News

မြန်မာကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူဖို့ ရွေးချယ်ကြတဲ့အခါ ကျောင်း၊ ဘာသာရပ် စုံလင်စွာရွေးချယ်နိုင်ခြင်း၊ USA, UK, Canada, Australiaနိုင်ငံများတွင် သွားရောက်သင်ကြားခြင်းထက် ကုန်ကျစရိတ် သက်သာခြင်း၊ မြန်မာနိုင်ငံနှင့် နီးခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ဒီဂရီများကို ဗီဇာအခက်အခဲမရှိ အချိန်မီ လျှောက်ထားသင်ယူနိုင်ခြင်း စတဲ့ အချက်တွေကြောင့် 2022ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ပညာသင်ကြားဖို့ ပိုမိုစိတ်ဝင်စား ရွေးချယ်လာကြပါတယ်။

ထိုင်းနိုင်ငံပညာရေးစိတ်ဝင်စားသူတွေအတွက် အခုပို့စ်ကတဆင့် ❝ထိုင်းနိုင်ငံသို့ ပညာသင်သွားရောက်ရာတွင် အမေးများသောမေးခွန်းများ❞ သိရှိနိုင်ရန် ဖြေကြားပေးလိုက်ပါတယ်။

(၁) ထိုင်းနိုင်ငံမှာ ကျောင်းသွားတက်တော့မယ်ဆိုရင် ဘာတွေ လိုအပ်မလဲ၊ ဘာတွေပြင်ဆင်ထားရမလဲ။ ထိုင်းဘာသာစကား မဖြစ်မနေ သင်ထားဖို့လိုလား။
ထိုင်းနိုင်ငံမှာ ပညာသွားရောက်သင်ယူဖို့ဆုံးဖြတ်ထားပါက မိမိတက်ရောက်မယ့် Public / Private University နဲ့အတူ လျှောက်ထားမယ့် Facultyအလိုက် ကျောင်းဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်၊ တက်ရောက်ရမယ့် အချိန်ကာလ၊ စုစုပေါင်းကုန်ကျစရိတ် စတာတွေကို အရင်ထည့်သွင်းစဉ်းစား ပြင်ဆင်ရပါမယ်။ 

ကိုယ့်အနေနဲ့ ထိုင်းနိုင်ငံအတွင်းက Private University ဝင်ခွင့် လျှောက်ထားတာဖြစ်စေ၊ Public University လျှောက်ထားတာဖြစ်စေ English Proficiency (IELTS, TOEFL, PTE), Academic Documents, Passport တို့ကို မဖြစ်မနေ ကြိုတင်ပြင်ဆင်ထားကြဖို့လိုပါတယ်။

ကျောင်းစာသင်ကြားရေးအပိုင်းမှာ English ဘာသာစကားနဲ့ သင်ယူရမှာဖြစ်တာကြောင့် 4 Skills English (Intermediateနဲ့အထက်) အဓိကထား ပြင်ဆင်သွားဖို့လိုအပ်ပါတယ်။ ထိုင်းဘာသာစကားကိုတော့ Optional အဖြစ် သင်ယူထားနိုင်ပါတယ်။

(၂) ထိုင်းနိုင်ငံတွင်းက Public University  နဲ့ Private University ကွာခြားချက် ဘယ်လိုရှိလဲ။ အားသာချက် အားနည်းချက်။

နိုင်ငံအသီးသီးက Public University တွေအနေနဲ့ Private University ထက် Ranking ပိုမြင့်မားကြသလို ဝင်ခွင့်လက်ခံစဉ်းစားမှု တင်းကြပ်လေ့ရှိပါတယ်။ အစိုးရကျောင်းဖြစ်တာနဲ့အညီ Academic System, Curriculum တွေမှာ  ပိုမိုကောင်းမွန်ကြပြီး ရွေးချယ်သင်ယူစရာ ဘာသာရပ်/ Faculty ပိုစုံပါတယ်။

ထိုင်းနိုင်ငံက နာမည်ကြီး Public University တွေဖြစ်တဲ့ Chulalongkorn University, Thammasat University, Mahidol University နဲ့ Engineeringဘာသာရပ်သင်ကြားပို့ချမှုမှာ နာမည်ကြီးတဲ့ King Mongkut’s University of Technology Thonburi(KMUTT) ကျောင်းတွေမှာ တက်ရောက်ခွင့်ရဖို့ အတွက်ဆိုရင် လျှောက်ထားမယ့် ဘာသာရပ်အလိုက် SAT/ACT တို့ကိုပါ ဖြည့်စွက်ပြင်ဆင်ရတတ်ပါတယ်။ ဝင်ခွင့် သတ်မှတ်ချက်အလိုက် ပြင်ဆင်ရတဲ့အပိုင်း များတာကြောင့် intakeမတိုင်ခင် (၆) လခန့် ကြိုတင် ပြင်ဆင်လျှောက်ထားသင့်ပါတယ်။

(၃)ထိုင်းနိုင်ငံမှာ ကျောင်းသွားတက်ရင် ကုန်ကျစရိတ်ဘယ်လောက်လောက်ရှိမလဲ။ ဘွဲ့ရဖို့ အချိန်ဘယ်လောက်ပေးရမလဲ။ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ပညာသင်ကြားတဲ့အခါ နေထိုင်စားသောက်စရိတ် ကျောင်းလခအပါအဝင် (၁)နှစ်စာ ပျမ်းမျှ သိန်း (၂ဝဝ- ၂၅ဝ) ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ မိမိတို့လျှောက်ထားတဲ့ ဘာသာရပ်နဲ့ ကျောင်းအပေါ်မူတည်ပြီး ဘွဲ့ရရှိရန် ပျမ်းမျှ အချိန် ၄နှစ်မှ ၅နှစ်ကြာတက်ရောက်ဖို့ လိုအပ်ပါတယ်။

(၄) ထိုင်းနိုင်ငံမှာ Scholarship ရဖို့ဆိုရင် ဘာတွေပြင်ဆင်ထားရမလဲ။  Scholarship ရဖို့ ဘယ်အချက်တွေ ပြင်ထားရမလဲ။

သက်ဆိုင်ရာ Intake အလိုက် လျှောက်ထားသော နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားတွေထဲကမှ Academic Qualifications ထူးချွန်ကောင်းမွန်တဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ‌Child Dream Scholarship, Asean Maybank Scholarship စတဲ့ ပညာသင်ဆုအခွင့်အရေးပေးထားပါတယ်။

ထိုင်းနိုင်ငံတွင်းက Private Universityတွေဖြစ်တဲ့ Bangkok University (BUI), Rangsit University (RSU), Assumption University, Dusit Thani College, UTCC စတဲ့ကျောင်းတွေမှာလည်း ကျောင်းသူ၊ကျောင်းသားတွေရဲ့ ထူးချွန်မှုအလိုက် ကျောင်းလခအတွက် partial scholarship လျှောက်ထားခွင့် ပေးတတ်ကြပါတယ်။

ကိုယ့်အနေနဲ့ ဘာကြောင့် ပညာသင်ဆု လျှောက်ထားခြင်းဖြစ်တယ်ဆိုတာကို တိကျပြည့်စုံစွာ ဖော်ပြနိုင်ဖို့လိုသလို Interview (Skype/WhatsApp), IELTS/TOEFL/PTE Score ကောင်းမွန်ခြင်း, Academic records တွေမှာ သတ်မှတ်ထားသော လိုအပ်ချက်တွေပြည့်မီထားခြင်းအပြင် ကျောင်းစာပြင်ပ extra-curriculum activitiesတွေမှာ ဘယ်လောက်ထိပါဝင်ဆောင်ရွက်ဖူးတယ်ဆိုတဲ့အချက်ကလည်း ပညာသင်ဆုရရှိနိုင်ဖို့ အခွင့်အရေးများတတ်ပါတယ်။ 

(၅) ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့ တစ်နှစ်မှာ Intakeဘယ်နှစ်ခုရှိလဲ။ ဘယ်လောက် ကြိုတင်လျှောက်ထားသင့်လဲ။

ထိုင်းနိုင်ငံအတွင်းက တက္ကသိုလ်တွေမှာ August, January  ဆိုပြီး Main Intake (၂)ခု ရှိတတ်ပါတယ်။ Private ကျောင်းဝင်ခွင့်တွေအတွက် intakeမတိုင်ခင် (၂)လ ကြိုတင် လျှောက်ထားနိုင်ပါတယ်။  Public University တွေကိုတော့ (၆) လလောက် ကြိုတင် အချိန်ယူပြင်ဆင်လျှောက်ထားသင့်ပါတယ်။

(၆) ထိုင်းမှာ ကျောင်းတက်ရင်း အလုပ်လုပ်လို့ရလား။

အခုလက်ရှိ ထိုင်းနိုင်ငံအစိုးရရဲ့ ဉပဒေအရ ထိုင်းနိုင်ငံပြင်ပက လာရောက်ပညာသင်ယူကြတဲ့ ကျောင်းသူ ကျောင်းသားတွေကို ကျောင်းတက်နေတဲ့ ကာလအတွင်း Student Visa ကိုင်ဆောင်ပြီး Part Time/Full Time တရားဝင် အလုပ်လုပ်ကိုင်ခွင့် မပေးထားပါ။ ခြွင်းချက်အနေနဲ့ တချို့သော သက်ဆိုင်ရာကျောင်းတွေမှာ “Unpaid Internship” နဲ့ အလုပ်သင်အတွေ့အကြုံရယူနိုင်ပါတယ်။ ပညာသင်ယူမှုကာလ ပြီးဆုံးမှသာ တရားဝင် အလုပ်ရရှိဖို့ လျှောက်ထားနိုင်ပြီး Work Visa ဖြင့် ဆက်လက်နေထိုင်နိုင်ပါတယ်။  

(၇) CROWN Education အနေနဲ့ ထိုင်းနိုင်ငံက ဘယ်ကျောင်းတွေကို လျှောက်ထားပေးသလဲ။ Consultation အပါအဝင် ကျောင်းလျှောက်ထားပေးမှုတွေအတွက် Charges ဘယ်လိုယူလဲ။

CROWN Education မှ ရရှိနိုင်သော ဝန်ဆောင်မှုတွေနဲ့ နိုင်ငံအလိုက် ကုန်ကျစရိတ်တွေကို https://b.link/ourservice မှတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။ ထိုင်းနိုင်ငံအတွက် CROWN Educationနဲ့ ချိတ်ဆက်ထားတဲ့ Bangkok University International, UTCC, Stamford International University, Rangsit University, Assumption University (ABAC), Dusit Thani College, Raffles International College Bangkokနဲ့ Carnegie Mellon – CMKL│Thailand တက္ကသိုလ်တွေကို အခမဲ့ ကျောင်း+ဗီဇာလျှောက်ထားပေးပါတယ်။

[CROWN-RAI တွင် GED တက်ရောက်သင်ကြားထားပြီး ကျောင်းသူ၊ကျောင်းသားများအတွက် ထိုင်းနိုင်ငံက အစိုးရတက္ကသိုလ်များကို GED ရမှတ်အလိုက် အခမဲ့ ကူညီလျှောက်ထားပေးတဲ့ အထူးဝန်ဆောင်မှုများရှိပါတယ်]

CROWN Education မှ ကျောင်းသူ၊ကျောင်းသားများ၊ မိဘများအတွက် ပေးအပ်သော ဝန်ဆောင်မှု အားလုံးတို့သည် Free of Charges (FOC) ဖြစ်တာကြောင့် နိုင်ငံ၊ ကျောင်း၊ ဘာသာရပ် ဆွေးနွေးတိုင်ပင် ရွေးချယ်ခြင်း၊ ပညာရေးဆိုင်ရာ ဆွေးနွေးမှုအပါအဝင် ကျောင်းဝင်ခွင့် ဗီဇာလျှောက်ထားခြင်း အားလုံးအတွက် မည်သည့် ဝန်ဆောင်ခ၊ agency fees ပေးရန်မလိုအပ်ပါ။

ထိုင်းနိုင်ငံတွင် ပညာသင်ကြားရန် ရည်ရွယ်ထားသော မြန်မာကျောင်းသူ ကျောင်းသားများအနေနဲ့ မိမိနှင့်ကိုက်ညီသောပညာ‌ရေးလမ်းကြောင်းဆွေးနွေးမှုများပြုလုပ်နိုင်ရန် CROWN Education ဖုန်းနံပါတ်များ 09 88-111-01-22 (33) (44)သို့ Monday-Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို https://crown.edu.mm/appointment/ မှလည်း ဆွေးနွေးမှုများ ရယူနိုင်ပါတယ်။

Book Appointment >