Scholarships

မောင်အောင်ခေတ်ပိုင်  အနေနဲ့ CROWN Education ရဲ့ Higher Secondary School ဖြစ်တဲ့ Royal Academic Institute မှာ General Educational Development (GED) တက်ရောက်သင်ကြားခဲ့ပါတယ်။ အခုအခါ (၄) နှစ်စာ Full Scholarship ဖြင့် ထိုင်းနိုင်ငံရှိ ထိပ်တန်းအစိုးရတက္ကသိုလ် King Mongkut’s University of Technology North Bangkok (KMUTNB) တွင် B.Eng. Aerospace Engineering ဘာသာရပ်ဖြင့်လည်းကောင်း၊  King Mongkut’s University of Technology Thonburi နှင့် King Mongkut’s Institute of Technology Ladkrabang တို့တွင် တက္ကသိုလ်ပထမနှစ် တက်ရောက်သင်ကြားခွင့်ရရှိထားပြီးဖြစ်ပါတယ်။

ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Royal Academic Institute တွင် General Educational Development (GED) ကို အသက် (၁၆)နှစ်ပြည့်ပြီး ပညာရေးတစ်ပိုင်းတစ်စဖြစ်နေသူမည်သူမဆို၊ အထူးသဖြင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များ လျှောက်ထားချင်သူများ၊ ဂျပန် ပုဂ္ဂလိကတက္ကသိုလ်များတွင် တက်ရောက်သင်ကြားလိုသူများ (ကျောင်းသူ ကျောင်းသားများအနေဖြင့် အသက် ၁၈ နှစ် ပြည့်ထားရန် လိုအပ်ပါတယ်)၊ အမေရိကန်ပြည်ထောင်စု ကောလိပ်တက္ကသိုလ်တက်ရောက်လိုသူများ၊ စင်ကာပူ ပုဂ္ဂလိကကျောင်းလျှောက်ထားလိုသူများ GED လက်မှတ်ကိုပြင်ဆင်နိုင်ပြီး အချိန်အားဖြင့် (၄)လခွဲ ကြာမြင့်ပါတယ်။ GED Test များဖြေဆိုအောင်မြင်ပါက အဆိုပါလက်မှတ်ဖြင့် ပြည်ပတွင် ဆက်လက်ပညာသင်ယူနိုင်ပါတယ်။

Royal Academic Institute (RAI) တွင် GED တက်ရောက်သင်ကြားလိုသူများအနေဖြင့် RAI မှ စစ်ဆေးသော Royal Test ကို ဖြေဆိုအောင်မြင်ရန် လိုအပ်ပါတယ်။ Royal Test ဖြေဆိုအောင်မြင်ပါက ကျောင်းသူ ကျောင်းသားများအနေဖြင့် GED Online (သို့) In-Person အတန်းများကို နီးစပ်ရာ ရန်ကုန်နှင့် မန္တလေးမြို့ရှိ Royal Academic Institute တွင် တက်ရောက်သင်ယူနိုင်ပါတယ်။

Book Appointment >