Scholarships

▣ မစုလဲ့စိုးဝင်းအနေနဲ့ အမေရိကန်နိုင်ငံရှိ Adelphi University တွင် CROWN Education Mandalay မှတဆင့် ကျောင်းလျှောက်ထားခဲ့ရာ Master of Business Administration ဘာသာရပ်အတွက် ပညာသင်ဆု USD 2,000 Scholarship ချီးမြှင့်ခံရသည့် အတွက် CROWN Education မိသားစုမှာ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

▣ရှေ့ဆက်ရမယ့် ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေ ချောမွေ့ဖို့အတွက် CROWN EDUCATION မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

++++++++++++++

🇺🇸Adelphi University ကတော့ အမေရိကန်ပြည်ထောင်စုရှိ ခမ်းနားကြီးကျယ်လှတဲ့ New York မြို့မှာ တည်ရှိပါတယ်။ တစ်နှစ်ကို နိုင်ငံတကာမှ ကျောင်းသူ ကျောင်းသားပေါင်း (၈,၀၀၀) ကျော် လာရောက် ပညာသင်ကြားလျက်ရှိပါတယ်။ 2022-2023 U.S. News & World Report ဖော်ပြချက်အရ ငါးနှစ်ဆက်တိုက် Best College among national universities ရရှိထားသည့်အပြင် Adelphi University ဟာဆိုရင် ❝Best Value School❞ ၊❝Top Performer on Social Mobility❞ အဖြစ်ထင်ရှား ထင်ရှားကျော်ကြားတဲ့ တက္ကသိုလ်ကျောင်းတစ်ခု ဖြစ်ပါတယ်။

🇺🇸Adelphi University မှာ နိုင်ငံတကာကျောင်းသူ ကျောင်းသားများအတွက် Undergraduate နဲ့ Graduate Degree Programs များကို သင်ကြားပို့ချပေးလျက်ရှိပြီး ဂီတနဲ့ အနုပညာဘာသာရပ်များဖြစ်တဲ့ arts theatre, music, and dance ဘာသာရပ်တွေမှာ နာမည်ကြီးကျော်ကြားပါတယ်။ အဆိုပါ ဘာသာရပ်များအပြင် Liberal Arts and sciences, Business, Education, Nursing, Social Work, and Psychology တို့ကိုလည်း တက်ရောက်သင်ကြားမှုများကြပါတယ်။ U.S. News & World Report 2023 Rankings အရ Adelphi University ဟာဆိုရင် ❝Best Undergraduate Nursing Program (2023 and 2022)❞
❝Best Undergraduate Business Program (2023)❞ အဖြစ် ဖော်ပြခြင်းခံထားရတာ ဖြစ်ပါတယ်။

Book Appointment >