❝GED လက်မှတ်ဖြင့် ဆက်လက်သင်ကြားနိုင်သော နိုင်ငံတကာ ပညာရေးလမ်းကြောင်းများ ❞

Event Description
🎯GED လက်မှတ်နဲ့ ထိုင်းနှင့် အမေရိကန်နိုင်ငံများအပြင် ဘယ်နိုင်ငံမှာ ဆက်လက်ပညာသင်ယူနိုင်မလဲ..
🎯GED လက်မှတ်က အသက်အရွယ် ကန့်သတ်ချက်ရှိလား..
🎯GED ဖြေဆိုအောင်မြင်ပြီးထားရင် ACT/SAT ဆက်ပြင်သင့်လား..
🎯GED လက်မှတ်အပြင် IELTS/ DUOLINGO/ TOEFL ဘယ်ဟာပြင်ထားသင့်လဲ..ရမှတ်ဘယ်လောက်ရရှိထားရမလဲ..
🎯GED နဲ့တက္ကသိုလ်ကျောင်းဆက်လက်လျှောက်ထားမယ်ဆိုရင် နိုင်ငံအလိုက် ခန့်မှန်းခြေကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ.. စသည့်မေးခွန်းများအပြင် အမေးများဆုံးဖြစ်သည့်
🎯GED လက်မှတ်နဲ့ ပညာသင်ဆု လျှောက်ထားနိုင်လား.. နှင့်
🎯အမေရိကန်နိုင်ငံရှိ Community College များတက်ရောက်သင်ကြားလိုသူများအနေဖြင့် သတိပြုရန် အချက်များကို မန္တလေးမြို့ရှိကျောင်းသူ ကျောင်းသားများနှင့် မိဘများအတွက် ဖေဖော်ဝါရီ (၁၇) ရက်နေ့၊ နေ့လည် ( ၂ )နာရီအချိန်တွင် Ease Hotel Mandalay တွင် Seminar ပွဲလေးကျင်းပပြုလုပ်သွားဖြစ်သဖြင့် တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
တက်ရောက်သင့်သူများ
👉အနည်းဆုံးအသက် ၁၆ နှစ်ပြည့်ပြီး ပညာရေးလမ်းကြောင်းမဆုံးဖြတ်နိုင်သေးသော ကျောင်းသား လူငယ်များ။
👉GED Vs IGCSE ပြင်ဆင်ဖို့ ရွေးချယ်ရခက်နေသော ကျောင်းသူ ကျောင်းသားများ၊
👉တက္ကသိုလ်ပညာရေး တပိုင်းတစ ဖြစ်နေသော ကျောင်းသူ ကျောင်းသားများ၊