Advices

▣နိုင်ငံတကာမှာ ဆက်လက်ပညာသင်ယူလိုသည့် ကျောင်းသူ ကျောင်းသားများ အထူးသဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ ကောလိပ်၊ တက္ကသိုလ်များမှာ ကျောင်းဝင်ခွင့်ရရှိထားပြီး အနီးဆုံး Intake များသို့ သွားရောက်သင်ယူကြမယ့်သူများအတွက် ဆက်လက်ပြင်ဆင်ထားနိုင်ရန် ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ရပါတယ်။ (ကျောင်းသူ ကျောင်းသားများနှင့် မိဘများအနေဖြင့် အသေးစိတ် Pre-Departure Checklist  များနှင့်ပါတ်သက်၍ လိုအပ်ပါက ကျွမ်းကျင်သော ပညာရေးအတိုင်ပင်ခံများနှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။)


📋ပညာရေးဆိုင်ရာစာရွက်စာတမ်းများ
မိမိတက်ရောက်သင်ယူမည့် ကောလိပ်၊ တက္ကသိုလ်များမှ လက်ခံစာ၊ ပညာသင်ထောက်ခံစာမိတ္တူများ၊ ကျောင်းသား ID စသည့် ပညာရေးစာရွက်စာတမ်းများကို Digital Copy များဖြင့် သိမ်းဆည်းထားရန် လိုအပ်ပါတယ်။

📋ဗီဇာ နှင့် နေထိုင်ခွင့် လိုအပ်ချက်များ
ကျောင်းသူ ကျောင်းသားများအနေဖြင့် တရားဝင် ကျောင်းသားဗီဇာ၊ နေထိုင်ခွင့် တစ်ခုခု ရှိကြောင်း သေချာစေသော Digital Copy (သို့) Hard Copy အဖြစ် သိမ်းဆည်းထားရန် လိုအပ်ပါတယ်။

📋ကျန်းမာရေး အာမခံနှင့် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ
မိမိသွားရောက်သင်ယူမည့် နိုင်ငံတွင် မိမိ၏ ကျန်းမာရေး အာမခံ အကျုံးဝင်မှုကို အတည်နိုင်ရန် လိုအပ်ပြီး မိမိ မဖြစ်မနေ အသုံးပြုနေကြဖြစ်သည့် လိုအပ်သည့် ဆေးဝါးများ ထုတ်ပိုးယူဆောင်လာရန်၊  လိုအပ်ပါက Vaccination documents များ ယူဆောင်သွားရန်လိုအပ်ပါတယ်။ 

📋ငွေကြေးပြင်ဆင်မှု
နိုင်ငံတကာဘဏ်အကောင့် စီစဉ်ထားရန်နှင့် ကုန်ကျစရိတ်များအတွက် ဘတ်ဂျက်နှင့် ငွေလဲနှုန်းများကို နားလည်သိရှိထားရန် လိုအပ်လှပါတယ်။ ပိတ်ဆို့ထားသော ငွေလွှဲမှုများကို သတိပြုရှောင်ရှားနိုင်ရန် မိမိ အကောင့်ဖွင့်ထားသော ဘဏ်ကို အကြောင်းကြားထားနိုင်ရန် လိုအပ်ပါတယ်။။

📋 နေရာထိုင်ခင်းများအတွက် ကြိုတင်ပြင်ဆင်မှုများ 

ကျောင်းသူ ကျောင်းသားများအနေဖြင့် မိမိနေထိုင်မည့် နေရာထိုင်ခင်းနှင့် ပါတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ၊ Airport pickup များ၊ Transportation ရွေးချယ် အသုံးပြုမှုများအတွက် လိုအပ်သော သတင်းအချက်အလက်များနှင့် အစီစဉ်များပြုလုပ်ဆောင်ရွက်ထားရန်လိုအပ်လှပါတယ်။

▣ CROWN Education အနေဖြင့် ယူကေ၊ အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ နယ်သာလန်၊ ဟန်ဂေရီ၊ သြစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံ စသည့်နိုင်ငံများရှိ တက္ကသိုလ်များသို့ ကျောင်းလျှောက်ထားခြင်း၊ ဗီဇာလျှောက်ထားခြင်းများနှင့် ပညာရေးဝန်ဆောင်မှုများအတွက် ကူညီဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ 

.

▣ ကျောင်းသူ ကျောင်းသားများနှင့် မိဘများအနေဖြင့် One-to-One ပညာရေးဆွေးနွေးမှုများအတွက် b.link/CrownMeet မှတဆင့် နိုင်ငံအလိုက် Educational Counselor  များနှင့် Appointment ရယူမေးမြန်းနိုင်ပါတယ်။

Book Appointment >