မြန်မာစနစ်ဟောင်းဆယ်တန်းအောင်မြင်ထားသူများ iGCSE ဖြေဆိုထားသူများအနေဖြင့် နိုင်ငံတကာတွင်ပညာသင်ဖို့စဉ်းစားရာမှာအောက်ပါအချက်တွေကိုစနစ်တကျခေါင်းစဉ်အလိုက်စဉ်းစားဖို့အကြံပြုပါတယ်။

(၁) ဘတ်ဂျက်ပေါ်မူတည်၍စဉ်းစားခြင်း

နိုင်ငံတကာပညာသင်ဖို့စဉ်းစားရာတွင်အဓိကအားဖြင့် မိိဘများထောက်ပံ့ပေးနိုင်သည့်တစ်နှစ်စာကုန်ကျစရိတ်ပေါ်မူတည်ပြီး၊ တက္ကသိုလ် (၄)နှစ်သို့မဟုတ်(၅)နှစ်စာအတွက်စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်တွေနဲ့တွက်ချက်စဉ်းစားနိုင်ပါတယ်။  ခန့်မှန်းကျောင်းလခအပါအဝင်နေထိုင်စားသောက်စရိတ်ခန့်မှန်းးကိုအောက်တွင်ဖေါ်ပြလိုက်ပါတယ်။

 

1st Year

2nd Year

3rd Year

4th Year

TOTAL

Thai

သိန်း ၁၅၀-၂၀၀

သိန်း ၁၅၀-၂၀၀

သိန်း ၁၅၀-၂၀၀

သိန်း ၁၅၀-၂၀၀

သိန်း

၆၀၀-၈၀၀

Singapore

သိန်း ၃၅၀-၄၅၀

သိန်း ၃၅၀-၄၅၀

သိန်း ၃၅၀-၄၅၀

 

သိန်း ၁၀၀၀-၁၅၀၀

USA

သိန်း ၄၅၀-၆၅၀

သိန်း ၄၅၀-၆၅၀

သိန်း ၄၅၀-၆၅၀

သိန်း ၄၅၀-၆၅၀

သိန်း ၁၈၀၀-၂၆၀၀

UK

သိန်း ၅၀၀-၇၀၀

သိန်း ၅၀၀-၇၀၀

သိန်း ၅၀၀-၇၀၀

သိန်း ၅၀၀-၇၀၀

သိန်း ၂၀၀၀-၂၈၀၀

Australia

သိန်း ၆၀၀-၈၀၀

သိန်း ၆၀၀-၈၀၀

သိန်း ၆၀၀-၈၀၀

သိန်း ၆၀၀-၈၀၀

သိန်း ၂၄၀၀-၃၂၀၀

Canada

သိန်း ၅၀၀-၇၀၀

သိန်း ၅၀၀-၇၀၀

သိန်း ၅၀၀-၇၀၀

သိန်း ၅၀၀-၇၀၀

သိန်း ၂၀၀၀-၂၈၀၀

Europe

သိန်း ၂၅၀-၃၅၀

သိန်း ၂၅၀-၃၅၀

သိန်း ၂၅၀-၃၅၀

သိန်း ၂၅၀-၃၅၀

သိန်း ၁၀၀၀-၁၄၀၀

(၂) မိမိတို့သင်ယူမည့်ဘာသာရပ်ပေါ်မူတည်၍စဉ်းစားခြင်း

ဥပမာ ဆေးပညာသင်ယူမည်ဆိုရင် MBBS ဘွဲ့ရရှိဖို့အကောင်းဆုံးနဲ့ အသေခြာဆုံးတိုင်းပြည်ကတော့ UK ပါ။ ကုန်ကျစရိတ်ကတော့များပါတယ်။ တစ်နှစ်သိန်း ၈၀၀-၁၀၀၀ ကြားကုန်ကျနိုင်ပြီး ၅-၆ နှစ်လောက်သင်ယူရပါတယ်။ သြစတြေးလျ၊မှာလည်းရှိပါတယ်။ Pre-Med ကနေ Graduate Medical School ကိုလျောက်ကြတာပိုများတယ်။ ဝင်ခွင့်ခက်တယ်။ ကုန်ကျစရိတ် UK ထက်ပိုများနိုင်တယ်။ USA, Canada မှာလည်း Pre-Med ကနေသွားဖို့လမ်းကြောင်းတွေရှိပေမဲ့ မြန်မာကျောင်းသားတွေဝင်ခွင့်ရတာမရှိသလောက်ရှားတယ်။ Singapore, Thai, Japan, Korea မှာ Undergraduate Medical လက်ရှိအချိန်ထိ မြန်မာကျောင်းသားမရှိသေးပါ။

စီးပွားရေး၊အိုင်တီ၊အင်ဂျင်နီယာ၊ အာခီ၊ အနုပညာ၊ စတဲ့ပညာရပ်တွေကတော့ နိုင်ငံတော်တော်များများမှာရှိတယ်။ Pilot လိုကျောင်းမျိုးတွေက ဖိလစ်ပိုင်၊ မလေးရှား၊ အမေရိကန်မှာအတက်များကြတယ်။ (သတိပြုစရာက မြန်မာအစိုးရကျောင်းပြီး၊ iGCSE ပြီးကာစ အသက် ၁ရ နှစ်နှစ်လောက်ကျောင်းသားတွေ (၁၈)လလောက်၊ ပိုင်းလော့ ပရိုဂရမ်တက်ပြီး၊ Commercial ပိုင်းလော့လိုင်စင်ရဖို့ဆိုတာမျိုးဖြစ်ဖို့မလွယ်ဘူး။) လေယဉ်အင်ဂျင်နီယာဘွဲ့ယူပြီး ပိုင်းလော့သင်တန်းကပိုဖြစ်နိုင်ခြေရှိတယ်။ 

အလုပ်အကိုင်အတွက် ဆို Nursing Diploma စင်္ကာပူအစိုးရက စကောလားနဲ့ခေါ်တာမျိုးတွေရှိတယ်။ PR အတွက်ဆိုရင်တော့ USA, Ausgralia, Canada နိုင်ငံတွေကပိုကောင်းတယ်။ ဒါကဥပမာပေးတာပါ။ ကိုယ်တက်ချင်တဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီးအကောင်းဆုံးနိုင်ငံကိုစဉ်းစားနိုင်ဖို့ဥပမာပေးတာဖြစ်ပါတယ်။ ဥပဒေလိုဘာသာရပ်မျိုးဆိုရင် UK ကိုအဓိကထားစဉ်းစားဖို့လိုပါတယ်။ 

(၃) အလုပ်အကိုင်အခွင့်အရေးပေါ်မူတည်ဦးစားပေးစဉ်းစားခြင်း 

အလုပ်အကိုင်ပေါ်မူတည်တယ်ဆိုတာ၊ ကျောင်းပြီးအလုပ်အကိုင်အခွင့်အရေး၊ ဒါမှမဟုတ် ကျောင်းပြီး ကိုယ်နိုင်ငံတန်းမပြန်ပဲ Post Study Work လျောက်လို့ရတဲ့နိုင်ငံတွေကို၊ နိုင်ငံအလိုက်ဇယားနဲ့ခန့်မှန်းတက်ပြထားပါတယ်။

 

Easy to get

a JOB

Post

Study Work

Path to PR

Scholarships

Easy to Get Visa

Thai

★✰✰✰✰

✰✰✰✰✰

★★★★★

★★★✰✰

★★★★★

Singapore

★✰✰✰✰

✰✰✰✰✰

✰✰✰✰✰

★★✰✰✰

★★★✰✰

USA

★★★✰✰

★★★✰✰

★★★★★

★★★★★

★★★★★

UK

★★✰✰✰

★★★★★

★★✰✰✰

★★✰✰✰

★★★★★

Australia

★★★✰✰

★★★★★

★★★✰✰

★✰✰✰✰

★★★✰✰

Canada

★★★✰✰

★★★★★

★★★★★

✰✰✰✰✰

★✰✰✰✰

Europe

★✰✰✰✰

★✰✰✰✰

★✰✰✰✰

★★✰✰✰

★★★✰✰

(၄) မိမိတို့ပညာသင်ယူလို့သည့်နိုင်ငံကိုဦးစားပေးရွေးချယ်ခြင်း

 တစ်ခါတစ်လေကျောင်းသူကျောင်းသားလေးတွေရဲ့စိတ်ကူးစိတ်သန်းထဲမှာသူတို့ပညာသွားသင်ချင်တဲ့ Dream Country ဆိုတာမျိုးရှိတတ်ပါတယ်။ ကနေဒါကိုပဲသွားချင်တယ်၊ အမေရိကန်ကိုသွားခြင်တယ်၊ ဥရောပဖက်သွားချင်တယ်စသဖြင့်ပါ။ အဲဒီအခါ မိဘပံ့ပိုးနိုင်တဲ့ဘတ်ဂျက်၊ သူတို့အသက်အရွယ်ရင့်ကျက်မှုအလိုက် သင့်တော်တာလည်းရှိသလို့၊ သူတို့နားလည်အောင်ပြန်လည်စဉ်းစားရွေးချယ်ပေးရတာမျိုးလည်းရှိပါတယ်။ 

(၅) မိမိတို့ပညာရေးနောက်ခံအကြောင်းအရာများနှင့်လိုက်ဖက်သည့်နိုင်ငံရွေးချယ်ခြင်း

ဥပမာ မြန်မာနိုင်ငံမှာ HND, NCC, ABE လိုဒီပလိုမာတွေသင်ယူထားသူတွေအတွက် Singapore နဲ့ UK နှစ်နိုင်ငံကပဲ Top Up လို့ခေါ်တဲ့ နောက်ဆုံးနှစ်တစ်နှစ်ဆက်တက်ခွင့်ပေးပါတယ်။ မြန်မာအစိုးရကျောင်းကနေ စီးပွားရေး၊ အိုင်တိုင်၊ အင်ဂျင်နီယာဘာသာရပ်တွေသင်ယူထားသူတွေအတွက်လည်း၊ အဆိုပါနိုင်ငံနှစ်ခုမှာ exemption / ဘာသာရပ်ကင်းလွတ်ခွင့်၊ စာသင်နှစ်ကင်းလွတ်ခွင့်လျောက်ရတာပိုအဆင်ပြေလို့ပါ။