မဝင်းသက်ထားအောင်အနေနဲ့ CROWN Education ရဲ့ Higher Secondary School ဖြစ်တဲ့ RAI Learning Center မှာ American Grade 12 Program ကို (၁) နှစ်တက်ရောက်သင်ကြားခဲ့ပါတယ်။ American Grade 12 Program ဖြင့် သြစတြေးလျနိုင်ငံရှိ ထိပ်တန်းအစိုးရတက္ကသိုလ် Western Sydney University တွင် Civil Engineering ဘာသာရပ်အတွက် Foundation ကင်းလွတ်ခွင့်နှင့်အတူ တက္ကသိုလ်ပထမနှစ် တက်ရောက်သင်ကြားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရှေ့ဆက်ရမယ့် ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION & RAI Learning Center မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –
တက္ကသိုလ်ဝင်တန်း စနစ်သစ် (သို့မဟုတ်) IGCSE ပြီးမြောက်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် American Grade 12 တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-ဂျပန်-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊
အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊
တက္ကသိုလ်ဝင်တန်း စနစ်သစ် နှင့် IGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ ကျောင်းသားများအနေဖြင့်လည်း American Grade သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊
ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါတယ်။
ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။
နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊ ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် American Grade 12 Program အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။
2025/26 အတွက် အသစ်ဖွင့်လှစ်မည့် American Grade 12 Program နှင့်ပတ်သက်၍ https://crown.edu.mm/gac/ တွင် အသေးစိတ်ဝင်ရောက် လေ့လာနိုင်ပါတယ်။