ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များကို စိတ်ပါဝင်စား၍ လေ့လာသင်ယူချင်တဲ့ ကျောင်းသူ ကျောင်းသားများအနေဖြင့် Environmental Science နှင့် Environmental Studies ဘာသာရပ်နှစ် ခု ကွဲပြားကြောင်း သိရှိထားရန် လိုအပ်ပါတယ်။ ဘာသာရပ် နှစ်ခုလုံးဟာဆိုရင် သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် မတူညီသော ရှုထောင့်များမှ လက်တွေ့အသုံးချ အကျိုးပြုစေသော ဘာသာရပ်များလည်း ဖြစ်ပါတယ်။
.
Environmental Science ဟာဆိုရင် သဘာဝသိပ္ပံ (Natural Sciences) အခြေခံပြီး လက်တွေ့သုတေသနနှင့် အချက်အလက်များကို အလေးပေး သင်ကြားပြီး ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ စသည့် ဘာသာရပ်များပါဝင်ကာ၊ ဂေဟစနစ်များကို လေ့လာခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ ညစ်ညမ်းမှု၊ သဘာဝအရင်းအမြစ်များ ရှားပါးကုန်ခမ်းလာမှု စသည့် အကြောင်းအရာများကို သိပ္ပံနည်းကျ စူးစမ်းလေ့လာခြင်းများ ပါဝင်ပါတယ်။
.
ဓာတ်ခွဲခန်းစမ်းသပ်မှုများ (lab experiments)၊ ကွင်းဆင်းသုတေသန (field research) နှင့် ဒေတာဆန်းစစ်ခြင်းများ (data modeling) ဓာတ်ခွဲခန်းစမ်းသပ်မှုများ၊ ကွင်းဆင်းသုတေသနနှင့် ဒေတာဆန်းစစ်ခြင်းများ ပြုလုပ်ရပြီး ဤဘာသာရပ်ကို ရွေးချယ်သူများအတွက်
.
Environmental scientist (ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်)
Ecologist (ဂေဟဗေဒပညာရှင်)
Conservation biologist (ထိန်းသိမ်းရေးဇီဝဗေဒပညာရှင်)
Climate analyst (ရာသီဥတုဆိုင်ရာ ဆန်းစစ်သူ) or Environmental consultant (ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး) စသည့် အလုပ်အကိုင်အခွင့်အလမ်းများဖြင့် သုသေသနအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နိုင်ပါတယ်။
.
Environmental Studies ဘာသာရပ်ကတော့ လူသားများနှင့် သဘာဝပတ်ဝန်းကျင်ကြား ဆက်နွယ်မှုကို လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်များမှ လေ့လာခြင်းဖြစ်ပြီး လူမှုဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် မျှတမှုဆိုင်ရာ အကြောင်းအရာများ ပါဝင်ပါတယ်။ ဤဘာသာရပ်ကို ရွေးချယ်သူများအနေဖြင့်
.
Policy analysis (ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒဆန်းစစ်သူ)
Environmental Educator (ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးသူ)
Sustainability Coordinator (ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ရန် ညှိနှိုင်းရေးမှူး) စသည့် အလုပ်အကိုင်များဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များ၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နိုင်ပါတယ်။
.
အချုပ်အားဖြင့် Environmental Science ဟာဆိုရင် သဘာဝပတ်ဝန်းကျင်စနစ်များကို သိပ္ပံနည်းကျ တိုင်းတာနိုင်သော ကျွမ်းကျင်မှုများကို လေ့လာသင်ယူနိုင်ပြီး Environmental Studies ဘာသာရပ်ကတော့ လူမှုအဖွဲ့အစည်းများနှင့် မူဝါဒများကို ပြောင်းလဲရန် လိုအပ်သော နည်းလမ်းများကို စိတ်ဝင်စားသော ကျောင်းသူ ကျောင်းသားများအတွက် ရွေးချယ်သင့်သော ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။
.
▣ CROWN Education အနေဖြင့် ကျောင်းသူ ကျောင်းသားများ၏ မိဘပံ့ပိုးပေးနိုင်မှုအပေါ်မူတည်ပြီး နိုင်ငံ၊ တက္ကသိုလ်၊ ဘာသာရပ်များရွေးချယ်ခြင်းများကို FREE (သို့) PREMIUM CONSULTING APPOINTMENT များဖြင့် ကူညီဆွေးနွေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။
.
To Book an Appointment: b.link/CrownMeet