Advices

🛫နိုင်ငံတကာ လေဆိပ်ကြီးတွေမှာ Commercial Pilot တွေ၊ Airline Crew တွေကိုသာ လူသိများကြပေမယ့်၊ လေယာဉ်တစ်စီးချင်းစီရဲ့ လုံခြုံချောမွေ့တဲ့ ခရီးစဉ်အတွက် နောက်ကွယ်က စောင့်ကြည့်ညွှန်ကြားနေတဲ့ Air Traffic Control (ATC) ပညာရပ်ကတော့ လူသိနည်းဆဲပဲ ဖြစ်ပါတယ်။

🛫Air Traffic Control (ATC) ဘာသာရပ် ဆိုတာကတော့ လေကြောင်းလုံခြုံရေးနှင့် ချောမွေ့စွာ စီးဆင်းမှုအတွက် လေယာဉ်များကို မြေပြင်မှနေ၍ ညွှန်ကြားထိန်းချုပ်ပေးသော ပညာရပ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လေယာဉ်တွေကြားက အကွာအဝေး၊ အမြင့်နဲ့ လမ်းကြောင်းတွေကို တိကျစွာ ချိန်ညှိပေးရင်း ခရီးသည်တိုင်းရဲ့ ဘဝကို တာဝန်ယူကာကွယ်ပေးသော ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။

🛫နေ့စဉ် လေယာဉ်ထောင်ပေါင်းများစွာ လုံခြုံစွာ ပျံသန်းနိုင်ရန်အတွက် ICAO (International Civil Aviation Organization) စံချိန်စံညွှန်းများ၊ နိုင်ငံအလိုက် ပြ၎ာန်း  ထားတဲ့ စည်းမျဉ်းစည်းကမ်းများ (FAA – Federal Aviation Administration သို့မဟုတ် EASA – European Union Aviation Safety Agency) နှင့် နိုင်ငံတစ်နိုင်ငံစီတွင် ထုတ်ပြန်ထားသော (Aeronautical Information Publication – AIP) လေဆိပ်စီမံအုပ်ချုပ်မှု ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းများကို ထည့်သွင်းလေ့လာရတာဖြစ်ပါတယ်။ နိုင်ငံတကာမှာ လုပ်ကိုင်ဖို့ ရည်မှန်းထားတဲ့ ကျောင်းသူကျောင်းသားများအနေနဲ့ ATC ဘာသာရပ်ဟာ စိန်ခေါ်မှုများပြီး ဂုဏ်သိက္ခာရှိရှိ လုပ်ကိုင်ခွင့်ရနိုင်မယ့် သက်မွေးပညာရပ်လည်း ဖြစ်ပါတယ်။


ဘယ်လိုဘာသာရပ်တွေ သင်ကြားရလဲ။
Air Traffic Control (ATC) ဘာသာရပ်မှာ ATC စနစ်ရဲ့ လုပ်ငန်းတာဝန်ခွဲဝေမှုကို အခြေခံထားသော  အဓိက လေ့လာရမယ့် နယ်ပယ်ကြီး (၃) ခုရှိပါတယ်။ ဒီနယ်ပယ်တွေကတော့

(၁) Tower Control
လေဆိပ်ပြင်ပ မြင်ကွင်းအတွင်း (Visual Area) ရှိ လေယာဉ်များကို တိုက်ရိုက်ထိန်းချုပ်သော နယ်ပယ်ဖြစ်ပါတယ်။ တနည်းအားဖြင့် လေယာဉ် ဆင်းသက်ခွင့်/ပျံတက်ခွင့် ပေးခြင်း၊ လေဆိပ်မြေပြင်ရှိ လေယာဉ်နှင့် ယာဉ်အသွားအလာ ထိန်းချုပ်ခြင်း နှင့် မြင်ကွင်းအတွင်း လေယာဉ်များကြား စိတ်ချရသော အကွာအဝေး ထားရှိနိုင်ရန် ညွှန်ကြားပေးခြင်းတို့ပါဝင်ပါတယ်။
✔️​​Runway and taxiway management
✔️Procedures for granting aircraft landing and takeoff clearance
✔️Ground movement control of aircraft and vehicles on the airport surface
✔️Maintaining safe visual separation between aircraft within the visual range

(၂) Radar Approach control
Tower နှင့် ခရီးစဉ်ထိန်းချုပ်ရေးကြားရှိ ကြားခံနယ်မြေ (Terminal Airspace) ကို radar ဖြင့် ထိန်းချုပ်သော နယ်ပယ်ဖြစ်ပါတယ်။ လေထုလမ်းကြောင်း (Airway) များ၏ ဖွဲ့စည်းပုံ၊ radar စက်ပစ္စည်းများ အလုပ်လုပ်ပုံနှင့် အသုံးပြုနည်း၊ ခရီးစဉ်အတွင်း လေယာဉ်များအား အမြင့် (Level) နှင့် လမ်းကြောင်း ပြောင်းလဲခွင့်ပြုခြင်း နှင့် ရှုပ်ထွေးသော လေကြောင်းဆိုင်ရာ ဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းတို့ပါဝင်ပါတယ်။
✔️Sequencing and spacing of aircraft

✔️Radar vectoring (providing radar-based guidance)
✔️Instrument Approach Procedures (IAP)
✔️Departure procedures and climb-out management

(၃) En-route Control / Area Control
လေဆိပ်နယ်နိမိတ်ပြင်ပ လေထုလမ်းကြောင်း (Airway) တွင် ပျံသန်းနေသော လေယာဉ်များကို ဗဟိုချုပ်ရုံး (ACC) မှနေ၍ ထိန်းချုပ်သော နယ်ပယ်ဖြစ်ပါတယ်။ Tower နှင့် ခရီးစဉ်ထိန်းချုပ်ရေးကြားရှိ လေယာဉ်များကို စီစဉ်ပေးခြင်း၊ လေဆိပ်သို့ ချဉ်းကပ်ဆင်းသက်မည့် လေယာဉ်များကို အစီအစဉ်ကျစွာ စီတန်းစေပြီး Tower သို့ လွှဲပြောင်းပေးခြင်း နှင့် ပျံတက်ပြီး လေယာဉ်များကို ခရီးစဉ်ထိန်းချုပ်ရေးသို့ လွှဲပြောင်းပေးခြင်းတို့ကို လေ့လာရတာဖြစ်ပါတယ်။
✔️Structure of the airway system
✔️Granting altitude or route changes during en route flight
✔️Analysis and interpretation of radar data
✔️Maintaining safe separation between aircraft (procedural and radar separation)
✔️Control of international flight operations

▣ ဘယ်လို သင်ယူရတာလဲ။

ATC ဘာသာရပ်ကို သင်ယူရတဲ့ ကျောင်းသားများအနေနဲ့  Theoretical Training များအပြင် Simulator Training များဖြင့် အဓိက (၂) ပိုင်းပါဝင်ပါတယ်။ ATC ပညာရပ်နောက်ဆုံးအဆင့်ကို  Simulator Training (Radar, Tower) များဖြင့် လေယာဥ်ထွက်ခွာသည်မှ စ၍ ဆင်းသက်သည်အထိ တနစ်တကျလေ့ကျင့်သင်ကြားပေးတာ ဖြစ်ပြီး အရေးပေါ်အခြေအနေများ (ဥပမာ- ရာသီဥတုဆိုးဝါးခြင်း၊ လေယာဉ်စက် ချွတ်ယွင်းခြင်း) ကို Simulator တွင် ဖန်တီးပေးထားပြီး ကျောင်းသားများ ဖြေရှင်းတတ်အောင် လေ့ကျင့်သင်ကြားပေးတာ ဖြစ်ပါတယ်။


Theoretical Training နှင့် Simulator Training လေ့ကျင့်မှုများ အောင်မြင်ပါက နိုင်ငံတကာ လေဆိပ်များရှိ Air Traffic Control Tower သို့ သွားရောက်ကာ အတွေ့အကြုံရှိ  Air Traffic Controller များနှင့်အတူ (On-the-Job Training – OJT) လက်တွဲလေ့ကျင့်သင်ယူရတာ ဖြစ်ပါတယ်။ 

▣ နိုင်ငံတကာတွင် Air Traffic Control ပညာရပ်များကို သင်ယူလိုသော ကျောင်းသူ ကျောင်းသားများအနေနဲ့ CROWN Education မှ အတွေ့အကြုံရှိ ပညာရေးအတိုင်ပင်ခံများမှ သင်ယူလျှောက်ထားနိုင်သော နိုင်ငံများ၊ လိုအပ်သော တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာလိုအပ်ချက်များ၊ ကျောင်းသားဗီဇာအခြေအနေများအတွက် အခမဲ့ တာဝန်ယူ ကူညီ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ မိဘများနှင့် ကျောင်းသူ ကျောင်းသားများအနေနဲ့ CROWN Education ၏ ပညာရေးဆိုင်ရာ ဆွေးနွေးအကြံပေးမှုများရယူနိုင်ရန် b.link/CrownMeet မှတဆင့် Free/Premium Consulting Appointment များရယူနိုင်ပါတယ်။

Book Appointment >