ACT - GAC Program

Western Sydney University ကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့လဲ…
“ iGCSE ပြီးတော့ Australia မှာ Civil Engineering ဘာသာရပ်ကို တက်ဖို့ ကျာင်းတွေလိုက်ရွေးရင်းCROWN Education နဲ့ တိုင်ပင်ပြီး Western Sydney University ကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ”

Foundation Year ၁ နှစ် ကင်းလွတ်ခွင့်ရသွားတာက…
“သြစတြေးလျကို တိုက်ရိုက်သွားမယ်ဆို Foundation Year ကနေ စတက်ရမှာ ဖြစ်ပေမယ့် CROWN Education ရှိတဲ့ တခြားရွေးချယ် စရာတစ်ခုက သူတို့ရဲ့ American College Program ကို မြန်မာပြည်မှာ(၁နှစ်)တက်ပြီးမှ သွားတာပါ။ ဒါဆိုရင် Western Sydney University ရဲ့ Foundation Year တစ်နှစ်လုံးတက်စရာမလိုတော့ပါဘူး”

မြန်မာပြည်မှာ တက်လိုက်ရတဲ့ အကျိုးကျေးဇူး…
“သြစတြေးလျမှာ Foundation တက်မယ့်အစား ဒီမှာဘဲတက်လိုက်လို့ ကုန်ကျစရိတ် အများကြီးသက်သာသွားပါတယ်။ အမှတ်ကောင်းအောင် ကြိုးစားခဲ့လို့ Western Sydney University Campus မှာ ညီမတက်ချင်တဲ့Civil Engineeringဘာသာရဲ့ Year 1 ကိုတက်ရောက်နိုင်ခဲ့ပါပြီ။အဲ့တာအပြင် မြန်မာကျောင်းသားတွေ အားနည်းတတ်တဲ့ Reading & Writing Skills တွေ ကျွမ်းကျင်လာတယ်။ iGCSE တက်တုန်းကတောင်ဘာမှန်းမသိခဲ့ မသင်ခဲ့ရတဲ့ Referencing တွေ Plagiarism တွေကို သေချာ သိလာခဲ့ရပါတယ်။ ”

အခုလို American College Program မှတဆင့် Western Sydney University ရဲ့ Bachelor of Engineering (Civil) Year 1 ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိခဲ့တဲ့ မဝင့်သက်ထားအောင်အတွက် CROWN Education နှင့် Royal Academic Institute မှ အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဖော်ပြလိုက်ပါတယ်။

GAC Program ၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တဣသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်မှတဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

Book Appointment >