RAI Grade 12 Program

မောင်သော်ဇင်မျိုးသက် အနေနဲ့ CROWN Education ရဲ့ Higher Secondary School ဖြစ်တဲ့ Royal Academic Instituteမှာ RAI Grade 12 programကို ဆယ်လကြာ တက်ရောက်သင်ကြားခဲ့ပြီးနောက် ယူကေနိုင်ငံရှိ Russell Group အဖွဲ့ဝင်တက္ကသိုလ် Newcastle University နှင့် University of Portsmouth တွင် ကျောင်းဝင်ခွင့်ရရှိထားပြီး James Cook University, Singapore တွင် FOUNDATION (8)လ ကင်းလွတ်ခွင့်အပြင် Bachelor Degree 2 years Direct သင်ကြားခွင့်အတွက် 100% Scholarship ချီးမြှင့်ခြင်းခံထားထားခဲ့ပြီးဖြစ်ပါတယ်။ ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

RAI Grade 12 လက်မှတ်ဖြင့် အမေရိကန်ပြည်ထောင်စုအပါအဝင် သြစတြေးလျ၊ အင်္ဂလန်နိုင်ငံရှိတက္ကသိုလ်များတွင် Foundation Yearမလိုပဲ တက်ရောက်နိုင်မှာဖြစ်ပြီး၊ ကနေဒါအဆင့်မြင့်တက္ကသိုလ်တွေကိုပါ တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အခြားသော နိုင်ငံတကာရှိ Rankingမြင့် တက္ကသိုလ်များတွင်လည်း Medicine, Engineering, Business, IT, Science, Arts ဆက်စပ်ဘာသာရပ်များကို စိတ်တိုင်းကျ ဆက်လက်ရွေးချယ်တက်ရောက်နိုင်သည့်အပြင် ထူးချွန်ကျောင်းသူ၊ကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အရေးများ၊ပညာသင်ထောက်ပံ့ကြေးများလည်း (နိုင်ငံတကာမှ ဆေးကျောင်းများ မပါဝင်) ရှိပါသည်။

မြန်မာဆယ်တန်းနှင့် IGCSE ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူကျောင်းသားများအနေဖြင့် RAI Grade 12 Program ကို မြန်မာနိုင်ငံတွင် အချိန် (၁ဝ)လမှ အများဆုံး(၁)နှစ်သာ တက်ရောက်သင်ကြားရန်လိုအပ်ပါသည်။ 2025 အတွက် အသစ်ဖွင့်လှစ်မည့် RAI Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/ossd/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို 09 965-085-185, 09 885-085-185 (Viber) သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >