ACT - GAC Program

မောင်မြတ်မင်းအောင်အနေနဲ့ CROWN Educationရဲ့ Higher Secondary Schoolဖြစ်တဲ့ Royal Academic Instituteမှာ GAC Grade 12 program တက်ရောက်သင်ကြားခဲ့ပြီး အခုအခါ ဂျပန်နိုင်ငံရှိ Kyoto University of Advanced Scienceတွင် Bachelor of Engineering ဘွဲ့ရရှိသည်အထိ KUAS-E Scholarship (Tuition reduction 50% + Admission fee reduction 50%) ဖြင့် Mechanical and Electrical Engineering ဘာသာရပ် တက်ရောက်သင်ကြားခွင့် ရရှိထားပြီးဖြစ်ပါတယ်။

ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မောင်မြတ်မင်းအောင်ရဲ့ အတွေအကြုံတွေကိုလည်း အောက်ပါအတိုင်း မျှဝေပြောကြားပေးခဲ့ပါတယ်။

Admin: ဘယ်အချိန်ကစပြီး နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့လဲ။ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ခဲ့လဲ။

MMA: နိုင်ငံခြားမှာကျောင်းတက်ဖို့ဆုံးဖြတ်ခဲ့တာကတော့ ဆယ်တန်းနှစ်လောက်ကတည်းက စခဲ့တာပါ။မြန်မာ ဆယ်တန်းပြီးတော့ covidစဖြစ်ပေမယ့် continuous learning ဖြစ်အောင် Grade 12 လည်းဖြည့်တဲ့အနေနဲ့ GAC-ACT Program ကို CROWN Educationမှာ ပြင်ဆင်ခဲ့ပါတယ်။

Admin: ရွေးချယ်စရာနိုင်ငံနဲ့ တက္ကသိုလ်တွေအများကြီးထဲကမှ အခုလို Kyoto University of Advanced Scienceမှာ Electrical and Mechanical Engineering ဘာသာရပ် သင်ယူဖို့ ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့လဲ။ 

MMA: ကိုယ်နဲ့သင့်တော်မယ့် နိုင်ငံတွေကို ပါးပါး က ပြောပြတယ်ပေါ့နော်။ နိုင်ငံတွေထဲကမှ ကိုယ်က ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု၊ပညာရေးနဲ့ လူနေမှုအဆင့်အတန်းတွေကို သဘောကျမိတဲ့အတွက် Study in Japanကို ရွေးချယ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း Engineering သဘောကျတဲ့အတွက် KUAS (Kyoto University of Advanced Science ) မှာ Faculty of Electrical and Mechanical Engineeringကို လျှောက်ဖြစ်ခဲ့တာပါ။

Admin: KUAS တက္ကသိုလ်၊ ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီး သဘောအကျဆုံးအချက်ကို ပြောပြပါဆိုရင်။

MMA: အဓိကက​တော့ ဂျပန်နိုင်ငံက International Students တွေကို supportive ဖြစ်တာက တစ်ကြောင်း၊ KUAS မှာ English Language နဲ့ သင်ယူလို့ရနိုင်တဲ့အချက်၊ English-Medium ဖြစ်ပေမယ့်လည်း Japanese Language courses တွေပါ ​သင်ယူနိုင်မယ့်အချက်တွေကိုတော့ တော်တော်လေး သဘောကျမိပါတယ်။

Admin: နိုင်ငံခြားမှာ ကျောင်းသွားတက်တာ(ပညာရေး)နဲ့ ပတ်သက်ပြီး မိဘ၊ ဆွေမျိုးတွေဆီက ဘယ်လိုအကြံဉာဏ်တွေရယူခဲ့လဲ။

MMA: အကြံဉာဏ်ကိုတော့ တော်တော်များများ ပါးပါးဆီကပဲ ယူဖြစ်ပါတယ်။ ဘယ်လို documents တွေ ပြင်ဆင်ထားသင့်လဲ။ ဘယ်လို qualifications တွေလိုလဲ စသဖြင့်ပေါ့နော်။

Admin: ကျောင်းသွားမတက်ခင် ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားလဲ။

MMA: ကိုယ်က ဂျပန် pathway သွားမယ်လို့ဆုံးဖြတ်ပြီးကတည်းက Japanese Language ကို N4 အပြီးထိ ပြင်ဆင်ထားပါတယ်။ ကျောင်းစာသင်ကြားအတွက် English ဆိုတော့ ကိစ္စမရှိပေမယ့် Part-time Jobs တွေအတွက် အဆင်ပြေနိုင်အောင် ပြင်ဆင်ထားပါတယ်။

Admin: ကျောင်းပြီးသွားတဲ့အခါ ကိုယ့်အနေနဲ့ ဘယ်အရာတွေမှာ သိသိသာသာတိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်ထားလဲ။

MMA: သေချာတာကတော့ Communication ပါပဲ။ နိုင်ငံစုံက Students နဲ့သင်ယူရမှာဆိုတော့ Social Network ကတော့ ကျယ်ပြန့်လာမှာပါပဲ။ နောက်တစ်ခုကတော့ ဘာသာစကားအပိုင်းပါ။ English ရော Japanese ရော တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

Admin: ဂျပန်နိုင်ငံမှာ ကျောင်းလာတက်ချင်တဲ့ သူငယ်ချင်းတွေ၊ ဂျူနီယာတွေကို KUAS တက္ကသိုလ်က scholarshipရ ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုအကြံပေးချင်လဲ။

MMA: “ပထမဆုံးကတော့ ကိုယ်ကဘယ် pathway ကို ရွေးချယ်သင့်လဲ (English-Medium/Japanese-Medium) ဆိုတာကို သေချာအောင်ဆုံးဖြတ်ပါ။ ပြီးတဲ့နောက် ဘယ် Faculty ကို​ရွေးမှာလဲ၊ ဘယ်University ကိုJoin ချင်တာလဲဆုံးဖြတ်ပါ။ အဲ့အချက်တွေပေါ်မူတည်ပြီးမှ ကိုယ်က ဘယ် Qualifications တွေ ထပ်ပြင်ဆင်သင့်သလဲဆိုတာ Knowledgeable person နဲ့ တိုင်ပင်ပြီး ပြင်ဆင်ပါ” လို့ပြောချင်ပါတယ်။ 

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ အသက်ကြီးသွားမှာတွေ၊ သူငယ်ချင်းတွေက ရောက်သွားပြီ၊University တက်နေကြပြီဆိုတာတွေကို စိတ်မပူပါနဲ့။ ကိုယ့်ဘက်ကသာ ပြည့်စုံအောင်ပြင်ဆင်ထားပါ။ အခွင့်အရေးက ရောက်လာပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့  ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (ACT-GAC, Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့်  နိုင်ငံတကာရှိ  Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက် သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး  နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ  စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို  ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုကာလမှာ သင်ကြားမှု၊  သင်ယူမှုတွေ ရပ်တန့်မနေစေဖို့  GAC-Grade 12 Program သင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မာဆယ်တန်း(သို့) iGCSE စာမေးပွဲ အောင်စာရင်းများ၊ အမှတ်စာရင်းများ မရှိထားသော်လည်း ဝင်ခွင့်စာမေးပွဲကို ကြိုတင်လာရောက် ဖြေဆိုထားနိုင်ပါတယ်။

ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊  ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် GAC Grade 12 program မှာ တစ်နှစ်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။

2022 အတွက် အသစ်ဖွင့်လှစ်မည့် GAC Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/gac/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို CROWN Education & Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >