မသင်းမြတ်လွင်အနေနဲ့ CROWN Educationရဲ့ Higher Secondary School ဖြစ်တဲ့ Royal Academic Instituteမှာ RAI Grade 12 programကို ဆယ်လကြာ တက်ရောက်သင်ကြားခဲ့ပါတယ်။
US News၏ ဖော်ပြချက်များအရ Poland National University Rank 7, Subject Ranking (Clinical Medicine)တွင် အဆင့် 452 အဖြစ် ရပ်တည်လျက်ရှိသည့် Wroclaw Medical University နှင့် Poland National University Rank 16, Subject Ranking (Clinical Medicine) တွင် အဆင့် 614 အဖြစ် ရပ်တည်လျက်ရှိသည့် Poznan University of Medical Sciences သာမက မလေးရှားနိုင်ငံရှိ International Medical University (IMU)တို့တွင် MBBS (General Medicine) ပထမနှစ်တိုက်ရိုက်ဝင်ခွင့် အသီးသီးရရှိထားသည့် ကျောင်းသူ မသင်းမြတ်လွင်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
RAI Grade 12 လက်မှတ်ဖြင့် အင်္ဂလန်နိုင်ငံရှိတက္ကသိုလ်များအပါအဝင် သြစတြေးလျ၊ စင်ကာပူနိုင်ငံတို့တွင် Foundation Yearမလိုပဲ တက်ရောက်နိုင်မှာဖြစ်ပြီး၊ ကနေဒါအဆင့်မြင့်တက္ကသိုလ်တွေကိုပါ တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အခြားသော နိုင်ငံတကာရှိ Rankingမြင့် တက္ကသိုလ်များတွင်လည်း Medicine, Engineering, Business, IT, Science, Arts ဆက်စပ်ဘာသာရပ်များကို စိတ်တိုင်းကျ ဆက်လက်ရွေးချယ်တက်ရောက်နိုင်သည့်အပြင် ထူးချွန်ကျောင်းသူ၊ကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အရေးများ၊ပညာသင်ထောက်ပံ့ကြေးများလည်း (နိုင်ငံတကာမှ ဆေးကျောင်းများ မပါဝင်) ရှိပါသည်။
မြန်မာဆယ်တန်းနှင့် IGCSE ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူကျောင်းသားများအနေဖြင့် RAI Grade 12 Program ကို မြန်မာနိုင်ငံတွင် အချိန် (၁ဝ)လမှ အများဆုံး(၁)နှစ်သာ တက်ရောက်သင်ကြားရန်လိုအပ်ပါသည်။ CROWN-RAIတွင် Canadian High School Diploma (OSSD) တက်ရောက်သင်ကြားပြီးစီးသည့် ကျောင်းသူ၊ကျောင်းသားများအား ပိုလန်နိုင်ငံရှိ အစိုးရဆေးကျောင်းများအပါအဝင်၊ ဟန်ဂေရီ၊ ယူကေ၊ သြစတြေးလျနှင့် ချက်ပြည်သူ့သမ္မတနိုင်ငံရှိ ဆေးကျောင်းများကို ထူးချွန်မှုအလိုက် ဝင်ခွင့်များ အကောင်းဆုံးကူညီလျှောက်ထားပေးလျက်ရှိပါသည်။
2022 အတွက် အသစ်ဖွင့်လှစ်မည့် RAI Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/ossd/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို 09 965-085-185, 09 885-085-185 (Viber) သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။