မြန်မာဆယ်တန်းအောင်မြင်ထားပြီး Asia Education-IT-Business Hubနိုင်ငံဖြစ်သလို (၂၄)နာရီလုံခြုံစိတ်ချရမှုအပြည့်ရှိတဲ့ စင်္ကာပူနိုင်ငံမှာ ပညာသင်ဆုနဲ့ သင်ယူခွင့်ရချင်တယ်ဆိုတဲ့ ကျောင်းသူ၊ကျောင်းသားတွေရှိမယ်ဆိုရင် အခုပို့စ်က အထောက်အကူဖြစ်စေမှာပါ။လတ်တလော ပူပူနွေးနွေး ထွက်ရှိထားတဲ့ ဆယ်တန်းရမှတ်မှာ (၆)ဘာသာပေါင်း (၃၇၅)မှတ်ကနေ (၄ဝဝ)ကြား ရရှိထားမယ်ဆိုရင် စင်္ကာပူနိုင်ငံ Kaplan Higher Education Academy (KHEA)မှာ (၁)နှစ်စာ ကျောင်းလခကင်းလွတ်ခွင့်နဲ့ တက်ရောက်သင်ကြားခွင့်ရရှိနိုင်တာဖြစ်ပါတယ်။အဆိုပါ KHEA Merit Scholarship 2021ကို Professional Business English Programme (PBEP)နှင့် Diploma Programများအတွက် ပေးအပ်သွားမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေနဲ့ “My Possibilities at Kaplan in Singapore” အကြောင်းအရာကို စာလုံးရေ (၃ဝဝ)အောက်ဖြင့် ၂ဝ၂၁ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားကြရမှာဖြစ်ပါတယ်။Kaplan Higher Education Academy (KHEA)မှာ လျှောက်ထားနိုင်တဲ့ Diploma Program, Bachelor Program, Master Programများအကြောင်း၊ KHEA Merit Scholarships 2021 နဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200, 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။
Releated Posts
မဆုမြတ်ဆန္ဒီ အနေနဲ့ CROWN Education ရဲ့ Higher Secondary School ဖြစ်တဲ့ Royal Academic Instituteမှာ RAI Grade 12 programကို ဆယ်လကြာ တက်ရောက်သင်ကြားခဲ့ပြီးနောက် ယ်သာလန်နိုင်ငံရှိ ထိပ်တန်းအစိုးရတက္ကသိုလ် University of Groningen တွင် Bachelor of Global Responsibility and Leadership ဘာသာရပ်အတွက် တစ်နှစ်လျှင် ပညာသင်ဆု EUR ...
မထက်ရွေဝင်းသန်းအနေနဲ့ CROWN Education ရဲ့ Higher Secondary School ဖြစ်တဲ့ Royal Academic Instituteမှာ RAI Grade 12 programကို ဆယ်လကြာ တက်ရောက်သင်ကြားခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်းအစိုးရတက္ကသိုလ်များဖြစ်သည့် ကနေဒါနိုင်ငံရှိ U15 အဖွဲ့ဝင် The University of British Columbia, University of Toronto, University of Waterloo, အမေရိကန်ထိပ်တန်းအစိုးရတက္ကသိုလ် University ...
▣ ကျောင်းသူ ကျောင်းသားများအနေဖြင့် နိုင်ငံတကာ တက္ကသိုလ်ကျောင်းတွေမှာ မေဂျာတွေကို ရွေးချယ်လျှောက်ထားသောအခါ ဘာသာရပ်နယ်ပယ်များ၏ ဆင်တူရိုးမှားသော အခေါ်အဝေါ်တူများ ရှိနိုင်သော်လည်း နယ်ပယ်တစ်ခုချင်းစီ၏ လေ့လာသင်ယူမှုများက ကွဲပြားနိုင်ပါတယ်။.▣ စိတ်ပညာဟာ ကျောင်းသားလူငယ်များအကြားမှာလည်း စိတ်ဝင်စားမှုနဲ့ လေ့လာသင်ယူမှုအများဆုံးထဲက ဘာသာရပ်မေဂျာတစ်ခုလည်းဖြစ်ပါတယ်။ စိတ်ပညာကိုလေ့လာသင်ယူနိုင်တဲ့ နယ်ပယ် ကဏ္ဍအသီးသီးမှ Psychology နဲ့ Psychiatry ကွဲပြားခြားနားမှုများကို ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ရပါတယ်။.Psychologyစိတ်ပညာလို့ လူသိများတဲ့ “Psychology” ဘာသာရပ်ကတော့ လူ့စိတ်၊ အပြုအမူ၊ စိတ်ခံစားမှုနှင့် ...