထက်ပိုကောင်းတယ်ဆိုတာတိတိကျကျပြောလို့မရပါဘူး။ ဘာကြောင့်လဲဆို စင်္ကာပူအစိုးရကျောင်း ပိုလီဝင်ခွင့်အတွက်ဦးစာပေးခေါ်ယူတဲ့ လက်မှတ်ကတော့ စင်္ကာပူအစိုးရတဲ့ Cambridge International Examination တို့ပူးပေါင်းကျင်းပစစ်ဆေးပြီးလက်မှတ်ထုတ်ပေးတဲ့ Singapore-Cambridge GCE ‘O’ ဆိုတာသီးသန့်ရှိလို့ပါ။ မြန်မာပြည်ကဖြေတဲ့ CIE လက်မှတ်နဲ့မတူပါဘူး။.နောက် CIE ရော Edexcel iGCSE ရော စင်္ကာပူအစိုးရတက္ကသိုလ်တွေကို တိုက်ရိုက်​လျှောက်ခွင့်မရှိပါဘူး။ အထက်ကပြောခဲ့တဲ့ Singapore-Cambridge GCE”O” မှာအမှတ်အကောင်းဆုံးကလေးတွေဟာ အစိုးရ Junior ကောလိပ်တွေမှာ (၂)နှစ်ဆက်လက်တက်ရောက်ပြီးမှ Singapore-Cambridge GCE “A” စာမေးပွဲကိုထပ်မံဖြေဆိုကြရပါတယ်။အဲဒီရမှတ်တွေထဲက အကောာင်းဆုံးကျောင်းသားတွေကမှ NUS, NTU, SUTD, SMU စတဲ့ကျောင်းတွေကလက်ခံပါတယ်။ 

ACT-GAC (USA Grade 12 Program)

ကျောင်းသူ/ကျောင်းသားဟာ အသက် (၁၆) နှစ်ပြည့်ပြီးဖြစ်မယ်၊ Grade 10/11 သို့မဟုတ် Seconadary 3/4 လက်မှတ်များပြသနိုင်မယ် ၊ CROWN – RAI ကစစ်ဆေးတဲ့ English (ရေးဖြေ/လူတွေ့) ဘာသာရပ်နဲ့ Mathematic (ရေးဖြေ) ကိုဖြေဆိုအောင်မြင်မယ်ဆိုရင်၊ အမေရိကန်ပြည်ထောင်စုကလက်မှတ်ပေးတဲ့ (12) တန်းနဲ့ ညီမျှတဲ့ ACT-GAC ကိုတက်ရောက်ပြီး၊ Singapore, UK, USA, Australia, Canada, Japan နိုင်ငံတွေမှာ iGCSE/ GCE A Level တွေမလိုပဲ ဆက်လက်တက်ရောက်နိုင်ပါတယ်။

ACT-GAC Grade 12 လက်မှတ်ကို အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း High School ကျောင်းသားတွေဖြေဆိုကြတဲ့ (မြန်မာပြည်မှာတော့ SAT လို့လူသိများတဲ့ Test နဲ့ တူပါတယ်။) ACT (American College Testing) ကလက်မှတ်ပေးပါတယ်။ ACT ဟာ အမေရိကန်ပြည်ထောင်စုနာမည်ကြီးတက္ကသိုလ်ကြီးများ ဝင်ခွင့်အတွက် SAT သို့မဟုတ် ACT လက်မှတ်အမြဲတောင်းခံလေ့ရှိပါတယ်။ Google မှာ SAT vs ACT ဆိုပြီးလေ့လာနိုင်ပါတယ်။ နောက် ဒီလင့်ခ် CLICK HERE ကနေလည်း ACT-GAC အကြောင်းလေ့လာနိုင်ပါတယ်။ 

ACT-GAC ဟာသာမာန်စာမေးပွဲ၊လက်မှတ်တစ်ခုမဟုတ်ပဲ ကျောင်းသားတွေမှာလိုအပ်နေတဲ့ ပြင်ဆင်မှုတွေကိုပြင်ဆင်ပေးပြီး သူတို့ဝါသနာကိုဖော်ထုတ်ပေးနိုင်ဖို့ ဘာသာရပ်ပေါင်းစုံသင်ကြားလေ့လာရတဲ့ University Preperation programတစ်ခုဖြစ်ပါတယ်။

GED စာမေးပွဲ

နောက်နည်းလမ်းတစ်ခုကတော့ အမေရိကန်ပြည်ထောင်စုကအသိအမှတ်ပြုစစ်ဆေးတဲ့ General Education Development (GED) ကို လေ့လာပြီးဖြေဆိုနိုင်ပါတယ်။ GED ကိုအမေရိကန်ပြည်ထောင်စုရှိ ကောလိပ်၊ တက္ကသိုလ်တွေနဲ့ အထူးသဖြင့် ထိုင်းမှာရှိတဲ့ အစိုးရကျောင်းတွေဆို GED+SAT ရမှတ်တွေတင်ပြရလေ့ရှိပါတယ်။