မြန်မာစနစ်ဟောင်းဆယ်တန်းအောင်မြင်ထားသူများ iGCSE ဖြေဆိုထားသူများအနေဖြင့် နိုင်ငံတကာတွင်ပညာသင်ဖို့စဉ်းစားရာမှာအောက်ပါအချက်တွေကိုစနစ်တကျခေါင်းစဉ်အလိုက်စဉ်းစားဖို့အကြံပြုပါတယ်။

(၁) ဘတ်ဂျက်ပေါ်မူတည်၍စဉ်းစားခြင်း

နိုင်ငံတကာပညာသင်ဖို့စဉ်းစားရာတွင်အဓိကအားဖြင့် မိဘများထောက်ပံ့ပေးနိုင်သည့်တစ်နှစ်စာကုန်ကျစရိတ်ပေါ်မူတည်ပြီး၊ တက္ကသိုလ် (၄)နှစ်သို့မဟုတ်(၅)နှစ်စာအတွက်စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်တွေနဲ့တွက်ချက်စဉ်းစားနိုင်ပါတယ်။  ခန့်မှန်းကျောင်းလခအပါအဝင်နေထိုင်စားသောက်စရိတ်ခန့်မှန်းကိုအောက်တွင်​ဖော်ပြလိုက်ပါတယ်။ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိတဲ့တိုင်းပြည်တွေဆိုကုန်ကျစရိတ်တွေဟာ လုပ်နိုင်သလောက်ထပ်သက်သာနိုင်ပါတယ်။

 

1st Year

2nd Year

3rd Year

4th Year

TOTAL

အချိန်ပိုင်း

အလုပ်လုပ်ခွင့်

Thai (Baht) 305,000 – 540,000 305,000 – 540,000 305,000 – 540,000 305,000 – 540,000 1,220,000 – 2,160,000 မရှိ
Singapore (SGD) 25,000 – 45,000 25,000 – 45,000 25,000 – 45,000           – 75,000 – 135,000 မရှိ
USA (USD) 25,000 – 77,000 25,000 – 77,000 25,000 – 77,000 25,000 – 77,000 100,000 – 308,000 ရှိသည်
UK (GBP) 23,000 – 38,000 23,000 – 38,000 23,000 – 38,000 23,000 – 38,000 92,000 – 152,000 ရှိသည်
Australia (AUD) 37,000 – 75,000 37,000 – 75,000 37,000 – 75,000 37,000 – 75,000 148,000 – 300,000 ရှိသည်
Canada (CAD) 37,000 – 73,000  37,000 – 73,000  37,000 – 73,000  37,000 – 73,000 148,000 – 292,000 ရှိသည်
Switzerland (CHF)  27,350 – 36,500 27,350 – 36,500 27,350 – 36,500 27,350 – 36,500 109,400 – 146,000 ရှိသည်
Japan (JPY) 2,200,000 – 3,000,000 2,200,000 – 3,000,000 2,200,000 – 3,000,000 2,200,000 – 3,000,000 8,800,000 – 12,000,000 ရှိသည်

(၂) မိမိတို့သင်ယူမည့်ဘာသာရပ်ပေါ်မူတည်၍စဉ်းစားခြင်း

ဥပမာ ဆေးပညာသင်ယူမည်ဆိုရင် MBBS ဘွဲ့ရရှိဖို့အကောင်းဆုံးနဲ့ အသေချာဆုံးတိုင်းပြည်ကတော့ UK ပါ။ ကုန်ကျစရိတ်ကတော့များပါတယ်။ တစ်နှစ်သိန်း ၈၀၀-၁၀၀၀ ကြားကုန်ကျနိုင်ပြီး ၅-၆ နှစ်လောက်သင်ယူရပါတယ်။ သြစတြေးလျမှာလည်းရှိပါတယ်။ Pre-Med ကနေ Graduate Medical School ကို လျှောက်ကြတာပိုများတယ်။ ဝင်ခွင့်ခက်တယ်။ ကုန်ကျစရိတ် UK ထက်ပိုများနိုင်တယ်။ USA, Canada မှာလည်း Pre-Med ကနေသွားဖို့လမ်းကြောင်းတွေရှိပေမဲ့ မြန်မာကျောင်းသားတွေဝင်ခွင့်ရတာမရှိသလောက်ရှားတယ်။ Singapore, Thai, Japan, Korea မှာ Undergraduate Medical လက်ရှိအချိန်ထိ မြန်မာကျောင်းသားမရှိသေးပါ။

စီးပွားရေး၊ အိုင်တီ၊ အင်ဂျင်နီယာ၊ အာခီ၊ အနုပညာ၊ စတဲ့ပညာရပ်တွေကတော့ နိုင်ငံတော်တော်များများမှာရှိတယ်။ Pilot လိုကျောင်းမျိုးတွေက ဖိလစ်ပိုင်၊ မလေးရှား၊ အမေရိကန်မှာအတက်များကြတယ်။ (သတိပြုစရာက မြန်မာအစိုးရကျောင်းပြီး၊ IGCSE ပြီးကာစ အသက် ၁၇ နှစ်နှစ်လောက်ကျောင်းသားတွေ (၁၈)လလောက်၊ ပိုင်းလော့ ပရိုဂရမ်တက်ပြီး၊ Commercial ပိုင်းလော့လိုင်စင်ရဖို့ဆိုတာမျိုးဖြစ်ဖို့မလွယ်ဘူး။) လေယာဉ်အင်ဂျင်နီယာဘွဲ့ယူပြီး ပိုင်းလော့သင်တန်းကပိုဖြစ်နိုင်ခြေရှိတယ်။

အလုပ်အကိုင်အတွက် ဆို Nursing Diploma စင်္ကာပူအစိုးရက စကောလာနဲ့ခေါ်တာမျိုးတွေရှိတယ်။ PR အတွက်ဆိုရင်တော့ USA, Australia, Canada နိုင်ငံတွေကပိုကောင်းတယ်။ ဒါကဥပမာပေးတာပါ။ ကိုယ်တက်ချင်တဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီးအကောင်းဆုံးနိုင်ငံကိုစဉ်းစားနိုင်ဖို့ဥပမာပေးတာဖြစ်ပါတယ်။ ဥပဒေလိုဘာသာရပ်မျိုးဆိုရင် UK ကိုအဓိကထားစဉ်းစားဖို့လိုပါတယ်။ 

(၃) အလုပ်အကိုင်အခွင့်အရေးပေါ်မူတည်ဦးစားပေးစဉ်းစားခြင်း

အလုပ်အကိုင်ပေါ်မူတည်တယ်ဆိုတာ၊ ကျောင်းပြီးအလုပ်အကိုင်အခွင့်အရေး၊ ဒါမှမဟုတ် ကျောင်းပြီး ကိုယ်နိုင်ငံတန်းမပြန်ပဲ Post Study Work လျှောက်လို့ရတဲ့နိုင်ငံတွေကို၊ နိုင်ငံအလိုက်ဇယားနဲ့ခန့်မှန်းတက်ပြထားပါတယ်။

 

Easy to get

a JOB

Post

Study Work

Path to PR

Scholarships

Easy to Get Visa

Thai

★✰✰✰✰

✰✰✰✰✰

★★★★★

★★★✰✰

★★★★★

Singapore

★✰✰✰✰

✰✰✰✰✰

✰✰✰✰✰

★★✰✰✰

★★★✰✰

USA

★★★✰✰

★★★✰✰

★★★★★

★★★★★

★★★★★

UK

★★✰✰✰

★★★★★

★★✰✰✰

★★✰✰✰

★★★★★

Australia

★★★✰✰

★★★★★

★★★✰✰

★✰✰✰✰

★★★✰✰

Canada

★★★✰✰

★★★★★

★★★★★

✰✰✰✰✰

★✰✰✰✰

Europe

★✰✰✰✰

★✰✰✰✰

★✰✰✰✰

★★✰✰✰

★★★✰✰

(၄) မိမိတို့ပညာသင်ယူလို့သည့်နိုင်ငံကိုဦးစားပေးရွေးချယ်ခြင်း

 တစ်ခါတစ်လေ ကျောင်းသူကျောင်းသားလေးတွေရဲ့စိတ်ကူးစိတ်သန်းထဲမှာ သူတို့ပညာသွားသင်ချင်တဲ့ Dream Country ဆိုတာမျိုးရှိတတ်ပါတယ်။ ကနေဒါကိုပဲသွားချင်တယ်၊ အမေရိကန်ကိုသွားချင်တယ်၊ ဥရောပဘက်သွားချင်တယ်စသဖြင့်ပါ။ အဲဒီအခါ မိဘပံ့ပိုးနိုင်တဲ့ဘတ်ဂျက်၊ သူတို့အသက်အရွယ်ရင့်ကျက်မှုအလိုက် သင့်တော်တာလည်းရှိသလို့၊ သူတို့နားလည်အောင်ပြန်လည်စဉ်းစားရွေးချယ်ပေးရတာမျိုးလည်းရှိပါတယ်။

(၅) မိမိတို့ပညာရေးနောက်ခံအကြောင်းအရာများနှင့်လိုက်ဖက်သည့်နိုင်ငံရွေးချယ်ခြင်း

ဥပမာ မြန်မာနိုင်ငံမှာ HND, NCC, ABE လို ဒီပလိုမာတွေသင်ယူထားသူတွေအတွက် Singapore နဲ့ UK နှစ်နိုင်ငံကပဲ Top Up လို့ခေါ်တဲ့ နောက်ဆုံးနှစ်တစ်နှစ်ဆက်တက်ခွင့်ပေးပါတယ်။ မြန်မာအစိုးရကျောင်းကနေ စီးပွားရေး၊ အိုင်တိုင်၊ အင်ဂျင်နီယာဘာသာရပ်တွေသင်ယူထားသူတွေအတွက်လည်း၊ အဆိုပါနိုင်ငံနှစ်ခုမှာ exemption / ဘာသာရပ်ကင်းလွတ်ခွင့်၊ စာသင်နှစ်ကင်းလွတ်ခွင့်လျှောက်ရတာပိုအဆင်ပြေလို့ပါ။