ACT - GAC Program

မြန်မာနိုင်ငံရှိ Royal Academic Institute သည် CROWN EDUCATION မှ ဖွင့်လှစ်ထားသော နိုင်ငံတကာအဆင့်မီ ဘာသာရပ်များကို သင်ကြားပေးနေသည့် ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ Royal Academic Institute (RAI) တွင် ဖွင့်လှစ်ထားသော American Grade (12) Program ACT – GAC မှ ကျောင်းသား မောင်ဝင်းတင့်ဦးသည် သြစတြေးလျနိုင်ငံရှိ Western Sydney University သို့ Foundation Year ကင်းလွတ်ခွင့်ဖြင့် ကျောင်းဝင်ခွင့် ရရှိခဲ့ကြသည်။ Foundation Year တစ်ခုလုံး တက်စရာ မလိုဘဲ ကျောင်းဝင်ခွင့် ရရှိခဲ့သည့်အပြင် scholarship AUD 2500 ပါ ရရှိခဲ့ကြပါသည်။ Western Sydney University သည် Sydney မြို့လည်တွင် တည်ရှိပြီး ကမ္ဘာ့အဆင့် Top 3% တွင် ပါဝင်သော ကျောင်းဖြစ်သည်။ အဆိုပါ တက္ကသိုလ်တွင် Business, Hospitality Management, Communications, Engineering, Health Science, IT အစရှိသော ဘာသာရပ်များကို လေ့လာသင်ယူနိုင် ပါသည်။

Royal Academic Institute (RAI) ဧ။် American Grade (12) Program ACT– GAC ကို တစ်နှစ်ကြာ တက်ရောက်သင်ကြားခဲ့ပြီးနောက် ရရှိလာသော အမှတ်များနှင့် IELTS ရမှတ်များပါ ပူးတွဲတင်ပြ လျှောက်ထားခဲ့ကြခြင်း ဖြစ်ပါသည်။ American Grade (12) Program ACT– GAC တွင် လေ့လာသင်ကြားခဲ့ရသော အတွေ့အကြုံများကိုလည်း ကျောင်းသား မောင်ဝင်းတင့်ဦးမှ ပြောပြခဲ့ပါသည်။

“ ကျွန်တော် GCE ‘O’ level ပြီးတော့ နိုင်ငံခြားတိုက်ရိုက်သွားမလား ဒီမှာထပ်ပြီး ပြင်ဆင်စရာလေးတွေ ပြင်ရင် ကောင်းမ လား စဉ်းစားပြီး ကိုယ့်မှာလည်း လိုအပ်တာတွေ များနေသေးတယ်ထင်တာနဲ့ RAI by CROWN Education ကဖွင့်တဲ့ ACT-GAC တစ်နှစ် program ကို တက်ဖြစ် ခဲ့ပါတယ်။ ACT- GAC တက်နေရင်းနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် တကယ် မဖြစ်မနေ ရှိရမယ့် Skills တွေ လေ့လာခဲ့ရတယ်။ Plagiarism ဘယ်လောက်အရေးကြီးလဲဆိုတာ သိလာရတယ်။ Project တွေ Presentation တွေ အများကြီးလုပ်ရတော့ ကျွန်တော့ Communication skills လည်း တိုးတက်လာတဲ့ အပြင် Time Management ကိုလည်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဆရာ၊ ဆရာမတွေ အပြင် သူငယ်ချင်း ကောင်း တွေ အများကြီးနဲ့ အမှတ်တရတွေအပြည့် ပျော်ခဲ့ရတယ်။ အချင်းချင်း ရိုင်းပင်း ကူညီ ကြတယ်။ ဒီ ACT- GAC ကို တက်ပြီးတော့မှ ကျွန်တော် ဘယ်ဘာသာကို သင်ယူသင့်လဲ သင်ယူချင်လဲဆိုတာကို သေချာ သိလာခဲ့ရတယ်။ ကျွန်တော် ACT- GAC ပြီးတော့ လျှောက်ထားလို့ရနိုင်တဲ့ ကျောင်းတွေက အရမ်းများတဲ့ အတွက် အချိန်သေချာယူပြီး လေ့လာခဲ့ ပါတယ်။ ACT-GAC တက်နေ ရင်းနဲ့လည်း အမြဲလို ပညာရေးနဲ့ ပတ်သတ်တဲ့ ဆွေးနွေးပွဲတွေကို ကျောင်းက စီစဉ်ပေးခဲ့လို့လည်း ကျောင်းရွေးချယ်ရ တာ ပိုလွယ်ခဲ့ပါတယ်။ ACT-GAC ကျောင်းသား ကျောင်းသူ အသစ်လေးတွေကို အကြံပေးချင်တာက ပျော်ပျော် ရွှင်ရွှင် ပညာသင်ကြားပါ။ Assignment တွေကိုလည်း အချိန်မီ ပုံမှန်လုပ်ပါ။ များများလေ့လာပါ။ GPA အမှတ် ကောင်းကောင်း ရအောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ ”

GAC Program၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တက္ကသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်ခ်မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Book Appointment >