Advices

AI (Artificial Intelligence) ရဲ့အရေးပါမှုဟာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး နယ်ပယ်အားလုံးမှာ အချိန်နဲ့အမျှ ပြောင်းလဲနေတာဖြစ်ပါတယ်။ နိုင်ငံတကာ တက္ကသိုလ်အသီးသီးမှာ ပညာသင်ယူကြရန် ပြင်ဆင်နေကြတဲ့ ကျောင်းသူ ကျောင်းများအနေနဲ့ မိမိတို့ ရွေးချယ်သော မည်သည့်ဘာသာရပ်မဆို (ဥပမာ- စီးပွားရေး၊ ဆေးပညာ၊ အင်ဂျင်နီယာ) အောက်ပါ AI နှင့် သက်ဆိုင်သော အခြေခံ ကျွမ်းကျင်မှု (၄) ခုကို မဖြစ်မနေ လေ့လာထားရန် လိုအပ်လာပါတယ်။
.
(၁) AI Tools များကို ညွှန်ကြားအသုံးပြုတတ်အောင် Prompt Engineering ကိုလေ့လာပါ။
AI Tools များသက်ရောက်မှု ကြီးမားလာသည်နှင့်အမျှ နိုင်ငံတကာ ကျောင်းသားများအနေဖြင့် AI Tools များကို (မည်သည့် ဘာသာရပ်အတွက်မဆို) လိုချင်သော ရလဒ် တိကျမှန်ကန်စွာ ထွက်လာအောင် ရှင်းလင်းပြတ်သားသော စကားလုံးများဖြင့် ညွှန်ကြားတတ်သည့် (Prompt Engineering) သင်ယူရန် လိုအပ်ပါတယ်။ AI Tools များမှာ အမြဲပြောင်းလဲနေသောကြောင့် Software တစ်ခုတည်းကို မှီခိုမနေဘဲ AI ၏ အလုပ်လုပ်ပုံ သဘောတရားကို နားလည်ထားရန်နှင့် မိမိတို့၏ နေ့စဥ်ဘဝတွင် AI ကို အကျိုးရှိအောင် ပေါင်းစပ်အသုံးပြုရန် (Workflow Integration) ကိုလည်း အလေးပေး လေ့လာသင့်ပါတယ်။
.
(၂) Data and Systems Literacy အချက်အလက်နှင့် စနစ်များကို နားလည်အောင်ပြုလုပ်ပါ။
AI ဟာဆိုရင် Data (အချက်အလက်) ကို အခြေခံ၍ အလုပ်လုပ်တာ ဖြစ်တာကြောင့် ဘယ်မေဂျာကို ရွေးချယ်သည်ဖြစ်စေ Data ကို နားလည်သူ (Data-literate) ဖြစ်ဖို့ လိုအပ်ပါတယ်။ ကျောင်းသားလူငယ်များအနေနဲ့ AI ရဲ့ အဖြေတွေဟာ ဘယ်အရင်းမြစ် Data များကနေ ဆင်းသက်လာတယ်၊ Data တွေမှာ ဘယ်လို ဘက်လိုက်မှု (Bias) များ ပါဝင်နိုင်တယ်ဆိုတာကို အနည်းဆုံး သိရှိရပါမယ်။ AI စနစ်များ၏ နောက်ကွယ်ရှိ (Logic) ကို နားလည်ရန်အတွက် Python ကဲ့သို့သော Programming Language ၏ အခြေခံ သဘောတရားများကို အနည်းဆုံး လေ့လာထားခြင်းက AI Tool များ အလုပ်လုပ်ပုံ သိရှိနားလည်ရန်အတွက် များစွာ အထောက်အကူပြုပါတယ်။
.
(၃)ကျင့်ဝတ်ပိုင်းဆိုင်ရာ Ethics and Critical Thinking စစ်ဆေးတဲ့ စွမ်းရည်တွေကို မြှင့်တင်ပါ။
AI ဟာ လူတွေပေးတဲ့ အချက်အလက် (Data) တွေပေါ်မှာ အခြေခံထားတာဖြစ်လို့ လူသားကျင့်ဝတ် (Human Ethics) နဲ့ ဘက်လိုက်မှု (Bias) တွေကင်းဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် ကျောင်းသူ ကျောင်းသားများအနေနဲ့ AI ထုတ်လုပ်ထားတဲ့ အရာတွေကို ဝေဖန်ပိုင်းခြား ဆန်းစစ်တတ်ဖို့နဲ့ AI စနစ်တွေမှာ ပါလာနိုင်တဲ့ အယူအဆ ဘက်လိုက်မှုများ (ဥပမာ လူမျိုးရေး၊ ကျား-မ ခွဲခြားမှု စတဲ့ ဘက်လိုက်မှုတွေ)​၊ AI က ထုတ်ပေးတဲ့ အချက်အလက်တွေဟာ မှန်ကန်မှု (Accuracy) ရှိရဲ့လား၊ အရည်အသွေး (Quality) ပြည့်မီရဲ့လားဆိုတာကို စစ်ဆေးတဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ဖို့ထားရပါမယ်။ AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေရဲ့ မူပိုင်ခွင့် (Copyright) နဲ့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေကိုပါ သဘောပေါက်နားလည် ထားဖို့ လိုအပ်ပါတယ်။
.

🤖

AI ဟာ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေကို အခြေခံပြီး အလုပ်လုပ်ရာမှာ အင်မတန်လုပ်ကိုင်နိုင်စွမ်းရှိသော်လည်း အခြားသော ကျင့်ဝတ် (Ethics) နဲ့ လူသားလိုအပ်ချက် တွေမှာတော့ အားနည်းဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ ဘယ်မေဂျာကိုပဲ ရွေးချယ်သည်ဖြစ်စေ တိုးတက်လာတဲ့ AI နည်းပညာ၊ AI Tool တွေရဲ့ အားသားချက် အားနည်းချက်ကို သိရှိနားလည်ဖို့နဲ့ ထိထိရောက်ရောက် အသုံးချတတ်ဖို့ က အရေးအကြီးဆုံးဖြစ်ပါတယ်။
.

🤖

မြန်မာ ကျောင်းသူ ကျောင်းသားများအနေဖြင့် Artificial Intelligence နှီးနွယ်ဘာသာရပ်များကို နိုင်ငံတကာတွင် တက်ရောက်ရန် ဆွေးနွေးအကြံပေးမှုများကို CROWN Education တွင် One to One Consutling Appointment များဖြင့် ပညာရေးဆွေးနွေးမှုများကို ရယူနိုင်ပါတယ်။
.

🌐

 Book an Appointment: b.link/CrownMeet

Book Appointment >