News

❝Community College မဟုတ်သော အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကျောင်းများ အကြောင်း❞
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
🇺🇲အမေရိကန်ပြည်ထောင်စုတွင် ပညာသွားရောက်ရန် စဉ်းစားကြတဲ့အခါ မြန်မာကျောင်းသူ ကျောင်းသားများအနေဖြင့် အမေရိကန်နိုင်ငံရှိ Community College များကို ယခုအခါ အသိများလေ့ရှိကြပါတယ်။ Community College များဟာ College (၂) နှစ် နှင့် University (၂) နှစ် တက်ရောက်သင်ကြားရခြင်း၊ 4 Year Universities များသို့ မပြောင်းရွေ့သင်ကြားမီ ပညာရေးလိုအပ်ချက်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် သင်ယူနိုင်ခြင်း၊ Small Class Size များဖြင့် သင်ကြားခြင်းတို့ကြောင့် အမေရိကန်တက္ကသိုလ်ကျောင်းများသို့ တိုက်ရိုက် မလျှောက်ထားလိုသူများ အများဆုံးရွေးချယ်လေ့ရှိကြတာ ဖြစ်ပါတယ်။
.
🇺🇲College နှင့် University အခေါ်အဝေါ် ကွာခြားမှုသည့် အားလျော်စွာ Community College နှင့် ကွာခြားသော အမေရိကန်တက္ကသိုလ်ကျောင်းများနှင့်ပါတ်သက်၍ မြန်မာကျောင်းသူ ကျောင်းသားများ ဗဟုသုတရရှိရန် ရေးသားမျှဝေလိုက်ရပါတယ်။
.
🇺🇲ဘာသာရပ်ဆိုင်ရာ ပရိုဂရမ်များ၊ အထူးပြုဘာသာရပ်အများအပြား ရွေးချယ်သင်ယူနိုင်ခြင်း။
အမေရိကန်တက္ကသိုလ်ကျောင်းများဟာ Professional Career အတွက် လိုအပ်သည့် ဘာသာရပ်ဆိုင်ရာ ပရိုဂရမ်များနှင့် အထူးပြုမေဂျာ အများအပြားကို Undergraduate၊ Postgraduate အလိုက် ရွေးချယ်သင်ယူနိုင်တာဖြစ်ပြီး ကျောင်းသားများအနေဖြင့် Business, Engineering, Science, Liberal Arts စတဲ့ မတူညီသော နယ်ပယ်များစွာကို လေ့လာသင်ကြားနိုင်ပါတယ်။ အသက်မွေးဝမ်းကြောင်းအတွက် မိမိ အမှန်တကယ် စိတ်ဝင်စားသော နယ်ပယ်အလိုက် ဘာသာရပ်ရွေးချယ်မှုများကို သင်ကြားမှုအခွင့်အရေးရရှိနိုင်ပြီး ၄ နှစ် ဆက်တိုက် တက်ရောက်သင်ကြားရသော ဘွဲ့ဒီဂရီဖြစ်တာကြောင့် Community College မှ တဆင့် University သို့ Transfer Program များပြောင်းရွေ့သင်ယူနိုင်ရန်နှင့် ပညာရေးလိုအပ်ချက်များကို ပြင်ဆင်ဖြည့်ဆည်းနိုင်ရန် မလိုအပ်ဘဲ တိုက်ရိုက်သင်ယူလျှောက်ထားနိုင်ပါတယ်။ [Community College တွင် ဘာသာရပ်ပရိုဂရမ်များ အနည်းငယ်သာရှိနိုင်ပါတယ်။ ယေဘုယျကျသော ဘာသာရပ်အမျိုးအစားများသာရှိပြီး Associate Degree များကိုသာ ရရှိမှာ ဖြစ်ပါတယ်။ Community College များနှင့် ပါတ်သက်၍ https://crownedu.info/USCommunityCollege တွင် အသေးစိတ်လေ့လာနိုင်ပါတယ်။]
.
🇺🇲Campus Facilities များအပြင် သင်ကြားထောက်ပံ့မှုများ၊ Research Opportunities များ ပိုမိုရရှိနိုင်ခြင်း။
တက္ကသိုလ်ကျောင်းများဖြစ်သည့်အားလျော်စွာ နိုင်ငံတကာမှ ကျောင်းသူ ကျောင်းသားများအတွက် Campus Facilities ဖြစ်သည့် extracurricular activities၊ clubs၊ sports teams နှင့် cultural events စသည်တို့တွင် ပါဝင်နိုင်ခြင်း၊ သင်ကြားရေးအတွက် ထောက်အကူပြုစေသည့် Libaries၊ research centers၊ laboratories နှင့် career services စသည့်ရှိ သင်ကြားထောက်ပံမှုများ၊ Hand-on research projects များပြုလုပ်ရာတွင်လည်း တက္ကသိုလ်များမှ Professor များ၏ အကြံဉာဏ် လမ်းညွှန် ပံ့ပိုးကူညီမှုများကို အပြည့်အဝရရှိနိုင်တာဖြစ်ပါတယ်။
.
🇺🇲Networking နှင့် Alumni ချိတ်ဆက်မှုများဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ခြင်း။
တက္ကသိုလ်ကျောင်းများရှိ Alumini Networks များဟာ ကြီးမားကျယ်ပြန့်လျက်ရှိတာက University ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။ ထို့အပြင် Alumini Networks များနှင့် ဖြစ်စေ ပြင်ပလုပ်ငန်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဖြစ်စေ Internship အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပြီး တက္ကသိုလ်ကျောင်းများမှ အဆိုပါ Networking Activities များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိကြပါတယ်။
.
🇺🇲ကမ္ဘာထိပ်တန်း Ivy League အဖွဲ့ဝင်များအပါဝင် ထိပ်တန်းတက္ကသိုလ် အများအပြားရှိခြင်း။
အမေရိကန် တက္ကသိုလ်များဟာ ၎င်းတို့၏ ပညာရပ်ဆိုင်ရာ ထူးချွန်မှု၊ သုတေသန ပံ့ပိုးမှုများနှင့် ကမ္ဘာထိပ်တန်း Ivy League အဖွဲ့ဝင်တက္ကသိုလ်ကျောင်းများတည်ရှိရာနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအခါ မြန်မာ ကျောင်းသူ ကျောင်းသားများအနေဖြင့် နာမည်ကျော်ကြားသော ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်များနှင့်၊ ပညာသင်ဆုအခွင့်အလမ်းများ ပြင်ဆင်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။
.
🇺🇲ကျောင်းသူ ကျောင်းသားများနှင့် မိဘများအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ Community College များနှင့် တက္ကသိုလ်များတွင် သင်ယူလျှောက်ထားမှုများနှင့်ပါတ်သက်၍ b.link/CrownMeet မှတဆင့် Education Counselor နှင့် အသေးစိတ်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

Book Appointment >