ACT - GAC Program

မြန်မာဆယ်တန်းအောင်ပြီးတဲ့အချိန် နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့အတွက် နယ်က အသိမိတ်ဆွေတွေကတဆင့် ACT-GAC Program ညွှန်ပေးကြပါတယ်။ ဆရာဉီးအောင်ကျော်ဆန်းနဲ့ ညီမမိဘတွေ ဆွေးနွေးပြီး ACT-GAC Grade 12 program တက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ညီမက မြန်မာကျောင်းကလာတဲ့သူဖြစ်တာရယ်၊ နယ်ဘက်ကဆိုတော့ GAC စတက်တက်ချင်း Assignment, Assessment ရေးရတဲ့အပိုင်းတွေကို မရင်းနှီးသလို Englishစာမှာလည်း နည်းနည်း အားနည်းခဲ့ပါတယ်။ ဒါပေမယ့် GAC program သင်ကြားပို့ချပေးတဲ့ ဆရာ၊ ဆရာမတွေက အရမ်းကို စေတနာကောင်း၊ ဂရုစိုက်ပြီး supportive ဖြစ်တာကြောင့် စာသင်ကြားရေးအပြင် တခြားအရာတွေအတွက်ပါ အများကြီး အထောက်အကူဖြစ်စေခဲ့ပါတယ်။

ACT-GAC Grade 12 programတက်နေရင်း တဖက်မှာလည်း Goethe-Institut Myanmarရဲ့ Intensive Course B2ပြီးတဲ့အထိ တက်ခဲ့ပါတယ်။ ဆေးကျောင်းဆက်တက်ဖို့အတွက်ဆိုရင် OSSDနဲ့ လျှောက်တာက အဆင်ပြေတဲ့အပြင် Public Universityတွေရဲ့ Studienkollegကိုပါ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။

ညီမအနေနဲ့ M-Course | Preparatory Course – Studienkolleg Düsseldorfကို (၁)နှစ်တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီမှာ Intensive language program (၃)လ အရင်တက်ပြီး Preparation (၆)လ ဆက်တက်ရပါမယ်။  Studienkolleg ပြီးတာနဲ့ တက္ကသိုလ်ဝင်ခွင့်ဆက်လျှောက်ဖို့အတွက် Feststellungsprüfung (FSP) ဖြေရပါတယ်။ FSPမှာ ရတဲ့ resultအပေါ်မူတည်ပြီး ranking ကောင်းတဲ့ ဆေးကျောင်းဝင်ခွင့် ရ၊မရ သိနိုင်ပါတယ်။

ဆေးကျောင်းဝင်ခွင့်ရပြီဆိုရင် (၆)နှစ်လုံးကို ဂျာမန်စာနဲ့ပဲ သင်ရမှာပါ။ နောက်ဆုံးမှာ Internship ၃လ ဆင်းပြီးရင် licenseရပါတယ်။ ကျောင်းလျှောက်ဖို့ admission teamတွေကို ဆက်သွယ်ရတာ (၃)လကနေ (၆)လလောက်အထိ ကြာတတ်တဲ့အတွက် စိတ်ရှည်နိုင်ဖို့တော့ လိုပါတယ်။

ဂျာမဏီမှာ ကျောင်းသွားတက်တော့မယ်ဆိုရင် အရေးအကြီးဆုံးကတော့ ဂျာမန်ဘာသာစကား ကျွမ်းကျင်မှုရှိထားဖို့လိုပါတယ်။ အနည်းဆုံး B1လောက်ရှိမှ အစစအရာရာအဆင်ပြေနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်အနေနဲ့ ဆေးကျောင်းတက်တဲ့သူတွေလည်း တစ်ပါတ်ကို နာရီ (၂ဝ) တရားဝင် အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိပါတယ်။ တစ်နာရီကို 10Euroခန့်နဲ့ တစ်လကို ပျမ်းမျှ 800 Euroအထိရနိုင်ပါတယ်။ အခု ညီမသွားတက်မယ့် Stuttgart မြို့မှာဆိုရင်တော့ living expenses ကာမိနိုင်ပါတယ်။

Publicနဲ့ Privateကျောင်းတွေမှာ Feststellungsprüfung (FSP) ပြင်ပေးကြတာချင်းတူပေမယ့် Publicကျောင်းတွေမှာ တက်ခွင့်ရဖို့ဆိုရင် Entrance Examအရင် ဖြေရပါတယ်။ နောက်ပြီး Publicကျောင်းတွေမှာ အဆောင်ရှိတော့ လျှောက်ထားတဲ့ကျောင်းသားက ပိုများပါတယ်။ အကြောင်းကြောင်းကြောင့် စာမေးပွဲကျရှုံးခဲ့ရင် နောက်ထပ် အချိန် (၆)လ ပြန်စောင့်ပြီးမှ ဖြေခွင့်ရပါတယ်။ ညီမအနေနဲ့ကတော့ Private ကျောင်းတွေရဲ့ Studienkollegကတဆင့် Public ကျောင်းတွေကို ပြန်လျှောက်တာ ပိုသေချာမှုရှိတယ်လို့ မြင်မိပါတယ်။

Book Appointment >