News

University of Glasgow ဟာဆိုရင် UNESCO City of Music လို့ပင် တင်စားရတဲ့ Glasgow မြို့မှာယနေ့ထက်ထိ နှစ်ပေါင်း ကျော်တိုင်အောင် ခေတ်အဆက်ဆက် နာမည် သတင်းအစဉ်အလာကြီးမားတဲ့ Russell Group စာရင်းဝင် ကျောင်းတခု ဖြစ်ပါတယ်။

QS World University Rankings 2022 အရ “73”နေရာမှာ ရပ်တည်နေပြီး “The Complete University Guide 2022” အရ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ နဲ့ စီးပွားရေးဘာသာရပ်ဆိုင်ရာ စတဲ့ ဘာသာရပ်နယ်ပယ်များစွာမှာ Top (10) စာရင်းဝင်တဲ့ ကျောင်းကောင်းတခုဖြစ်တာကြောင့် UK အကောင်းဆုံးတက္ကသိုလ်တွေထဲကတစ်ခု လို့လည်း ဆိုနိုင်ပါတယ်။

လက်ရှိမှာ ကျောင်းသားပေါင်း (၃၃,ဝဝဝ) ကျော် ပညာသင်ယူလျက်ရှိတဲ့အထဲကမှ (၂၅) ရာခိုင်နှုန်းကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက ကျောင်းသူ၊ကျောင်းသားများ ဖြစ်ကြပါတယ်။

University of Glasgowမှာ ဘယ်လိုဘာသာရပ်တွေ သင်ယူနိုင်မလဲ။
-Medicine
-Nursing
-Social Policy
-Health
-Engineering
-Accounting & Finance
-Economics
-Computer Science
-Life Science
-Business
-Law စတဲ့ ဘာသာရပ်များကို သင်ယူလေ့လာနိုင်ပြီး ရွေးချယ်မှုတက်ရောက်မှုအများဆုံး ဘာသာရပ်တွေ ဖြစ်ကြပါတယ်။

University of Glasgow ရဲ့ သင်ကြားရေးဆိုင်ရာ အားသာချက်တွေက ဘာတွေလဲ။
Undergraduate တက်‌ရောက်မယ့် ကျောင်းသူ၊ကျောင်းသားများအတွက် “Flexible Degree” အခွင့်အရေးရရှိသင်ယူနိုင်တဲ့အပြင်

  • “MA, MA(SocSci), BSc နဲ့ MSci” ဘွဲ့ခေါင်းစဉ်များဖြင့် Single Honors Degree Path (သို့) MA Joint Honors Degree Path ရွေးချယ်သင်ယူနိုင်ခြင်း၊
  • Campus Research နှင့် သင်ကြားရေးဆိုင်ရာ အတွက် £1 billion အသုံးပြုထားတဲ့ ကြီးမားသော Library, Campus နှင့် Facilities များရရှိနိုင်ခြင်း၊
  • “Voted 4th most affordable student city (WhatUni 2019)”ရရှိထားသော နေစရိတ်သက်သက်သာသာ ပညာသင်ယူနိုင်သော UK ကျောင်းတခု ဖြစ်ခြင်းတို့အပြင်
  • ဘွဲ့ရရှိပြီးပါက UK Post Study Work Visa အရ (၂) နှစ်ဆက်လက် လျှောက်ထားခွင့်ရရှိခြင်းပါ ရရှိအုံးမှာ ဖြစ်ပါတယ်။
  • ဒါ့အပြင် ပညာရေးဆိုင်ရာ ထူးချွန်ကျောင်းသူ၊ကျောင်းသားတွေအတွက် University of Glasgowမှာ တစ်နှစ်လျှင် ပညာသင်ဆုပမာဏ £7000 ဖြင့် (၃)နှစ်စာ ပညာသင်ဆုပမာဏ စုစုပေါင်း အများဆုံး £ 21,000 သက်သာခွင့်ရနိုင်တဲ့ Undergraduate Excellence Scholarship အခွင့်အရေးလည်း ရရှိနိုင်ပါတယ်။

University of Glasgow မှာ Undergraduate / Postgraduate လျှောက်ထားချင်ရင် ဘာတွေလိုအပ်မလဲ။
1.ပညာ‌ရေးမှတ်တမ်း စာရွက်စာတမ်းများ – Undergraduate အတွက် မြန်မာဆယ်တန်းအမှတ်စာရင်း + အောင်လက်မှတ် (သို့) iGCSE Transcripts တို့ဖြင့် လျှောက်ထားရမှာဖြစ်ပြီး
2.Postgraduate ပရိုဂရမ်များအတွက် ဘွဲ့လက်မှတ်မိတ္တူ + အမှတ်စာရင်း Notary
3.IELTS (သို့) TOEFL Score
4.အနည်းဆုံး (၁) နှစ်သက်တမ်းကျန်ရှိသည့် Passport Copy

5.မိဘ Bank Statement စသည်တို့ကို https://crown.edu.mm/apply မှ တဆင့် အနီးဆုံး Intake အတွက် ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဆွေးနွေးအကြံပေးမှုများကို အသေးစိတ်ရယူလိုသော ကျောင်းသူ၊ကျောင်းသားများ၊ မိဘများအနေနှင့် 09 88-111-01-22/33/44နှင့် 09 885-085-185 (Viber) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပြီး https://b.link/appointments မှတဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Book Appointment >