News

မြန်မာကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူဖို့ ရွေးချယ်ကြတဲ့အခါ ကျောင်း၊ ဘာသာရပ် စုံလင်စွာရွေးချယ်နိုင်ခြင်း၊ ကျောင်းပြီးတဲ့အခါ ချက်ခြင်းပြန်လာရန်မလိုဘဲ ဆက်လက်နေထိုင်ခွင့်၊ အလုပ်ရှာဖွေခွင့်ကို အများဆုံး (၂)နှစ်အထိ လျှောက်ထားနိုင်ခြင်း၊ ကျောင်းတက်နေစဉ် သတ်မှတ်ချက်များအတိုင်း တရားဝင် အချိန်ပိုင်းအလုပ်မှတဆင့် အတွေ့အကြုံများစုဆောင်းနိုင်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ဒီဂရီများဖြစ်ခြင်း၊ ဗီဇာအခက်အခဲမရှိ အချိန်မီ လျှောက်ထားသင်ယူနိုင်ခြင်း စတဲ့ အချက်တွေကြောင့် ယူကေတက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့ ပိုမိုစိတ်ဝင်စား ရွေးချယ်လာကြပါတယ်။

UK ပညာရေးစိတ်ဝင်စားသူတွေအတွက် အခုပို့စ်ကတဆင့် ❝UK သို့ ပညာတော်သင်သွားရောက်ရာတွင် အမေးများသော မေးခွန်းများ❞ ကို သိရှိနိုင်ရန် ဖြေကြားပေးလိုက်ပါတယ်။

(1) UK တက္ကသိုလ်တွေအနေနဲ့ နိုင်ငံတကာကျောင်းသားတွေအကြား ဘယ်လိုနာမည်ကျော်ကြားသလဲ။ ဘယ်လိုဘာသာရပ်တွေနဲ့ အသွားများလဲ။

UK တက္ကသိုလ်တွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ Top ranked Universities List တွေအဖြစ် ဒုတိယအများဆုံးနေရာမှာ ရပ်တည်နေကြပါတယ်။ UKဘွဲ့ဒီဂရီတွေကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံခြင်း၊ အရည်အသွေးမြင့် ပညာရေးစနစ်ပိုင်ဆိုင်ထားခြင်း၊ သမိုင်းအစဉ်အဆက် ဂုဏ်သတင်းကြီးမားတဲ့ နိုင်ငံတစ်ခုဖြစ်ခြင်း အစရှိတဲ့အချက်တွေကြောင့် ကမ္ဘာ့နိုင်ငံအရပ်ရပ်က ကျောင်းသူ၊ကျောင်းသားတွေ နှစ်စဉ်လာရောက် ပညာသင်ယူကြပါတယ်။

အစဉ်အလာကြီးမားတဲ့ Russell Groupအဖွဲ့ဝင် တက္ကသိုလ်တွေသာမကဘဲ UKက တက္ကသိုလ်တွေမှာ Business/ Engineering/ Law/ Medical/ Social Sciences/ Media & Communications/ Science & Technology ဘာသာရပ်သင်ကြားပို့ချမှုတွေက နာမည်ကြီးပြီး နှစ်စဉ် နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ self-fundedဖြင့် သွားရောက်ပညာတော်သင်ကြားလျက်ရှိပါတယ်။ အသိအမှတ်ပြု ဘွဲ့တစ်ခုရရှိထားပြီး ထူးချွန်ကျောင်းသူ၊ကျောင်းသားတွေအတွက်ကိုလည်း နှစ်စဉ် Chevening Scholarshipရွေးချယ်ပေးအပ်လျက်ရှိပြီး Master Degree Programတွေကို အဆင်ပြေကောင်းမွန်စွာ လာရောက်သင်ကြားနိုင်ရန် ကူညီပေးလျက်ရှိပါတယ်။

(2) UKတက္ကသိုလ်တွေကို ပညာတော်သင်သွားရောက်ဖို့ ရွေးချယ်တော့မယ်ဆိုရင် ဘာတွေစပြင်ဆင်ထားဖို့ လိုအပ်သလဲ။

ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ မိမိတက်ရောက်အောင်မြင်ပြီးသော ပညာရေးမှတ်တမ်းများ (Academic Documents)၊ အမှတ်စာရင်း (Transcripts)၊ CV/ Resume၊ Letter of Recommendation နှင့် တစ်နှစ်အထက်သက်တမ်းရှိသော Passport တို့ကို စုံစုံလင်ဖြစ်အောင် စတင်ပြင်ဆင်ထားသင့်ပါတယ်။

သက်ဆိုင်ရာ intakeမတိုင်ခင် (၆)လခန့်အလိုမှ စတင်ကာ မိမိတို့ရရှိထားတဲ့ ပညာရေးဆိုင်ရာအချက်အလက်များနဲ့ ကိုက်ညီမှုရှိမယ့် ကျောင်း၊ ဘာသာရပ်တို့ကိုလည်း တိတိကျကျရွေးချယ်သင်ကြားနိုင်ရန်အတွက် UKပညာရေး နားလည်ကျွမ်းကျင်သည့် Education Consultantများနဲ့လည်း ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ မိမိပညာသင်ယူလိုတဲ့ ကျောင်းဝင်ခွင့်လိုအပ်ချက်အလိုက် English Proficiency Testအဖြစ် IELTS Academic/ IELTS UKVI Academic Band Score/ PTE/IELTS Indicator/ Duolingo result တစ်ခုနှင့် Bank Statement စတာတွေကိုလည်း ကြိုတင်ပြင်ဆင်နိုင်ပါတယ်။

(3) UKမှာ ပညာတော်သင်သွားရောက်ဖို့အတွက် တစ်နှစ်မှာ Intake ဘယ်နှစ်ကြိမ်ရှိလဲ။

များသောအားဖြင့် UKတက္ကသိုလ်တွေမှာ စာသင်နှစ်တစ်နှစ်အတွက် September, January, May Intake ဆိုပြီး (၃)မျိုးခွဲခြားနိုင်ပါတယ်။ သို့ရာတွင် May Intake မှာတော့ လက်ခံသင်ကြားပေးနိုင်တဲ့ ကျောင်း၊ ဘာသာရပ် နည်းပါးတတ်တာကို သတိပြုသင့်ပါတယ်။

UK ရဲ့ အဓိက Main Intake မှာ September ဖြစ်ပြီး ကျောင်း၊ ဘာသာရပ်အစုံကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ January Intake မှာတော့ September Intake တက်ရောက်ဖို့ မမီလိုက်တဲ့ကျောင်းသူ၊ကျောင်းသားတွေကို လက်ခံပေးတာဖြစ်တဲ့အတွက် ကျောင်းနဲ့ ဘာသာရပ်ရွေးချယ်မှုအပိုင်းမှာတော့ Main Intake လောက်မစုံလင်နိုင်ပါ။

(4) UK မှာ ကျောင်းသွားတက်ရင် ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲ။

UKမှာ self-funded ဖြင့် ပညာသင်ယူကြမယ့် မြန်မာကျောင်းသူ၊ကျောင်းသားတွေအတွက် သက်ဆိုင်ရာ University Foundation Program အပါအဝင် (၁)နှစ်လျှင် ကျောင်းလခအနေဖြင့် £13,000 ခန့်မှ £24,000 ခန့်နှင့် တစ်နှစ်စာ နေထိုင်စားသောက်စရိတ်အပြီးအစီး ပျမ်းမျှ £9,500 ခန့်ကုန်ကျနိုင်ပါတယ်။

(5) UK မှာ Undergraduate ဘွဲ့ကြို ပရိုဂရမ်တွေကို သွားရောက်ပညာသင်ယူမယ်ဆိုရင် ဘယ်လိုလမ်းကြောင်းတွေ ရှိသလဲ။ ‌

မြန်မာပညာရေး ဆယ်တန်း (သို့ ) IGCSE (Edexcel/ Cambridge) ဖြေဆိုအောင်မြင်ထားသူများအနေနဲ့ UKရှိ တက္ကသိုလ်များတွင် Foundation Programမှ စတင်တက်ရောက်သင်ယူနိုင်ပါတယ်။

ယခုအခါ မြန်မာဆယ်တန်း ပညာရေးလမ်း‌ကြောင်းကို ဆက်လက်မသွားတော့ဘဲ UKတွင် ဆက်လက်ပညာသင်ယူလိုသော ကျောင်းသားများအနေနဲ့ မိဘဆက်လက်ပံ့ပိုးပေးမည့် ဘတ်ဂျက်အနေအထား၊ သင်ယူမည့် ဘာသာရပ်၊ တက်ရောက်လိုသည့် ကျောင်းအပေါ်မူတည်ကာ IGCSE + GCE A Level ( သို့ ) American Grade 12 Program, Canada Grade 12 Program (OSSD) စတဲ့ ပညာရေးလမ်းကြောင်းများကိုပါ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

အဆိုပါပညာရေးလမ်းကြောင်းများသည် နိုင်ငံတကာ ဆယ့်နှစ်တန်းပညာရေးဖြစ်သည့်အတွက် UKရှိ တက္ကသိုလ်များ လျှောက်ထားရာတွင် Foundation Year တစ်နှစ်ပြန်တက်ရန် မလိုဘဲ တက္ကသိုလ်ပထမနှစ်သို့ တိုက်ရိုက်လျှောက်ထားသင်ယူနိုင်ပါတယ်။

ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ Private Universityများတွင် HND, NCC, Abe ဖြေဆိုအောင်မြင်ထားသော ကျောင်းသားများအနေနဲ့လည်း English Proficiency Test အဖြစ် IELTS/PTE/IELTS indicator/Duolingo တစ်ခုပြင်ဆင်ပြီး ယူကေရှိတက္ကသိုလ်များတွင် နောက်ဆုံး ၁နှစ် Top-Up တက်ရောက်သင်ယူပြီး Degreeအတွက် သင်ယူနိုင်ပါတယ်။ (အသေးစိတ်ကို သက်ဆိုင်ရာ Education Consultant နှင့်ဆွေးနွေးတိုင်ပင်ရန် အကြံပြုလိုပါတယ်။)

(6) UK မှာ Postgraduate ဘွဲ့လွန်တက်ရောက်သင်ယူနိုင်ရန်အတွက် ဘာတွေရှိထားဖို့လိုအပ်သလဲ။

UK Master Programများသည် ပုံမှန်အားဖြင့် အချိန် (၁) နှစ်သာကြာမြင့်ပြီး ကျောင်းအများစုသည် ဘွဲ့လွန် Master Degree Program တက်ရောက်လိုသော ကျောင်းသူ၊ကျောင်းသားများကို ၃နှစ်/၄နှစ်ဘွဲ့ဆိုင်ရာ Bachelor Degree နှင့် သတ်မှတ်ထားသော အလုပ်အတွေ့အကြုံအတွက် (၃) နှစ်စာ တောင်းခံတတ်ပါတယ်။ (လျှောက်ထားမယ့် ကျောင်း၊ဘာသာရပ်အလိုက် အလုပ်အတွေ့အကြုံ *mandatory တောင်းဆိုခြင်း သို့မဟုတ် optional ဖြစ်နိုင်ပါတယ်)

ကျောင်းလျှောက်ရာတွင် အလုပ်အတွေ့အကြုံအတွက် အထောက်ကူပြုစေမယ့် “Recommendation Letter” တို့ကို ကျောင်းဝင်ခွင့်မတိုင်ခင် ၆လခန့်အလိုမှ စတင်ကာ ကြိုတင်စုဆောင်းထားသင့်ပါတယ်။

(7) UKမှာ Scholarship ဘယ်လိုလျှောက်ထားနိုင်သလဲ။ ဘယ်ပညာရေး လမ်းကြောင်းက Scholarship ရနိုင်ဖို့ အခွင့်အရေးများသလဲ။

မြန်မာကျောင်းသားများအနေနဲ့ မှာ ပညာသင်သွားရောက်ဖို့ ဆုံးဖြတ်ရာမှာ UK Government မှ မြန်မာကျောင်းသား/သူများအတွက် ပေးအပ်တဲ့ “The Chevening Scholarship”, “Merit Partial Scholarship” တို့အပြင် သက်ဆိုင်ရာ UK တက္ကသိုလ်နှင့် ကျောင်းအလိုက်ပေးအပ်သော Scholarship သတင်းအချက်အလက်များကို ကြိုတင်လေ့လာပြီး သက်ဆိုင်ရာ Intake အမီ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Undergraduate ဘွဲ့ကြိုပရိုဂရမ်တွေကို တက်ရောက်သင်ကြားကြမယ့် မြန်မာကျောင်းသူ၊ကျောင်းသားများအနေဖြင့် American Grade 12 Program (GAC) သို့မဟုတ် OSSD Grade 12 တက်ရောက်သင်ကြားမှုတို့တွင် ထူးထူးချွန်ချွန်အောင်မြင်ထားပါက UKအပါအဝင် နိုင်ငံတကာအသီးသီးမှ Ranking မြင့် တက္ကသိုလ်များတွင် Foundation Year ကင်းလွတ်ခွင့်ရတဲ့အပြင် Scholarship ရရှိနိုင်ဖို့ အခွင့်အလမ်းများရှိပါတယ်။

ACT-GAC တက်ရောက်ပြီး နိုင်ငံတကာတွင် Scholarships ဖြင့် သင်ကြားခွင့်ရရှိထားသူများ – https://crown.edu.mm/category/news/act-gac-scholarships/

OSSD တက်ရောက်ပြီး နိုင်ငံတကာတွင် Full scholarships, Partial Scholarships တို့ဖြင့် သင်ကြားခွင့်ရရှိထားသူများ – https://crown.edu.mm/category/news/ossd-scholarships/

ခြွင်းချက်အနေဖြင့် UKအပါအဝင် နိုင်ငံတကာဆေးတက္ကသိုလ်များသည် ဆေးနှီးနွယ် Bachelor Degree Programများအတွက် Scholarship ပေးအပ်ခြင်းမရှိပါ။

(8) UK မှာ ကျောင်းတက်စဉ်ကာလအတွင်း အချိန်ပိုင်း အလုပ်လုပ်လို့ရနိုင်လား။ ကျောင်းပြီးတဲ့အခါ ကိုယ့်နိုင်ငံကို ချက်ခြင်း ပြန်လာရမလား။

UKရှိ Private Collegeများတွင် ပညာသင်ယူနေသော ကျောင်းသားများကို အချိန်ပိုင်း အလုပ်လုပ်ခွင့်မပြုပါ။ သို့ရာတွင် UK ရှိ အစိုးရတက္ကသိုလ်များတွင် ပညာသင်ယူကြသည့် နိုင်ငံတကာကျောင်းသားများအတွက် တစ်ပတ်လျှင် နာရီ (၂ဝ) တရားဝင် အချိန်ပိုင်းအလုပ်လုပ်ခွင့်ကို ခွင့်ပြုပေးထားသလို ကျောင်းပိတ်ရက်များတွင်လည်း အချိန်ပြည့်အလုပ်လုပ်နိုင်ခွင့်ရှိပါတယ်။

ကျောင်းတက်ရင်း အလုပ်လုပ်ကိုင်လိုတဲ့ ကျောင်းသားများအတွက် တက္ကသိုလ်ပထမနှစ်၊ ဒုတိယနှစ်တက်ရောက်သင်ကြားမှုပြီးတဲ့အခါ “Sandwich Year” Program (၁)နှစ် ရယူပြီး တက္ကသိုလ်နောက်ဆုံးနှစ်သို့ ပြန်လည်လျှောက်ထားနိုင်တဲ့အခွင့်အရေးလည်းရှိပါတယ်။ (မှတ်ချက်။ မိမိတို့ လျှောက်ထားမည့် ကျောင်းနှင့်ဘာသာရပ်အပေါ်မူတည်ကာ “Sandwich Year” ရှိ၊ မရှိ စုံစမ်းနိုင်ပါသည်)

UKမှာ ပညာတော်သင်သွားရောက်ကြတဲ့ နိုင်ငံတကာ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ ကျောင်းပြီး ဘွဲ့ရရှိတဲ့အခါ Post Study Work Visa ကို အများဆုံး ၂နှစ်အထိ လျှောက်ထားရရှိနိုင်ပြီး ဆက်လက်နေထိုင်ခွင့်နှင့်အတူ အလုပ်ဆက်လက်ရှာဖွေနိုင်ပါတယ်။ (အသေးစိတ်ကိုတော့ https://www.gov.uk/graduate-visa မှတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်)

(9) CROWN Education အနေနဲ့ UKက ဘယ်ကျောင်းတွေကို လျှောက်ထားပေးသလဲ။ Consultation အပါအဝင် ကျောင်းလျှောက်ထားပေးမှုတွေအတွက် Charges ဘယ်လိုယူလဲ။

CROWN Education မှ ရရှိနိုင်သော ဝန်ဆောင်မှုတွေနဲ့ နိုင်ငံအလိုက် ကုန်ကျစရိတ်တွေကို https://b.link/ourservice မှတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။ UKအတွက် Russell Groupအဖွဲ့ဝင် တက္ကသိုလ်တွေဖြစ်ကြတဲ့ University of Glasgow, University of Strathclyde, University of Sheffield, University of Leeds, Queens’ University of Belfast တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အပြင် CROWN Educationနဲ့ ချိတ်ဆက်ထားတဲ့ အခြားသော UK တက္ကသိုလ်တွေကိုလည်း အခမဲ့ ကျောင်း+ဗီဇာလျှောက်ထားပေးပါတယ်။

[CROWN-RAI တွင် ACT-GAC Grade 12 Programနှင့် OSSD Grade 11, Grade 12တက်ရောက်သင်ကြားထားပြီး ကျောင်းသူ၊ကျောင်းသားများအတွက် UKအပါအဝင် နိုင်ငံအသီးသီးရှိ Rankingမြင့် တက္ကသိုလ်များကို ထူးချွန်မှုအလိုက် ကျောင်း အခမဲ့ ကူညီလျှောက်ထားပေးတဲ့အပြင် ပညာသင်ဆုများကိုလည်း လျှောက်ထားပေးတဲ့ အထူးဝန်ဆောင်မှုများရှိပါတယ်]

CROWN Education မှ ကျောင်းသူ၊ကျောင်းသားများ၊ မိဘများအတွက် ပေးအပ်သော ဝန်ဆောင်မှု အားလုံးတို့သည် Free of Charges (FOC) ဖြစ်တာကြောင့် နိုင်ငံ၊ ကျောင်း၊ ဘာသာရပ် ဆွေးနွေးတိုင်ပင် ရွေးချယ်ခြင်း၊ ပညာရေးဆိုင်ရာ ဆွေးနွေးမှုအပါအဝင် ကျောင်းဝင်ခွင့် ဗီဇာလျှောက်ထားခြင်း အားလုံးအတွက် မည်သည့် ဝန်ဆောင်ခ၊ agency fees ပေးရန်မလိုအပ်ပါ။

UKတွင် ပညာတော်သင်သွားရောက်ရန် ရည်ရွယ်ထားသော မြန်မာကျောင်းသူ ကျောင်းသားများအနေနဲ့ မိမိနှင့်ကိုက်ညီသောပညာ‌ရေးလမ်းကြောင်းဆွေးနွေးမှုများပြုလုပ်နိုင်ရန် CROWN Education ဖုန်းနံပါတ်များ 09 88-111-01-22 (33) (44)သို့ Monday-Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို https://crown.edu.mm/appointment/ မှလည်း ဆွေးနွေးမှုများ ရယူနိုင်ပါတယ်။

Book Appointment >