Our Service
CROWN Education က ဘာလုပ်လဲ ဘယ်လိုဝန်ဆောင်မှုတွေ ပေးလဲ
- (၁၆) နှစ်အရွယ်ကစပြီး အသက် (၃၀) ကြား ကျောင်းသားလူငယ်တွေနိုင်ငံတကာမှာပညာသင်သွားဖို့ ဝန်ဆောင်မှုတွေပေးပါတယ်။ မြန်မာဆယ်တန်း မအောင်သေးတဲ့သူတွေ၊ iGCSE ပြင်ဆင်နေတဲ့ကျောင်းသားတွေ အတွက် Grade 12 ပြင်ဆင်တာ၊ ဆယ်တန်းအောင်ပြီးသား၊ iGCSE ဖြေပြီးသားကျောင်းသူကျောင်းသားတွေအတွက် Foundation ပြင်ဆင်ပေးတဲ့အတန်း၊ဝန်ဆောင်မှုတွေရှိပါတယ်။
“မြန်မာအစိုးရဆယ်တန်း၊ iGCSE မဖြေဆိုရသေးသူတွေနိုင်ငံခြားထွက်ဖို့အစီအစဉ်မရှိဘူးဆိုရင်"
-
မြန်မာဆယ်တန်းမဖြေဆိုရသေးဘူး၊ သို့မဟုတ် အစိုးရတက္ကသိုလ်တက်လက်စတန်းလန်းပညာရေးတစ်ပိုင်းတစ်စဖြစ်နေသူတွေ၊ နိုင်ငံခြားလည်းထွက်ဖို့ (ငွေကြေးကြောင့်ဖြစ်စေ အခြေအနေတစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊)အဆင်မပြေဘူးဆိုရင် iGCSE တို့ GCE A Level တို့ မပြင်သင့်ပါဘူး၊ ပြည်တွင်း Private University တွေမှာစုံစမ်းဖို့ အားပေးပါတယ်။ ABE/NCC/HND/ စတဲ့ UK Qualification Diploma တွေကိုစုံစမ်းတက်ရောက်ဖို့အကြံပေးပါတယ်။
“မြန်မာအစိုးရဆယ်တန်း၊ iGCSE မဖြေဆိုရသေးသူတွေနိုင်ငံခြားထွက်ဖို့အစီအစဉ်ရှိတယ်ဆိုရင်"
-
ဆယ်တန်းမဖြေဆိုရသေးဘူး၊ iGCSE မဖြေဆိုရသေးဘူး၊ (တက်နေသည်ဖြစ်စေ၊ မတက်ရောက်ရသေးသည်ဖြစ်စေ)နိုင်ငံခြားသွားဖို့အစီအစဉ်ရှိတယ်။ ကုန်ကျစရိတ်အသက်သာဆုံးနိုင်ငံတွေမှာပညာသင်သွားဖို့စိတ်ကူးရှိတယ်ဆိုရင် General Educationl Development Test (GED) ကိုဖြေပါ။
- GED အကြောင်းအသေးစိတ်ကို လေ့လာဖို့ ဤနေရာကိုနှိပ်ပါ။
“မြန်မာအစိုးရဆယ်တန်း၊ iGCSE မဖြေဆိုရသေးသူတွေဖြေဆိုထားသူတွေနိုင်ငံခြားထွက်ဖို့အစီအစဉ်ရှိတယ်ဆိုရင်"
- ဆယ်တန်းဖြေပြီးသွားပြီဖြစ်စေ၊ မဖြေရသေးသည်ဖြစ်စေ၊ နိုင်ငံခြားသွားဖို့အစီအစဉ်ရှိတယ်၊ ဘယ်နိုင်ငံသွားမယ်မှန်းမသိသေးဘူး၊ ဘယ်လိုဘာသာရပ်တွေစိတ်ဝင်စားမှန်းမသိသေးဘူးဆိုရင် ACT-GAC (အမေရိကန်ပြည်ထောင်စုမှ American College Test မှာ လက်မှတ်ပေးအပ်တဲ့ Global Assessment Certificate) USA Grade 12 ကိုအရင်လေ့လာထားပြီးတော့မှ နိုင်ငံခြားမှာပညာသင်ဖို့ CROWN Education တာဝန်ရှိသူတွေကနေပြီးတော့ သူတို့စိတ်ဝင်းမှု မိဘဘတ်ဂျက်တွေနဲ့သင့်တော်တဲ့နိုင်ငံ၊ တက္ကသိုလ်၊ကောလိပ်တွေကိုရွေးချယ်လျောက်ထားပေးပါတယ်။
- GED နဲ့ အခု ACT-GAC နဲ့ဘာကွာလဲဆို GED က အမေရိကန် ၁၂ တန်းနဲ့ ညီမျှတဲ့ ပညာရေးရှိလားဆိုတာကို စစ်ဆေးလက်မှတ်ထုတ်ပေးတဲ့ Test လက်မှတ်ဖြစ်ပါတယ်။ Singapore/Thia/USA နိုင်ငံတွေအတွက်အထူးသင့်တော်ပါတယ်။ GED သင်ပြီးရင် iGCSE သင်စရာမလိုပါ။ Foundation မလွတ်ပါ။ ACT-GAC ကတော့ Singapore/UK/Australia/USA (ဥပမာ State University of New York, Oswego) မှာ Foundation ပါလွတ်ပါတယ်။
- ACT -GAC အကြောင်းအသေးစိတ်ကိုလေ့လာဖို့ဤနေရာကိုနှိပ်ပါ။
“မြန်မာအစိုးရဆယ်တန်း၊ iGCSE မဖြေဆိုရသေးသူတွေဖြေဆိုထားသူတွေနိုင်ငံခြားကိုစကေားရှစ်နဲ့ထွက်ဖို့အစီအစဉ်ရှိတယ်ဆိုရင်"
- ထိုင်း၊စင်္ကာပူ၊ ဂျပန်၊အမေရိကန်နိုင်ငံတွေမှာ ပညသင်ဆုနဲ့ လေ့လာလို့ရအောင်လေ့ကျင့်သင်ကြားပေးပါတယ်။ ကျောင်းသူကျောင်သားတွေဘက်ကတော့ ပညာသင်ဆုရအောင် အမှတ်တွေကောင်းအောင်ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှအစွမ်းကုန်ကြိုးစားဖို့လိုပါတယ်။
- CROWN EDUCATION – ROYAL ACADEMIC INSTITUTE ရဲ့ Triple Award Program (TAP) ကို တစ်နှစ်ခွဲတက်ရောက်ပြီး၊ USA Grade 12 ပညာသင်ချိန် (၁၀)လ၊ ACT စာမေးပွဲနဲ့ GED စာမေးပွဲအတွက် နောက်ထပ် (၈)လအချိန်ပေးရပါမယ်။ USA Grade 12 GPA/ ACT ရမှတ်၊ GED ရမှတ်တွေနဲ့ ပညာသင်ဆုတွေလျောက်ပေးမှာဖြစ်ပါတယ်။
- ကျောင်းသူကျောင်သားတွေဘက်ကတော့ အမှတ်တွေကောင်းအောင်ကြိုးစားပေးဖို့လိုပါတယ်။
“ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေကိုမှပထမနှစ်တိုက်ရိုက်ဝင်ခွင့်ရလိုတဲ့ကျောင်းသူကျောင်းသားတွေအတွက်"
- မြန်မာဆယ်တန်းဖြေပြီးသွားပြီး အမှတ်တွေကောင်းတယ်၊ iGCSE ဖြေပြီးသွားပြီးအမှတ်တွေကောင်းတယ်၊ Australia, UK, Canada, Switzerland, USA မှာ Rank ကောင်းတဲ့ တက္ကသိုလ်တွေကိုပဲတက်ရောက်ပညာသင်ကြားလိုတယ်ဆိုရင်တော့ Canada အစိုးရက လက်မှတ်ချီးမြှင့်တဲ့ Ontario Secondary School Diploma (OSSD) ကိုလေ့လာပါ။ iGCSE ပြီးဆုံးထားတဲ့သူတွေ GCE A Level ဆက်ဖြေမယ်ဆို အချိန် (၂)နှစ်ခန့်ပေးရပါတယ်။ OSSD Qualificaiton(ကနေဒါ ၁၂ တန်း) ကို GCE A Level နဲ့အတူတူပဲ နိုင်ငံတကာမှာလက်ခံပါတယ်။ အချိန် ဆယ်လခန့်ပဲပေးရပါတယ်။ OSSD ကို Academic Background သိပ်မကောင်းတဲ့ကလေးတွေတော့ မစဉ်းစားသင့်ပါ။ စာလိုက်ရတာခက်ပါတယ်။
- OSSD လက်မှတ်အကြောင်းအသေးစိတ်ကိုဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ။
-
CROWN EDUCATION နဲ့ Royal Academic Institute မှာ Grade 12 တက်ရောက်ပြီး ကမ္ဘာနိုင်ငံအသီးသီးက တက္ကသိုလ်ကြီးတွေမှာ ပညာသင်ဆုတွေ၊ Foundation ကျော်ပြီး တက္ကသိုလ်ပထမနှစ်ကိုတိုက်ရိုက်တက်ရောက်နေတဲ့ ကျောင်းသူကျောင်သားတွေရဲ့အောင်မြင့်မှုအသီးသီးကိုလေ့လာဖို့ အောက်ကလင်ခ်တွေကတဆင့်ဖတ်ရှု့လေ့လာနိုင်ပါတယ်။
- လေ့လာရန် လင့်ခ်(၁)
- လေ့လာရန်လင့်ခ်(၂)
- လေ့လာရန်လင့်ခ်(၃)
CROWN ကို ဘယ်လို ဝန်ဆောင်ခ အခကြေးငွေတွေပေးဖို့လိုသလဲ
CROWN Education နဲ့ ချိတ်ဆက်ထားတဲ့ တက္ကသိုလ်ကောလိပ်တွေကို ကျောင်းလျောက်တာ ဗီဇာ လျောက်တာပေးတာတွေ အစအဆုံးတာဝန်ယူလုပ်ကိုင်ပေးပါတယ်။ အဲဒီအတွက် ဘယ်လိုဝန်ဆောင်ခ အခကြေးငွေတွေမှ တစ်စုံတစ်ရာပေဖို့မလိုအပ်ပါဘူး။ ဗီဇာကြေးကို သက်ဆိုင်ရာသံရုံးကိုတိုက်ရိုက်ပေးသွင်းရပါတယ်။ ကျောင်းလခကိုလည်း သက်ဆိုင်ရာကျောင်းကို တိုက်ရိုက်ပေးသွင်းရပါတယ်။ မပေးသွင်းလို့ အကူအညီတောင်းမှ CROWN က ကူညီပေးသွင်းပေးပါတယ်။
CROWN Education က ဘယ်နိုင်ငံတွေကို ဝန်ဆောင်မှုပေးလဲ
- Singapore
- UK
- USA
- Canada
- Switzerland
- Hungary
- Poland
- Czech Republic
- Japan
- Thai
နိုင်ငံတွေမှာ ကျောင်းတက်ဖို့ ဝန်ဆောင်မှုပေးပါတယ်။
CROWN Education နဲ့ ချိတ်ဆက်ပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်ရင် ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်မလဲ
နိုင်ငံတကာပညာသင်ဖို့စဉ်းစားရာတွင်အဓိကအားဖြင့် မိိဘများထောက်ပံ့ပေးနိုင်သည့်တစ်နှစ်စာကုန်ကျစရိတ်ပေါ်မူတည်ပြီး၊ တက္ကသိုလ် (၄)နှစ်သို့မဟုတ်(၅)နှစ်စာအတွက်စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်တွေနဲ့တွက်ချက်စဉ်းစားနိုင်ပါတယ်။ ခန့်မှန်းကျောင်းလခအပါအဝင်နေထိုင်စားသောက်စရိတ်ခန့်မှန်းးကိုအောက်တွင်ဖေါ်ပြလိုက်ပါတယ်။
အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိတဲ့တိုင်းပြည်တွေဆိုကုန်ကျစရိတ်တွေဟာ လုပ်နိုင်သလောက်ထပ်သက်သာနိုင်ပါတယ်။
1st Year (ကျပ်သိန်းပေါင်း) |
2nd Year (ကျပ်သိန်းပေါင်း) |
3rd Year (ကျပ်သိန်းပေါင်း) |
4th Year (ကျပ်သိန်းပေါင်း) |
TOTAL (ကျပ်သိန်းပေါင်း) |
အချိန်ပိုင်း အလုပ်လုပ်ခွင့် |
|
Thai |
၁၅၀-၂၀၀ |
၁၅၀-၂၀၀ |
၁၅၀-၂၀၀ |
၁၅၀-၂၀၀ |
၆၀၀-၈၀၀ |
မရှိ |
Singapore |
၃၅၀-၄၅၀ |
၃၅၀-၄၅၀ |
၃၅၀-၄၅၀ |
၁၀၀၀-၁၅၀၀ |
မရှိ |
|
USA |
၄၅၀-၆၅၀ |
၄၅၀-၆၅၀ |
၄၅၀-၆၅၀ |
၄၅၀-၆၅၀ |
၁၈၀၀-၂၆၀၀ |
ရှိသည် |
UK |
၅၅၀-၈၀၀ |
၅၅၀-၈၀၀ |
၅၅၀-၈၀၀ |
၅၅၀-၈၀၀ |
၂၂၀၀-၃၂၀၀ |
ရှိသည် |
Australia |
၆၅၀-၈၅၀ |
၆၅၀-၈၅၀ |
၆၅၀-၈၅၀ |
၆၅၀-၈၅၀ |
၂၆၀၀-၃၄၀၀ |
ရှိသည် |
Canada |
၅၀၀-၇၀၀ |
၅၀၀-၇၀၀ |
၅၀၀-၇၀၀ |
၅၀၀-၇၀၀ |
၂၀၀၀-၂၈၀၀ |
ရှိသည် |
Europe |
၂၅၀-၃၅၀ |
၂၅၀-၃၅၀ |
၂၅၀-၃၅၀ |
၂၅၀-၃၅၀ |
၁၀၀၀-၁၄၀၀ |
ရှိသည် |
Japan |
၃၅၀-၄၀၀ |
၃၅၀-၄၀၀ |
၃၅၀-၄၀၀ |
၃၅၀-၄၀၀ |
၁၄၀၀-၁၅၀၀ |
ရှိသည် |
CROWN Education နဲ့ ချိတ်ဆက်မထားတဲ့ကျောင်းတွေကို လျောက်ထားပေးပါလား
CROWN Education ရဲ့ သင်ကြားရေးစင်တာဖြစ်တဲ့ Royal Academic Institute မှာတက်ရောက်တဲ့ ကျောင်းသူကျောင်းသားတွေ၊ သူတို့ OSSD, ACT-GAC, GED ရမှတ်တွေအလိုက် သတ်မှတ်အရည်အတွက်အတိုင်းလျောက်ထားပေးတဲ့ဝန်ဆောင်မှု့ရှိပါတယ်။ အပြင်ကျောင်းသားတွေကိုတော့ CROWN Eduaction နဲ့မချိတ်ဆက်ထားတဲ့တက္ကသိုလ်လျောက်ထားခြင်းဝန်ဆောင်မှုမပေးပါ။