FAQs
ပညာရေးဆိုင်ရာ မကြာခဏမေးလေ့ရှိသည့်မေးခွန်းများ
ပညာရေးဆိုင်ရာ မကြာခဏမေးမြန်းလေ့ရှိသည့်မေးခွန်းများကို ဤကဏ္ဍတွင်လေ့လာဖတ်ရှု့နိုင်ပါသည်။ မိမိတို့မေးမြန်းလိုသည့်မေးခွန်းများကိုလည်း Form ဖြည့်၍ မေးမြန်းပါက ပြန်လည်ဖြေကြားပေးသွားပါမည်။
iGCSE Preparation
CIE နဲ့ Edexcel iGCSE တို့ကိုအရည်အသွေးပိုင်းအရ နိုင်ငံတကာတက္ကသိုလ်တွေရဲ့အသိအမှတ်ပြုမှုအပိုင်းမှာ သိသိသာသာကွဲပြားတာမရှိပါ။.ဘာသာရပ်ပိုင်းဆိုင်ရာသင်ယူမှုအပိုင်းမှာတော့ ကွဲပြားတာတွေရှိပါတယ်။ ဥပမာ CIE ရဲ့ အင်္ဂလိပ်စာဟာ Edexcel ထက်ပိုလွယ်ကူပြီး၊ သင်္ချာဘာသာမှာတော့ Edexcel ထက်ပိုခက်တယ်လို့ယူဆထားချက်တွေရှိပါတယ်။ နောက် Physics လိုဘာသာရပ်မျိုးတွေမှာCIE နဲ့ Edexcel တို့ကွာခြားချက််တစ််ချို့ရှိပါတယ််။ နောက် CIE ရဲ့ Physics နဲ့ Chemistry မှာခေါင်းစဉ်ရွေးချယ်ဖြေဆိုနိုင်မှုနဲ့ပတ်သက်ပြီးကွဲပြားမှုတစ်ချို့ရှိတယ်ဆိုပါတယ်။
.
နောက်တစ်ခုမေးကြတာက စင်ကာပူအစိုးရကျောင်းတွေလျောက်ဖို့ဆို CIE က Edexcel ထက်ပိုကောင်းတယ်ဆိုတာမှန်ပါသလား?.အဲဒီလိုပြောလို့မရပါဘူး။
ဘာကြောင့်လဲဆို စင်္ကာပူအစိုးရကျောင်း ပိုလီဝင်ခွင့်အတွက်ဦးစာပေးခေါ်ယူတဲ့ လက်မှတ်ကတော့ စင်္ကာပူအစိုးရတဲ့ Cambridge International Examination တို့ပူးပေါင်းကျင်းပစစ််ဆေးပြီးလက်မှတ်ထုတ်ပေးတဲ့ Singapore-Cambridge GCE ‘O’ ဆိုတာသီးသန့်ရှိလို့ပါ။ မြန်မာပြည်ကဖြေတဲ့ CIE လက်မှတ််နဲ့မတူပါဘူး။.နောက် CIE ရော Edexcel iGCSE ရော င်္စကာပူအစိုးရတက္ကသိုလ်တွေကို တိုက်ရိုက်လျောက်ခွင့်မရှိပါဘူး။ အထက်ကပြောခဲ့တဲ့ Singapore-Cambridge GCE”O” မှာအမှတ်အကောင်းဆုံးကလေးတွေဟာ အစိုးရ Junior ကောလိပ်တွေမှာ (၂)နှစ်ဆက်လက်တက်ရောက်ပြီးမှ Singapore-Cambridge GCE “A” စာမေးပွဲကိုထပ်မံဖြေဆိုကြရပါတယ်။အဲဒီရမှတ်တွေထဲက အကောာင်းဆုံးကျောင်းသားတွေကမှ NUS, NTU, SUTD, SMU စတဲ့ကျောင်းတွေကလက်ခံပါတယ်။ အဆင်ပြေကြပါစေ။
ကိုယ့်ပညာရေးဘက်ဂရောင်းကဘာလဲ၊ ဘယ်နိုင်ငံကိုသွားမှာလဲ၊ ဘယ်တက္ကသိုလ်လဲ၊ ဘယ်လို Subject လဲဆိုတာအရင်စဉ်းစားစဆုံးဖြတ်နိုင်ရင်၊ ဘာပြင်သင့်လဲ ဘယ်မှာပြင်ရမလဲဆိုတာ တိတိကျကျပေါ်လာပါတယ်။
(၁) ကိုယ်ကဒီမှာ ဆယ်တန်းမပြီးသေးဘူး၊ iGCSE မပြီးသေးဘူး၊ ပိုက်ဆံအကုန်အကျခံနိုင်ရင် UK/USA/Australia/Singapore/Canada လိုနိုင်ငံမျိုးတွေဆို သူ့တို့ High School ကသွားတက်လဲရတာပဲပြောရမယ်ဆိုရင်ပေါ့။ အဲဒီလိုသွားရင်မလိုအပ်ပဲ အပိုတွေကုန်ပြီးရှုပ်တာပေါ့ High School Location ရွေးတာ ဘတ်ဂျက်သက်သာတာရွေးတာစသဖြင့်။ အပိုကုန်တာပေါ့။
(၂) ဒါပေမဲ့ သက်သက်သာသာနဲ့ ဒီမှာ iGCSE(Grade 11) /GED (Grade 12)/ A Level/ USA Grade 12/ Canada Grade 12 ပြင်လို့ရနေတော့ပြင်ပြီးမှသွားတော့ အကုန်အကျသက်သာနိုင်ပါတယ်။ ဒီမှာ (၁၂)တန်းပြင်တဲ့အခါ အဲဒီ (၁၂)တန်းအမှတ်နဲ့ ကိုယ်ကြိုက်တဲ့နိုင်ငံ၊ တက္ကသိုလ်ကိုပြန်စဉ်းစားရွေးချယ်လျောက်ထားနိုင်ပါတယ်။
(၃) ထိုင်းအစိုးရကျောင်းလိုဟာမျိုးတွေ၊ Japan အစိုးရတက္ကသိုလ်တွေလျောက်မယ်ဆိုရင်တော့ ဟိုသွားပြီး High School ကနေပြင်ဖို့လမ်းကြောင်း မဖြောင့်တော့ပါဘူး။
(၅) ကိုယ်ဆီမှာ ဆယ်တန်း/GED ပြီးထားတယ်ဆို အဲဒါကိုလက်ခံတဲ့နိုင်ငံတက္ကသိုလ်တွေလျောက်လို့ရပြီပေါ့။ GCE A Level လုပ်စရာမလိုဘူးပေါ့။ GCE A Level ကိုပဲလက်ခံတဲ့ pathway/ နိုင်ငံတက္ကသိုလ်ကိုသွားချင်တာဆိုရင်တော့ သူတို့တောင်းတာပြင်ရတော့မဲ့သဘောပေါ့။
MBA-MSc သိကောင်းစရာများ
အမေရိကန်၊ သြစတြေလျနှင့် ကနေဒါနိုင်ငံတို့တွင် MBA/MS တက်ဖို့ ကိုယ့်ရဲ့ဘွဲ့ဟာ (4) နှစ်ဒီဂရီဖြစ်ရပါမယ်။ Grade Point of Average GPA ကိုလည်း ပျမ်းမျှ ၃.၅ လောက်တောင်းလေ့ရှိကြပါတယ်။ နည်းပြီးလက်ခံတာလည်းရှိတယ်။ အထူးသဖြင့် Rank အလယ်အလတ်နဲ့ နိမ့်တဲ့ တက္ကသိုလ်တွေဆိုရင်။
လမ်းကြောင်းတွေအနေနဲ့ဆိုရင်တော့
နာမည်ကြီးတက္ကသိုလ်တွေ ကို MBA လျောက်မယ်ဆိုရင်တော့ ကျောင်းပြီး အလုပ်အတွေ့အကြုံ (၂) နှစ်၊ (၅)နှစ်စသဖြင့် တက္ကသိုလ်ပေါ်မူတည်ပြီး အလုပ်အတွေ့အကြုံရှိဖို့လိုပါတယ်။ နောက်တစ်ခါ GRE (Graduate Record Exam)/ GMAT (Graduate Management Admission Test) စတဲ့ Test ရလာဒ်တွေ လည်း (အဲဒီစာမေးပွဲတွေ အကြောင်းအသေး စိတ်ကိုတော့ Google မှာကြည့်ရှုနိုင်ပါ တယ်။) ရလာဒ်တွေ ပါတင်ပြဖို့ လိုပါတယ်။ MS, Master of Science in Finance / Management လိုဘာသာရပ်မျိုးဆိုရင်တော့ အလုပ် အတွေ့ အကြုံမလိုတာတွေလည်းရှိပါတယ်။
ကြာမြင့်ချိန် တစ်နှစ်ခွဲကနေ နှစ်နှစ်အထိကြာမြင့်နိုင်ပါတယ်။ နာမည်ကြီး တက်က္ကသိုလ်တွေရဲ့ကုန်ကျစရိတ်က တစ်နှစ်ကို US$ 35000 ကနေ 45000 ခန့်အထိရှိပါတယ်။ ကျောင်းလခ နဲ့နေထိုင်စားသောက်စရိတ်ပေါင်းလိုက်ရင် တစ်နှစ်ခွဲ နှစ်နှစ်ကို မြန်မာငွေသိန်း ၁၈၀၀- ၂၀၀၀ ခန့်လောက်ကုန်ကျ တတ်ပါတယ်။ Ranking နိမ့်တဲ့ တက္ကသိုလ်တွေဆိုရင်တော့ (USA/Australia/Canada) သုံးနိုင်ငံလုံးမှာ စာသင်စရိတ်နဲ့ နေထိုင်စား သောက်စ ရိတ်ပေါင်း (၁)နှစ်ခွဲ (၂)နှစ်ကို သိန်း ၈၀၀ ကနေ ၁၂၀၀ ခန့်ကုန်ကျပါတယ်။
နာမည်ကြီးတက္ကသိုလ်တွေကိုလျောက်ထားချင်တယ်၊ တိုက်ရိုက်ဝင်ခွင့် မရနိုင်ဘူး၊ GRE-GMAT ရမှတ်တွေမရှိဘူးဆိုရင် Pre-Master ကနေစတက်ကြရပါတယ်။ Pre-Master မှာ GRE-GMAT တွေပြင်ဆင်ပေးပါတယ်။ ၆ လ- ၈ လ စသဖြင့်ကြာ မြင့်ပါတယ်။ Pre-Master အတွက်စာသင်စရိတ် US$ 12000/- ခန့်ကုန်ကျပြီး နောက်ထပ် နေထိုင်စားသောက်စ ရိတ်ပေါင်းရင် Pre-Master အတွက်ကိုပဲ သိန်း ၄၅၀-၅၀၀ ခန့်ကုန်ကျနိုင်ပါတယ်။ ပြီးတော့မှ နောက်ထပ် MBA/Master အတွက်ကုန်ကျစရိတ်ထပ်ပေါင်းရပါမယ်။
ဒါမှမဟုတ်ကိုယ့်မှာရှိ ထားတဲ့ ပညာရေးမှတ်တမ်း၊ အလုပ်အတွေ့အကြုံတွေနဲ့၊ ကုန်ကျစရိတ်အနည်းဆုံးMBA ကို ရှာတက်မယ်ဆို ရင်တော့ ကိုယ်ကြိုက်တဲ့တက္ကသိုလ်ရွေးတက်ဖို့ဖြစ်နိုင်ခြေနည်းပြီး၊ ကိုယ်တတ်နိုင်တဲ့ဘတ်ဂျက်၊ ပညာရေးအရလက်ခံနိုင်တဲ့ နိုင်ငံ၊တက္ကသိုလ်ကိုစဉ်းစားသင့်ပါတယ်။ ဥပမာအနေနဲ့ပေးရရင် အမေရိကန်မှာ Southern New Hampshire University လိုမျိုးဘတ်ဂျက်သက်သာပြီး GRE/GMAT မလိုတာအင်တာနက်ကရှာ လျောက်ဖို့ အကြံပေးပါတယ်။
Primary Secondary in Singapore
စင်္ကာပူနိုင်ငံမှာ Primary / Secondary အစိုးရကျောင်းများသို့ဝင်ခွင့်ရဖို့ အတွက် ကလေးများအသက်အရွယ်အလိုက် အစိုးရကျင်းပသော PSLE (Primary School Leaving Examination) နဲ့ Secondary အရွယ်များအတွက် AEIS (Admission Exercise for International Student) စာမေးပွဲများကို ကလေးအသက်အရွယ်လိုက်သတ်မှတ်ထားသည် အတန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး မြန်မာနိုင်ငံကျောင်းသားတွေဝင်ခွင့်ရရှိမှုအလွန်နည်းသွားလို့ဝင်ခွင့်နဲ့ပတ်သက်ရင်တော့အာမခံချက်မရှိပါဘူး။
CROWN Education အနေနဲ့ တော့လောလောဆယ် စင်္ကာပူနိုင်ငံမှာလာရောက်ဖွင့်လှစ်ထားတဲ့ International School များကိုပြောင်းရွှေ့စာသင်ဖို့အကူအညီပေးပါတယ်။
St Francis Methodist School, Canadian International School, Stamford American International School တို့ကိုပြောင်းရွှေ့ပညာသင်ကြားမယ်ဆိုရင် ကလေးအသက်အရွယ်နဲ့အတန်းအလိုက် S$ 19000- 25000- 40000 စသဖြင့် တစ်နှစ်စာပညာသင်ကြားစရိတ်ကုန်ကျပါတယ်။ နေစရိတ်စားစရိတ်အပြီးဆို တစ်နှစ် S$ 40000 ကနေ S$ 75000 အထိကုန်ကျစရိတ်ရှိပါတယ်။ ကလေးနဲ့အတူ အမေသို့မဟုတ် အဖွားတစ်ယောက်ယောက် အုပ်ထိမ်းသူအဖြစ်လိုက်ပါနိုင်ပါတယ်။ သူတို့အတွက် နောက်ထပ်ကုန်ကျစရိတ်တွေရှိနိုင်ပါတယ်။