အမေရိကန်၊သြစတြေးလျ၊ ကနေဒါ၊ စင်္ကာပူ၊ထိုင်း – MBA/MS

အမေရိကန်၊ သြစတြေလျနှင့် ကနေဒါနိုင်ငံတို့တွင်   MBA/MS တက်ဖို့ ကိုယ့်ရဲ့ဘွဲ့ဟာ (4) နှစ်ဒီဂရီဖြစ်ရပါမယ်။ Grade Point of Average GPA ကိုလည်း ပျမ်းမျှ ၃.၅ လောက်တောင်းလေ့ရှိကြပါတယ်။ သူ့နည်းပြီးလက်ခံတာ လည်းရှိတယ်။ အထူးသဖြင့် Rank အလယ်အလတ်နဲ့ Rank နိမ့်တဲ့ တက္ကသိုလ်တွေဆိုရင် GPA 2.6/3 လောက်ကိုလက်ခံပါတယ်။

နာမည်ကြီးတက္ကသိုလ်တွေ ကို MBA လျှောက်မယ်ဆိုရင်တော့ ကျောင်းပြီး အလုပ်အတွေ့အကြုံ () နှစ်၊ ()နှစ်စသဖြင့် တက္ကသိုလ်ပေါ်မူတည်ပြီး အလုပ်အတွေ့အကြုံရှိဖို့လိုပါတယ်။ နောက်တစ်ခါ GRE (Graduate Record Exam)/ GMAT (Graduate Management Admission Test) စတဲ့ Test ရလဒ်တွေပါတင်ပြဖို့ လိုပါတယ်။ MS, Master of Science in Finance / Management လိုဘာသာရပ်မျိုးဆိုရင်တော့ အလုပ် အတွေ့ အကြုံမလိုတာတွေလည်းရှိပါတယ်။

ဒါမှမဟုတ်ကိုယ့်မှာရှိ ထားတဲ့ ပညာရေးမှတ်တမ်း၊ အလုပ်အတွေ့အကြုံတွေနဲ့၊ ကုန်ကျစရိတ်အနည်းဆုံးMBA ကို ရှာတက်မယ်ဆို ရင်တော့ ကိုယ်ကြိုက်တဲ့တက္ကသိုလ်ရွေးတက်ဖို့ ဖြစ်နိုင်ခြေနည်းပြီး၊ ကိုယ်တတ်နိုင်တဲ့ဘတ်ဂျက်၊ ပညာရေးအရလက်ခံနိုင်တဲ့ နိုင်ငံ၊တက္ကသိုလ်ကိုစဉ်းစားသင့်ပါတယ်။  ဥပမာအနေနဲ့ပေးရရင် အမေရိကန်မှာ Southern New Hampshire University လိုမျိုးဘတ်ဂျက်သက်သာပြီး GRE/GMAT မလိုတာအင်တာနက်ကရှာ လျှောက်ဖို့ အကြံပေးပါတယ်။ 

MBA/MSc ကုန်ကျစရိတ်များ

ထူးခြားချက်အနေနဲ့ UK (အစိုးရတက္ကသိုလ်) နဲ့ စင်္ကာပူမှာ MBA တက်ရောက်မယ်ဆိုရင် တစ်နှစ်ခန့်သာကြာမြင့်နိုင်ပါတယ်။ (စင်္ကာပူအစိုးရကျောင်းတွေမှာတော့ တစ်နှစ်ခွဲခန့်ကြာမြင့်ပါတယ်။) စင်္ကာပူ ပုဂ္ဂလိကကျောင်းတွေမှာ တစ်နှစ်ကို သိန်း (၃၀၀) မှ (၆၀၀)ခန့်အထိရှိကြပါတယ်။ ပုံမှန် Ranking အဆင့်ရှိတဲ့ အင်္ဂလန်ကတက္ကသိုလ်ဆို ပေါင် ၁၅၀၀၀–၂၀၀၀၀ ခန့်စာသင်စရိတ်ရှိပါတယ်။ စင်္ကာပူနဲ့ UK MBA မှာစာသင်စရိတ်သိပ်မကွာဘူးလို့တောင်ပြောလို့ရပါတယ်။

သြစတြေလျ၊ကနေဒါ၊အမေရိကန် နာမည်ကြီး တက္ကသိုလ်တွေရဲ့MBA ကုန်ကျစရိတ်ဆိုရင် တစ်နှစ်ကို ၃၅၀၀၀ ဒေါ်လာခန့်အနည်းဆုံးရှိပါတယ်။ Singapore Management University က Executive MBA ဆိုရင်စာသင်စရိတ်ကြီးပဲ မြန်မာငွေ သိန်း (၁၃၀၀) ခန့်အထိရှိပါတယ်။ ကျောင်းလခ နဲ့နေထိုင်စားသောက်စရိတ်ပေါင်းလိုက်ရင် တစ်နှစ်ခွဲ နှစ်နှစ်ကို မြန်မာငွေသိန်း ၁၈၀၀၂၀၀၀ ခန့်လောက်ကုန်ကျ တတ်ပါတယ်။ Ranking မမြင့်တဲ့ တက္ကသိုလ်တွေဆိုရင်တော့ သြစတြေလျ၊ကနေဒါ၊အမေရိကန် သုံးနိုင်ငံလုံးမှာ စာသင်စရိတ် (၁)နှစ်ကို ၂၀၀၀၀ – ၂၅၀၀၀ ဒေါ်လာခန့် အနည်းဆုံးကုန်ကျပါတယ်။

အသက်သာဆုံးကတော့ ထိုင်းနိုင်ငံက MBA များပဲဖြစ်ပါတယ်။ တစ်နှစ်စာသင်စရိတ် Bangkok University မှာ သိန်း (၇၀)ခန့်နဲ့စာသင်နိုင်ပါတယ်။

MBA/MSc ဝင်ခွင့်

စင်္ကာပူ၊အင်္ဂလန်၊ထိုင်း နဲ့ ဥရောပနိုင်ငံတစ်ချို့က ပုံမှန်အဆင့် Ranking တက္ကသိုလ်တွေဆိုရင်တော့ လုပ်သက်အတွေ့အကြုံတစ်နှစ်လောက်၊ IELTS 6.5 နဲ့ဝင်ခွင့်လျောက်လို့ရပါတယ်။

နာမည်ကြီးတက္ကသိုလ်တွေကိုလျောက်ထားချင်တယ်၊ ဆိုရင်တော့ တက္ကသိုလ်အလိုက် လုပ်သင့်အတွေ့အကြုံ (၂)နှစ်ကနေ (၅)နှစ် (၈)နှစ်အထိတောင်းကြပါတယ်။ GRE (Graduate Record Exam)/ GMAT (Graduate Management Admission Test) အမှတ်တွေတောင်းပါတယ်။  Interview တွေလည်းဖြေရနိုင်ပါတယ်။  GRE-GMAT ရမှတ်တွေမရှိဘူးဆိုရင် Pre-Master ကနေစတက်ကြရပါတယ်။ Pre-Master မှာ GRE-GMAT တွေပြင်ဆင်ပေးပါတယ်။ ၆ လ၈ လ စသဖြင့်ကြာ မြင့်ပါတယ်။ Pre-Master အတွက်စာသင်စရိတ် US$ 12000/- ခန့်ကုန်ကျပြီး နောက်ထပ် နေထိုင်စားသောက်စ ရိတ်ပေါင်းရင် Pre-Master အတွက်ကိုပဲ သိန်း ၄၅၀၅၀၀ ခန့်ကုန်ကျနိုင်ပါတယ်။ ပြီးတော့မှ နောက်ထပ် MBA/Master အတွက်ကုန်ကျစရိတ်ထပ်ပေါင်းရပါမယ်။

MBA/MSc တက်ရောက်နိုင်သည့်နိုင်ငံများ

MBA ကိုတက်ရောက်ဖို့နိုင်ငံရွေးချယ်တဲ့အခါ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်အကိုင်အခွင့်အလမ်းများတဲ့နိုင်ငံတွေကိုရွေးချယ်သင့်သော်လည်း၊ အဲဒီလိုနိုင်ငံတွေဟာ ကုန်ကျစရိတ်နဲ့ ဗီဇာအတွက်တင်ပြရတဲ့အဆင့်၊စာရွက်စာတမ်းများပြားလွန်းတာကြောင့်၊ မိမိတို့ အဆင်ပြေတဲ့ဘတ်ဂျက်၊မိမိတို့ပညာရေးနောက်ခံနဲ့ ဝင်ခွင့်အဆင်ပြေတဲ့နိုင်ငံတွေကိုရွေးချယ်ရလေ့ရှိပါတယ်။

USA-Canada-Australia နိုင်ငံတွေဟာ ကုန်ကျစရိတ်မြင့်မားပြီး၊ အဆင့်မြင့်တက္ကသိုလ်တွေဆို ဝင်ခွင့်မှာလည်း GRE-GMAT, အလုပ်အတွေ့အကြုံ (တစ်ချို့တက္ကသိုလ်တွေ ဆို အလုပ်အတွေ့အကြုံဆိုရာမှာ သာမာန်အဆင့်မဟုတ်ပဲ Executive/Director အဆင့်အလုပ်အတွေ့အကြုံလို့တောင်းတာတွေတောင်ရှိပါတယ်။) တွေလိုအပ်လေ့ရှိပါတယ်။

ကုန်ကျစရိတ်သင့်တင့်ပြီးရွေးချယ်တာများတဲ့နိုင်ငံတွေကတော့ အင်္ဂလန်၊ စင်္ကာပူ၊ ထိုင်း၊ ဥရောပက ပိုလန်၊ ဖင်လန် စတဲ့နိုင်ငံတွေမှာကုန်ကျစရိတ်သင့်တင့်ကြပါတယ်။